သံမဏိစက်ရုံစီမံကိန်း(ပင်းပက်)နှင့်ပတ်သက်၍ ရုရှားအစိုးရမှ နစကကို ယူရို ၁ဝ ဒသမ ၅ သန်းတန်ဖိုးရှိ နည်းပညာအကူအညီပေးရန်ရှိ

 2603

မျိုးကြီး (NP News) - ဇွန် ၄
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းနှင့်ပတ်သက်၍ ရုရှားအစိုးရမှ ယူရို ၁ဝ ဒသမ ၅ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများပေးအပ်ရန်ရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် ၎င်းသံမဏိစက်ရုံစီမံကိန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ပြီးခဲ့သည့် ဧပြီလအတွင်းက ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစကက ဆိုသည်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးကြီးကြပ်ရန်ကော်မတီကို ဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဒေါက်တာချာလီသန်းက တာဝန်ယူမည်ဖြစ်ပြီး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များထဲတွင် စက်ရုံဝန်ထမ်းများအား နည်းပညာလွှဲပြောင်းပေးခြင်းနှင့် စာတွေ့၊ လက်တွေ့သင်တန်းအစီအ စဉ်အတွက် ရုရားအစိုးရမှ ကူညီထောက်ပံ့ရန် ကမ်းလှမ်းထားသော ယူရို ၁ဝ ဒသမ ၅ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများရရှိနိုင်ရေး ရုရှားအစိုးရထံတောင်းခံရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားသားပညာရှင်များနှင့်လိုအပ်နေသည့် စက်နှင့် စက် ပစ္စည်းများ အချိန်မီရောက်ရှိရေးဆောင်ရွက်ရန်နှင့် နိုင်ငံခြားသားပညာ ရှင်များ၏လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်လည်း ၎င်းကော်မ တီကို တာဝန်ပေးထားကြောင်း သိရသည်။

ဆက်လက်ပြီး ရုရှားဘက်မှ တောင်းဆိုထားသည့် ယုံကြည်စိတ်ချရသော သီးသန့်ဓာတ်အားလိုင်း(Reliable Power Supply (Independence Source) တစ်ခုရရှိနိုင်ရေး စီမံဆောင်ရွက်ရန်လည်း အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းပြန်လည်စတင်ဆောင်ရွက်နိုင်ရေးကြီးကြပ်ရန်ကော်မတီကို တာဝန်ပေးထားသည်။

ပြီးခဲ့သော မတ်လအတွင်းက စက်မှုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်၏ ကိုယ်စားလှယ်အဖွဲ့တို့ နေပြည် တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှလိုအပ်သည့် နည်းပညာအကူအညီများ၊ ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် စတင်အကောင်အ ထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက်အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။

စီမံကိန်းတစ်ခုလုံး၏ ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းထိပြီးစီးခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်ကကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

စီမံကိန်းတည်ဆောက်မှုရပ်ဆိုင်းထားသည်မှာ ၅ နှစ်နီးပါးကြာမြင့်လာပြီ ဖြစ်သည့်အတွက် နစကဘက်က စီမံကိန်းလုပ်ငန်းများကို ပြန်လည်စ တင်နေပြီး ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားကြောင်းသိရသည်။

https://npnewsmm.com/news/629b0e3928d64642ab5b1f28

zawgyi version
သံမဏိစက္႐ုံစီမံကိန္း(ပင္းပက္)ႏွင့္ပတ္သက္၍ ႐ုရွားအစိုးရမွ နစကကို ယူ႐ို ၁ဝ ဒသမ ၅ သန္းတန္ဖိုးရွိ နည္းပညာအကူအညီေပးရန္ရွိ
မ်ိဳးႀကီး (NP News) - ဇြန္ ၄

အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)စီမံကိန္းႏွင့္ပတ္သက္၍ ႐ုရွားအစိုးရမွ ယူ႐ို ၁ဝ ဒသမ ၅ သန္းတန္ဖိုးရွိ နည္းပညာအကူအညီမ်ားေပးအပ္ရန္ရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ၎သံမဏိစက္႐ုံစီမံကိန္း ျပန္လည္စတင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ႀကီးၾကပ္ရန္ေကာ္မတီကို ၿပီးခဲ့သည့္ ဧၿပီလအတြင္းက ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း နစကက ဆိုသည္။

အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)စီမံကိန္း ျပန္လည္စတင္ေဆာင္႐ြက္ႏိုင္ေရးႀကီးၾကပ္ရန္ေကာ္မတီကို ဥကၠ႒အျဖစ္ စက္မႈဝန္ႀကီးေဒါက္တာခ်ာလီသန္းက တာဝန္ယူမည္ျဖစ္ၿပီး ဥကၠ႒အပါအဝင္ အဖြဲ႕ဝင္(၁၃)ဦးျဖင့္ ဖြဲ႕စည္းထားေၾကာင္း သိရသည္။

အဆိုပါေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ားထဲတြင္ စက္႐ုံဝန္ထမ္းမ်ားအား နည္းပညာလႊဲေျပာင္းေပးျခင္းႏွင့္ စာေတြ႕၊ လက္ေတြ႕သင္တန္းအစီအ စဥ္အတြက္ ႐ုရားအစိုးရမွ ကူညီေထာက္ပံ့ရန္ ကမ္းလွမ္းထားေသာ ယူ႐ို ၁ဝ ဒသမ ၅ သန္းတန္ဖိုးရွိ နည္းပညာအကူအညီမ်ားရရွိႏိုင္ေရး ႐ုရွားအစိုးရထံေတာင္းခံရန္ တာဝန္ေပးအပ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံျခားသားပညာရွင္မ်ားႏွင့္လိုအပ္ေနသည့္ စက္ႏွင့္ စက္ ပစၥည္းမ်ား အခ်ိန္မီေရာက္ရွိေရးေဆာင္႐ြက္ရန္ႏွင့္ ႏိုင္ငံျခားသားပညာ ရွင္မ်ား၏လုံၿခဳံေရးအတြက္ စီစဥ္ေဆာင္႐ြက္ေပးရန္လည္း ၎ေကာ္မ တီကို တာဝန္ေပးထားေၾကာင္း သိရသည္။

ဆက္လက္ၿပီး ႐ုရွားဘက္မွ ေတာင္းဆိုထားသည့္ ယုံၾကည္စိတ္ခ်ရေသာ သီးသန႔္ဓာတ္အားလိုင္း(Reliable Power Supply (Independence Source) တစ္ခုရရွိႏိုင္ေရး စီမံေဆာင္႐ြက္ရန္လည္း အမွတ္(၂)သံမဏိစက္႐ုံ (ပင္းပက္) စီမံကိန္းျပန္လည္စတင္ေဆာင္႐ြက္ႏိုင္ေရးႀကီးၾကပ္ရန္ေကာ္မတီကို တာဝန္ေပးထားသည္။

ၿပီးခဲ့ေသာ မတ္လအတြင္းက စက္မႈဝန္ႀကီးေဒါက္တာခ်ာလီသန္းႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္၏ ကိုယ္စားလွယ္အဖြဲ႕တို႔ ေနျပည္ ေတာ္တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)အား အျမန္ဆုံးျပန္လည္ လည္ပတ္ႏိုင္ေရးအတြက္ ႐ုရွားႏိုင္ငံမွလိုအပ္သည့္ နည္းပညာအကူအညီမ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ား ပံ့ပိုးေပးႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။

အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)စီမံကိန္းကို ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ Tyazhpromexport (TPE) ႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းတို႔ ပူးေပါင္း၍ ၂ဝဝ၆ ခုႏွစ္ စက္တင္ဘာလ ၅ ရက္တြင္ စတင္အေကာင္အ ထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး ၂ဝ၁၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္တြင္ စက္မႈဝန္ႀကီးဌာနသို႔ လႊဲေျပာင္း၍ ဆက္လက္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္းသိရသည္။

စီမံကိန္းတစ္ခုလုံး၏ ၉၈ ဒသမ ၈၆ ရာခိုင္ႏႈန္းထိၿပီးစီးခဲ့ေသာ္လည္း ၂ဝ၁၇ ခုႏွစ္ကက်င္းပခဲ့ေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးက ဆက္လက္ေဆာင္႐ြက္ျခင္းမျပဳရန္ ဆုံးျဖတ္ခဲ့သည္။

စီမံကိန္းတည္ေဆာက္မႈရပ္ဆိုင္းထားသည္မွာ ၅ ႏွစ္နီးပါးၾကာျမင့္လာၿပီ ျဖစ္သည့္အတြက္ နစကဘက္က စီမံကိန္းလုပ္ငန္းမ်ားကို ျပန္လည္စ တင္ေနၿပီး ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္တြင္ စတင္လည္ပတ္ထုတ္လုပ္ႏိုင္ရန္ရည္မွန္းထားေၾကာင္းသိရသည္။

https://npnewsmm.com/news/629b0e3928d64642ab5b1f28

Related news

© 2021. All rights reserved.