ဂျပန်က ထိုင်းနိုင်ငံနဲ့ ဘတ်ငွေ ၁၃ ဘီလျံ ချေးငွေ သဘောတူခဲ့

 1036

ရောင်နီ (NP News) - ဇွန် ၁၂
နိုင်ငံရဲ့ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်မှု အားကောင်းလာစေဖို့အတွက် ထိုင်းနိုင်ငံဟာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Jica) နဲ့ ယန်းငွေ ၅ဝ ဘီလျံ (ဘတ် ၁၃ ဒသမ ၂ ဘီလျံ) တန်ဖိုးရှိ ချေးငွေ သဘောတူညီချက်လုပ်ဆောင်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး Royal Gazette မှ ကြေညာခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး အာခွန် တာပီတရာပိုင်ဆိမ့် နဲ့ Jica ထိုင်းနိုင်ငံရုံး ကိုယ်စားလှယ်ချုပ် မိုရီတည တာကာဟိုင်ရို တိုက မေလ ၃ ရက်နေ့မှာ ချေးငွေသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ကြသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

သဘောတူညီချက်အရ ချေးငွေကို ၁၅ နှစ်အတွင်း လေးနှစ်အတိုးနှုန်း နှစ်စဉ်အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မေလ ၂ဝ ရက်နဲ့ နိုဝင်ဘာ ၂ဝ ရက်တို့မှာ တစ်နှစ်လျှင် ငွေပေး ချေမှု နှစ်ကြိမ်ပြုလုပ်မှာဖြစ်ပြီး ပထမအကြိမ်ငွေပေးချေမှုကို ၂ဝ၂၆ ခုနှစ် မေလ ၂ဝ ရက်နဲ့ နောက်ဆုံးတစ်ကြိမ် ၂ဝ၃၇ မေလမှာ ပေးချေမှာဖြစ်ပါတယ်။

ချေးငွေသဘောတူညီချက် အသက်ဝင်ပြီး ရက်ပေါင်း ၆ဝ အတွင်း ပေးချေရမှာဖြစ်ပါတယ်။ မစ္စတာ အာခွန် က ၎င်းဟာ နိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးစွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး ကိုဗစ်-၁၉ ကုသမှုအတွက် ရန်ပုံငွေနဲ့ နိုင်ငံသားများအပေါ် စီးပွားရေးဖိအားများ လျော့ပါးစေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

https://www.bangkokpost.com/business/2323948/japan-agrees-b13bn-loan

Zawgyi Version;
ဂ်ပန္က ထိုင္းႏိုင္ငံနဲ႔ ဘတ္ေငြ ၁၃ ဘီလ်ံ ေခ်းေငြ သေဘာတူခဲ့
ေရာင္နီ (NP News) - ဇြန္ ၁၂
ႏိုင္ငံရဲ႕ကိုဗစ္-၁၉ အေရးေပၚ တုံ႔ျပန္မႈ အားေကာင္းလာေစဖို႔အတြက္ ထိုင္းႏိုင္ငံဟာ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (Jica) နဲ႔ ယန္းေငြ ၅ဝ ဘီလ်ံ (ဘတ္ ၁၃ ဒသမ ၂ ဘီလ်ံ) တန္ဖိုးရွိ ေခ်းေငြ သေဘာတူညီခ်က္လုပ္ေဆာင္ခဲ့ေၾကာင္း ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး Royal Gazette မွ ေၾကညာခဲ့ပါတယ္။

ဘ႑ာေရးဝန္ႀကီး အာခြန္ တာပီတရာပိုင္ဆိမ့္ နဲ႔ Jica ထိုင္းႏိုင္ငံ႐ုံး ကိုယ္စားလွယ္ခ်ဳပ္ မိုရီတည တာကာဟိုင္႐ို တိုက ေမလ ၃ ရက္ေန႔မွာ ေခ်းေငြသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးၿပီးေနာက္ ၾကသပေတးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

သေဘာတူညီခ်က္အရ ေခ်းေငြကို ၁၅ ႏွစ္အတြင္း ေလးႏွစ္အတိုးႏႈန္း ႏွစ္စဥ္အတိုးႏႈန္း ဝ ဒသမ ဝ၁ ရာခိုင္ႏႈန္းနဲ႔ ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံဟာ ေမလ ၂ဝ ရက္နဲ႔ ႏိုဝင္ဘာ ၂ဝ ရက္တို႔မွာ တစ္ႏွစ္လွ်င္ ေငြေပး ေခ်မႈ ႏွစ္ႀကိမ္ျပဳလုပ္မွာျဖစ္ၿပီး ပထမအႀကိမ္ေငြေပးေခ်မႈကို ၂ဝ၂၆ ခုႏွစ္ ေမလ ၂ဝ ရက္နဲ႔ ေနာက္ဆုံးတစ္ႀကိမ္ ၂ဝ၃၇ ေမလမွာ ေပးေခ်မွာျဖစ္ပါတယ္။

ေခ်းေငြသေဘာတူညီခ်က္ အသက္ဝင္ၿပီး ရက္ေပါင္း ၆ဝ အတြင္း ေပးေခ်ရမွာျဖစ္ပါတယ္။ မစၥတာ အာခြန္ က ၎ဟာ ႏိုင္ငံရဲ႕ျပည္သူ႔က်န္းမာေရးစြမ္းရည္ကို ျမႇင့္တင္ေပးမွာျဖစ္ၿပီး ကိုဗစ္-၁၉ ကုသမႈအတြက္ ရန္ပုံေငြနဲ႔ ႏိုင္ငံသားမ်ားအေပၚ စီးပြားေရးဖိအားမ်ား ေလ်ာ့ပါးေစမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

https://www.bangkokpost.com/business/2323948/japan-agrees-b13bn-loan

Related news

© 2021. All rights reserved.