တောင်ဥက္ကလာ City Mart အနီးတွင် ယာဉ် (၅)စီးဆင့်တိုက်မှုဖြစ်ပွား
1039
photo: သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့
NP News - ဇွန် ၈
တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ်ရှိ City Mart အနီးတွင် ယာဉ်(၅)စီးဆင့်တိုက်မှု ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၈နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
"ခုလက်ရှိ လူနာ ၃ဦးထွက်ပါတယ်။ တစ်ယောက်လက်ကျိုးပြီး တစ်ယောက်ဒဏ်ရာကြီးပါတယ်။ ဦးခေါင်းထိသွားတာပါ။ နောက်တစ်ယောက်အခြေနေမသိရသေးပါဘူး။ ဒဏ်ရာလူနာတွေကို အခြားအသင်းက သင်္ကန်ကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးပါတယ်"ဟု သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့မှ မရွှေမှုန်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါသည်။
ဆင့်တိုက်မှုဖြစ်ခဲ့သည့် ကားများတွင် အိမ်စီးကား ၄ စီးနှင့် ကုမ္ပဏီကားတစ်စီးပါဝင်ပြီး စက် ဘီး တစ်စီးနှင့် တွန်းလှည်းဖြင့်ရောင်းသည့် ဈေးလှည်းတစ်စီးကိုလည်း တိုက်မိခဲ့ကြောင်း သိရသည်။
"City Mart ရှေ့မျက်နှာချင်းဆိုင် ဝေဇယန္တာလမ်းပေါ်ရှိ မီးပွိုင့်မှာရပ်ထားတဲ့ ကားတွေကို ကိုယ်ပိုင်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲနောက်ကဝင်တိုက်မိခဲ့တာပါ"ဟု အဆိုပါ အနီးဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်ခဲ့သည့်ကားမှ ကားမောင်းသူထွက်ပြေးခဲ့သည့်အတွက် အနီးပတ်ဝန်ကျင်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကြောင်းလည်း သိရသည်။
https://npnewsmm.com/news/62a023294882a355eb0938ec
zawgyi version
ေတာင္ဥကၠလာ City Mart အနီးတြင္ ယာဥ္ (၅)စီးဆင့္တိုက္မႈျဖစ္ပြား
NP News - ဇြန္ ၈
ေတာင္ဥကၠလာပၿမိဳ႕နယ္ ေဝဇယႏၲာလမ္းမႀကီးေပၚရွိ City Mart ေရွ႕တြင္ ယာဥ္(၅)စီးဆင့္တိုက္မႈ ယေန႔ (ဇြန္လ ၈ ရက္) နံနက္ ၈နာရီခြဲခန႔္က ျဖစ္ပြားခဲ့ေၾကာင္း သုခကာရီလူမႈကယ္ဆယ္ေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။
"ခုလက္ရွိ လူနာ ၃ဦးထြက္ပါတယ္။ တစ္ေယာက္လက္က်ိဳးၿပီး တစ္ေယာက္ဒဏ္ရာႀကီးပါ တယ္။ ဦးေခါင္းထိသြားတာပါ။ ေနာက္တစ္ေယာက္အေျခေနမသိရေသးပါဘူး။ ဒဏ္ရာလူနာ ေတြကို အျခားအသင္းက သကၤန္ကြၽန္းစံျပေဆး႐ုံကို ပို႔ေဆာင္ေပးပါတယ္"ဟု သုခကာရီလူမႈကယ္ဆယ္ေရးအဖြဲ႕မွ မေ႐ႊမႈန္က ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ေရးသားထားပါသည္။
ဆင့္တိုက္မႈျဖစ္ခဲ့သည့္ ကားမ်ားတြင္ အိမ္စီးကား ၄ စီးႏွင့္ ကုမၸဏီကားတစ္စီးပါဝင္ၿပီး စက္ ဘီး တစ္စီးႏွင့္ တြန္းလွည္းျဖင့္ေရာင္းသည့္ ေဈးလွည္းတစ္စီးကိုလည္း တိုက္မိခဲ့ေၾကာင္း သိရသည္။
"City Mart ေရွ႕မ်က္ႏွာခ်င္းဆိုင္ ေဝဇယႏၲာလမ္းေပၚရွိ မီးပြိဳင့္မွာရပ္ထားတဲ့ ကားေတြကို ကိုယ္ ပိုင္ကားတစ္စီးက အရွိန္မထိန္းႏိုင္ဘဲေနာက္ကဝင္တိုက္မိခဲ့တာပါ"ဟု အဆိုပါ အနီးဝန္းက်င္တြင္ေနထိုင္သူတစ္ဦးက ေျပာသည္။
အရွိန္မထိန္းႏိုင္ဘဲ ေနာက္မွဝင္တိုက္ခဲ့သည့္ကားမွ ကားေမာင္းသူလည္း ထြက္ေျပးခဲ့သည့္အတြက္ အနီးပတ္ဝန္က်င္ရွိသူမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့ၾကေၾကာင္းလည္း သိရသည္။
https://npnewsmm.com/news/62a023294882a355eb0938ec