အလုပ်ရှင်ထံ ၁၃ နှစ်ကြာ အိမ်ဖော်အဖြစ် လုပ်ခလစာမရရှိဘဲ ပိတ်လှောင်ခံခဲ့ရသူအတွက် တရားစွဲဆိုနိုင်မည့်ရက်ကို စောင့်ဆိုင်းနေရဟုဆို

 1524

ဟိန်း (NP News) - ဇွန် ၆
ထိုင်းနိုင်ငံတွင် အလုပ်ရှင်ထံ ၁၃ နှစ်ကြာ အိမ်ဖော်အဖြစ် လုပ်ခလစာမရရှိဘဲ ပိတ်လှောင်ခံခဲ့ရသူအတွက် တရားစွဲဆိုနိုင်မည့်ရက်ကို စောင့်ဆိုင်းနေရကြောင်း အလုပ်သမားသံအရာရှိရုံး၏ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိတွင် တရားစွဲနိုင်မည့် အချက်အလက်များအား စုဆောင်းရရှိပြီးဖြစ်သော်လည်း ကျူးလွန်ခံရသူ မသဉ္ဇာဝင်းမှာ အကြားအာရုံ အားနည်း၍ ဆေးကုသမှုခံယူနေခြင်းကြောင့် တရားစွဲဆိုနိုင်မည့်ရက်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးက အလုပ်ရှင်ထံတွင် ၁၃ နှစ်ကြာ အိမ်ဖော်အဖြစ် လုပ်ခ လစာမရရှိဘဲ ပိတ်လှောင်ခံရခြင်းအတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့နှင့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ဖြစ်စဉ်အသေးစိတ်မေးမြန်းခြင်းနှင့် တရားစွဲဆိုနိုင်ရေးကိစ္စရပ်များ၊ ၎င်း၏ စိတ်ကျန်းမာ ရေးအခြေအနေများ ဆွေးနွေးခြင်း၊ ၂ဝ၂၁ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် မသဉ္ဇာဝင်းအား ထားရှိသည့်နေရာသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် ထိုင်းအာဏာပိုင်အဖွဲ့များအတွက် လိုအပ်သည့်အချက်အလက်များ ပံ့ပို့ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာပြီး ဗန်ကောက်မြို့၊ ခွန်တမ် ရပ်ကွက်၊ ဆွေမျိုးနီးစပ်သူ အဒေါ်ထံ ၌ နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးမှာလည်း မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် Facebook လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အလုပ်ခေါ်စာတွေ့ရှိပြီး လာရောက်ခေါ်ဆောင်သူ ပွဲစား(တက္ကစီမောင်းသူ) ထံ လိုက်ပါ သွားခဲ့ရာမှ အဓမ္မကျူးလွန်ခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် တရားခံအား အရွယ်မရောက်သူအား ဆန္ဒမပါဘဲ လိုက်ပါစေမှု၊ ခြိမ်းခြောက် အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးပိတ်လှောင်မှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် ကလေးညစ်ညမ်းပုံများ လက်ဝယ်ထားရှိမှု၊ ကန့်သတ်ထားသည့် ဆက်သွယ်ရေးစက်များ လက်ဝယ်ထားရှိမှု၊ လူကုန်ကူးမှုတို့ဖြင့် စွဲချက်တင်နိုင်ရေးနှင့် တရားရုံးတင်နိုင်ရန် မြန်မာသံရုံးမှ CI အထောက်အထား ပြုလုပ်ပေးခဲ့ ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီပေးနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် Facebook စာမျက်နှာများ၌ဖော်ပြထားသည့် အလုပ်အကိုင်ဆိုင်ရာ ဖော်ပြချက်များအား အလွယ်တကူ မယုံကြည်သင့်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။

https://npnewsmm.com/news/629dcb4294dde137464fcd84

Zawgyi Version;
အလုပ္ရွင္ထံ ၁၃ ႏွစ္ၾကာ အိမ္ေဖာ္အျဖစ္ လုပ္ခလစာမရရွိဘဲ ပိတ္ေလွာင္ခံခဲ့ရသူအတြက္ တရားစြဲဆိုႏိုင္မည့္ရက္ကို ေစာင့္ဆိုင္းေနရဟုဆို
ဟိန္း (NP News) - ဇြန္ ၆
ထိုင္းႏိုင္ငံတြင္ အလုပ္ရွင္ထံ ၁၃ ႏွစ္ၾကာ အိမ္ေဖာ္အျဖစ္ လုပ္ခလစာမရရွိဘဲ ပိတ္ေလွာင္ခံခဲ့ရသူအတြက္ တရားစြဲဆိုႏိုင္မည့္ရက္ကို ေစာင့္ဆိုင္းေနရေၾကာင္း အလုပ္သမားသံအရာရွိ႐ုံး၏ ဇြန္လ ၅ ရက္ေန႔ ထုတ္ျပန္ခ်က္ အရ သိရသည္။

လက္ရွိတြင္ တရားစြဲႏိုင္မည့္ အခ်က္အလက္မ်ားအား စုေဆာင္းရရွိၿပီးျဖစ္ေသာ္လည္း က်ဴးလြန္ခံရသူ မသၪၨာဝင္းမွာ အၾကားအာ႐ုံ အားနည္း၍ ေဆးကုသမႈခံယူေနျခင္းေၾကာင့္ တရားစြဲဆိုႏိုင္မည့္ရက္အား ေစာင့္ဆိုင္းလ်က္ရွိေၾကာင္း သိရသည္။


အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အလုပ္သမားသံအရာရွိ႐ုံးက အလုပ္ရွင္ထံတြင္ ၁၃ ႏွစ္ၾကာ အိမ္ေဖာ္အျဖစ္ လုပ္ခ လစာမရရွိဘဲ ပိတ္ေလွာင္ခံရျခင္းအတြက္ ေဒသဆိုင္ရာအာဏာပိုင္အဖြဲ႕ႏွင့္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၇ ရက္ေန႔တြင္ ေတြ႕ဆုံခဲ့ၿပီး ျဖစ္စဥ္အေသးစိတ္ေမးျမန္းျခင္းႏွင့္ တရားစြဲဆိုႏိုင္ေရးကိစၥရပ္မ်ား၊ ၎၏ စိတ္က်န္းမာ ေရးအေျခအေနမ်ား ေဆြးေႏြးျခင္း၊ ၂ဝ၂၁ ဒီဇင္ဘာလ ၂ဝ ရက္ေန႔တြင္ မသၪၨာဝင္းအား ထားရွိသည့္ေနရာသို႔ သြားေရာက္ေတြ႕ဆုံအားေပးျခင္းႏွင့္ ထိုင္းအာဏာပိုင္အဖြဲ႕မ်ားအတြက္ လိုအပ္သည့္အခ်က္အလက္မ်ား ပံ့ပို႔ ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ထို႔အျပင္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ေရာက္ရွိလာၿပီး ဗန္ေကာက္ၿမိဳ႕၊ ခြန္တမ္ ရပ္ကြက္၊ ေဆြမ်ိဳးနီးစပ္သူ အေဒၚထံ ၌ ေနထိုင္သူ အမ်ိဳးသမီးငယ္တစ္ဦးမွာလည္း မတ္လ ၃၁ ရက္ေန႔ ညေနပိုင္းတြင္ Facebook လူမႈကြန္ယက္ စာမ်က္ႏွာမွတစ္ဆင့္ အလုပ္ေခၚစာေတြ႕ရွိၿပီး လာေရာက္ေခၚေဆာင္သူ ပြဲစား(တကၠစီေမာင္းသူ) ထံ လိုက္ပါ သြားခဲ့ရာမွ အဓမၼက်ဴးလြန္ခံခဲ့ရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တရားခံအား အ႐ြယ္မေရာက္သူအား ဆႏၵမပါဘဲ လိုက္ပါေစမႈ၊ ၿခိမ္းေျခာက္ အဓမၼျပဳက်င့္မႈ၊ ဖမ္းဆီးပိတ္ေလွာင္မႈ၊ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈႏွင့္ ကေလးညစ္ညမ္းပုံမ်ား လက္ဝယ္ထားရွိမႈ၊ ကန႔္သတ္ထားသည့္ ဆက္သြယ္ေရးစက္မ်ား လက္ဝယ္ထားရွိမႈ၊ လူကုန္ကူးမႈတို႔ျဖင့္ စြဲခ်က္တင္ႏိုင္ေရးႏွင့္ တရား႐ုံးတင္ႏိုင္ရန္ ျမန္မာသံ႐ုံးမွ CI အေထာက္အထား ျပဳလုပ္ေပးခဲ့ ကာ လိုအပ္သည္မ်ား ခ်ိတ္ဆက္ကူညီေပးေနေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ Facebook စာမ်က္ႏွာမ်ား၌ေဖာ္ျပထားသည့္ အလုပ္အကိုင္ဆိုင္ရာ ေဖာ္ျပခ်က္မ်ားအား အလြယ္တကူ မယုံၾကည္သင့္ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက အသိေပးထားသည္။

https://npnewsmm.com/news/629dcb4294dde137464fcd84

Picture

အဖြူ ရောင်

06/06/2022 17:57

ပြည် တွင်း သတင်း နိုင်ငံ တကာသတင်းဖတ်လို့မရပါစာလုံးများမဲနေပါတယ်ဖတ်လို့ရအောင်စီစဉ်ပေးပါခင်ဗျား

Related news

© 2021. All rights reserved.