အီဂျစ်နိုင်ငံ Al Mansura University ရှေ့မှာ ကျောင်းသူတစ်ဦး နေ့ခင်းကြောင်တောင် ဓားထိုးသတ်ဖြတ်ခံရ

 732

ရောင်နီ (NP News) - ဇွန် ၂၂
အီဂျစ်နိုင်ငံတစ်ဝှမ်း တုန်လှုပ်ချောက်ချားသွားစေပြီး အမျိုးသား၊ အမျိုးသမီးရေးရာ အကြမ်းဖက်မှုဆိုင်ရာ အခြေ အတင်တွေဖြစ်စေခဲ့တဲ့ အမျိုးသမီးကျောင်းသူတစ်ဦး အသတ်ခံရမှု မြောက်ပိုင်းမန်ဆိုရာမြို့၊ Al Mansura University မှာ ဖြစ်ပွားခဲ့ပြီး အဓိကသံသယရှိသူကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူ နာရီရာအာရှစ် ဟာ ကျောင်းသားအချင်းချင်း ဓားထိုးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။

ပဏာခွဲခြမ်းစိတ်ဖြာမှုအရ အာရှစ်ရဲ့လည်ပင်းနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာ တွေ့ရှိခဲ့ရပါတယ်။ သံသယရှိသူကို ဘေးမှရပ်ကြည့်နေသူများက ဝိုင်းဝန်းတားဆီး ဖမ်းဆီးကာ ရဲလက်အပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုဟန်အာဒဲ အမည်ရှိ သံသယရှိသူကို စုံစမ်းမှုတွေလုပ်ဆောင်ဖို့ လေးရက်ကြာ ထိန်းသိမ်းထားမယ်လို့ အစိုးရ ရှေ့နေရုံးက ဇွန်လ ၂၁ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အာဒဲကို ကြိုတင်ပြင်ဆင်ထားတဲ့ လူသတ်မှုနဲ့ စွပ်စွဲ ထားပြီး အာဒဲက အာရှစ်ဟာ ၎င်းရဲ့လက်ထပ်ခွင့်ကမ်းလှမ်းချက်များကို ငြင်းဆိုခဲ့တာကြောင့် နှစ်ဦးကြား အငြင်းပွားကာ သတ်ဖြတ်မိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

သေဆုံးသူရဲ့ မိသားစုအပါအဝင် လူ ၂ဝ ခန့်နဲ့ တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ပြီးနောက် အာဒဲဟာ အာရှစ်က လက်ထပ်ဖို့ငြင်းဆန်ပြီးနောက် သူမနားကို အကြိမ်ကြိမ်ချည်းကပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ အီဂျစ်လူမှုကွန်ရက်မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပိုမိုအလေးအနက်ထားဖို့လိုအပ်ကြောင်း ရှေ့နေ နီဟပ်အဘိုအဲလ်ကွမ်ဆန် က အလေးပေး ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှု စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့အဆိုအရ ယမန်နှစ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ၈ဝဝ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီး ၎င်းရဲ့အရင်နှစ်နဲ့ နှိင်းယှဉ်ပါ က နှစ်ဆနီးပါးမြင့်တက်လာခဲ့ကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုမရှိခဲ့တဲ့ အမှန်တကယ် အကြမ်းဖက်မှု အရေအတွက် မှာ ပိုမိုများပြားဖွယ်ရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။

https://www.aljazeera.com/news/2022/6/21/egypt-arrests-suspect-in-gruesome-student-street-killing?sf166433213=1

Zawgyi Version;
အီဂ်စ္ႏိုင္ငံ Al Mansura University ေရွ႕မွာ ေက်ာင္းသူတစ္ဦး ေန႔ခင္းေၾကာင္ေတာင္ ဓားထိုးသတ္ျဖတ္ခံရ
ေရာင္နီ (NP News) - ဇြန္ ၂၂
အီဂ်စ္ႏိုင္ငံတစ္ဝွမ္း တုန္လႈပ္ေခ်ာက္ခ်ားသြားေစၿပီး အမ်ဳိးသား၊ အမ်ဳိးသမီးေရးရာ အၾကမ္းဖက္မႈဆိုင္ရာ အေျခ အတင္ေတြျဖစ္ေစခဲ့တဲ့ အမ်ိဳးသမီးေက်ာင္းသူတစ္ဦး အသတ္ခံရမႈ ေျမာက္ပိုင္းမန္ဆိုရာၿမိဳ႕၊ Al Mansura University မွာ ျဖစ္ပြားခဲ့ၿပီး အဓိကသံသယရွိသူကို ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

အသတ္ခံရသူ နာရီရာအာရွစ္ ဟာ ေက်ာင္းသားအခ်င္းခ်င္း ဓားထိုးသတ္ျဖတ္ခံခဲ့ရျခင္းျဖစ္တယ္လို႔ မ်က္ျမင္ သက္ေသေတြက ဆိုပါတယ္။

ပဏာခြဲျခမ္းစိတ္ျဖာမႈအရ အာရွစ္ရဲ႕လည္ပင္းနဲ႔ ရင္ဘတ္မွာ ဓားဒဏ္ရာ အခ်က္ေပါင္းမ်ားစြာ ေတြ႕ရွိခဲ့ရပါတယ္။ သံသယရွိသူကို ေဘးမွရပ္ၾကည့္ေနသူမ်ားက ဝိုင္းဝန္းတားဆီး ဖမ္းဆီးကာ ရဲလက္အပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မိုဟန္အာဒဲ အမည္ရွိ သံသယရွိသူကို စုံစမ္းမႈေတြလုပ္ေဆာင္ဖို႔ ေလးရက္ၾကာ ထိန္းသိမ္းထားမယ္လို႔ အစိုးရ ေရွ႕ေန႐ုံးက ဇြန္လ ၂၁ ရက္၊ အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ အာဒဲကို ႀကိဳတင္ျပင္ဆင္ထားတဲ့ လူသတ္မႈနဲ႔ စြပ္စြဲ ထားၿပီး အာဒဲက အာရွစ္ဟာ ၎ရဲ႕လက္ထပ္ခြင့္ကမ္းလွမ္းခ်က္မ်ားကို ျငင္းဆိုခဲ့တာေၾကာင့္ ႏွစ္ဦးၾကား အျငင္းပြားကာ သတ္ျဖတ္မိခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ေသဆုံးသူရဲ႕ မိသားစုအပါအဝင္ လူ ၂ဝ ခန႔္နဲ႔ ေတြ႕ဆုံေမးျမန္းမႈေတြျပဳလုပ္ၿပီးေနာက္ အာဒဲဟာ အာရွစ္က လက္ထပ္ဖို႔ျငင္းဆန္ၿပီးေနာက္ သူမနားကို အႀကိမ္ႀကိမ္ခ်ည္းကပ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ အီဂ်စ္လူမႈကြန္ရက္မွာ ႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့ပါတယ္။ ဒါကိုၾကည့္ျခင္းျဖင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို ပိုမိုအေလးအနက္ထားဖို႔လိုအပ္ေၾကာင္း ေရွ႕ေန နီဟပ္အဘိုအဲလ္ကြမ္ဆန္ က အေလးေပး ေျပာၾကားခဲ့ပါတယ္။

အီဂ်စ္ႏိုင္ငံရွိ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈဆိုင္ရာ ရာဇဝတ္မႈ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ရဲ႕အဆိုအရ ယမန္ႏွစ္က အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ၈ဝဝ ေက်ာ္ကို မွတ္တမ္းတင္ခဲ့ၿပီး ၄င္းရဲ႕အရင္ႏွစ္နဲ႔ ႏွိင္းယွဥ္ပါ က ႏွစ္ဆနီးပါးျမင့္တက္လာခဲ့ကာ ရဲတပ္ဖြဲ႕ထံ တိုင္ၾကားမႈမရွိခဲ့တဲ့ အမွန္တကယ္ အၾကမ္းဖက္မႈ အေရအတြက္ မွာ ပိုမိုမ်ားျပားဖြယ္ရွိေၾကာင္း အစီရင္ခံစာက ဆိုပါတယ္။

https://www.aljazeera.com/news/2022/6/21/egypt-arrests-suspect-in-gruesome-student-street-killing?sf166433213=1

Related news

© 2021. All rights reserved.