KNU ထိန်းချုပ်ရာ တပ်မဟာ(၆)နယ်မြေအတွင်း၌ (၆)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၃)ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိ
 1277
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၀
မြန်မာ-ထိုင်းနယ်စပ်ရှိ KNU ထိန်းချုပ်ရာ တပ်မဟာ(၆)နယ်မြေအတွင်း၌ (၆)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၃)ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတ်ဖြတ်ခံရသည့် မိသားစုဝင်(၃)ဦး၏ ရုပ်အလောင်းများကို ယနေ့ (နိုဝင် ဘာ ၂၀ ရက်)၊ နံနက်ပိုင်းက ဘုရားသုံးဆူမြို့နယ်ခွဲ၊ မက္ကသာကျေးရွာသွားလမ်းပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတာ(၃)ယောက်ပါ။ အဖေဖြစ်သူရယ်။ သမီးကျောင်းဆရာမရယ်။ မြေးလေးက (၆)နှစ်သားယောက်ျားလေးပါ။ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လာဖမ်းခေါ်သွားပြီးသတ်တာလို့ အကြမ်းဖျင်းပဲ သိရသေးတယ်။ (၃) ယောက်လုံးကို ရင်ခွဲသတ်တာလို့သိရတယ်။ အဲဒီရွာက လက်နက်ကိုင်တွေနေတဲ့ရွာဖြစ်တဲ့ တပ်မဟာ(၆)ရှိတဲ့ရွာ”ဟု အထက်ပါ ဒေသခံက ဆိုသည်။
သတ်ဖြတ်ခံရသူများမှာ ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)ညပိုင်းက လက်နက်ကိုင်အဖွဲ့၏ လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးနောက် ယနေ့၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ကို မသိရှိရသေးပေ။
zawgyi version
မြန်မာ-ထိုင်းနယ်စပ်ရှိ KNU ထိန်းချုပ်ရာ တပ်မဟာ(၆)နယ်မြေအတွင်း၌ (၅)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၃)ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Related news
© 2021. All rights reserved.