ဖိလစ်ပိုင်သမ္မတအသစ်အဖြစ် ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကိုစ်ရဲ့သားဖြစ်သူ ဖာဒီနန် ဘုံဘုံး မားကိုစ် ကျမ်းသစ္စာကျိန်ဆိုမည်

1388

ရောင်နီ (NP News) - ဇူလိုင် ၁
ဖိလစ်ပိုင်ရဲ့ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကိုစ်ရဲ့သားဖြစ်သူ ဖာဒီနန် ဘုံဘုံး မားကိုစ်ဟာ ကြသပတေးနေ့ (ဇွန် ၃ဝ) မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ မားကိုစ်မျိုးနွယ်စုရဲ့နိုင်ငံအမြင့်ဆုံးရာထူးကို ဆယ်စုနှစ်များစွာကြာပြီးမှ ပြန်လည်ရယူနိုင်ခြင်းမျိုးလည်း ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန် ဘုံဘုံး မားကိုစ့်ဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ၎င်းရဲ့ဖခင်ဖြစ်သူ ဖိလစ်ပိုင်ရဲ့အာဏာရှင်တစ်ဦးဖြစ်တဲ့ ဖာဒီနန်မားကိုစ့်က မူးယစ်ဆေးစစ်ပွဲ ကြောင့် နိုင်ငံတကာမှာ နာမည်ဆိုးရရှိခဲ့သူဖြစ်ပြီး အခုအခါမှာတော့ ၎င်းရဲ့သားဖြစ်တဲ့ မားကိုစ့်ဘုံဘုံးဟာ မနီလာမြို့ရှိ အမျိုးသားပြတိုက်မှာ တရုတ်ဒုသမ္မတ ဝမ်ရှီချန် နဲ့ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး ဒေါက်ဂ်လက် အမ်ဟိုဖ်အပါအဝင် ပြည်တွင်းပြည်ပဂုဏ်သရေရှိ ရာပေါင်းများစွာ ရှေ့မှောက်မှာ မွန်းတည့်နေ (၄ နာရီ ဂရင်း နစ်စံတော်ချိန်) က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရဲ၊ စစ်သားနဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁၅ဝဝဝ ကျော်ကို မြို့တော်အနှံ့ တပ်ဖြန့်ထားခဲ့တယ်လို့ သိရပါတယ်။
မားကိုစ်ဘုံဘုံးဟာ ဈေးနှုန်းများ မြင့်တက်လာခြင်းနဲ့အတူ ကိုဗစ်-၁၉ ကြောင့် ပျက်စီးခဲ့တဲ့ စီးပွားရေးကြောင့် ငွေကြေးဖောင်းပွမှုကိုကိုင်တွယ်ဖြေရှင်းရန် ဦးစားပေးအနေဲ့ အစားအစာထုတ်လုပ်မှုကို မြှင့်တင်ပေးခဲ့ပြီး ပြဿနာဖြစ်နေတဲ့ကဏ္ဍကို ပြုပြင်မွမ်းမံရေးမှာ ဦးဆောင်ဖို့ ကိုယ်တိုင် စိုက်ပျိုးရေးအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဒါ့အပြင် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်းက ဖိလစ်ပိုင်ရဲ့လုပ်ပိုင်ခွင့်များကိုလည်း ခုခံကာကွယ် သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
https://www.channelnewsasia.com/asia/marcos-jr-be-sworn-philippine-president-beginning-new-era-marcos-rule-2781986

Zawgyi Version;
ဖိလစ္ပိုင္သမၼတအသစ္အျဖစ္ ကြယ္လြန္သူ အာဏာရွင္ ဖာဒီနန္မားကိုစ္ရဲ႕သားျဖစ္သူ ဖာဒီနန္ ဘုံဘုံး မားကိုစ္ က်မ္းသစၥာက်ိန္ဆိုမည္
ေရာင္နီ (NP News) - ဇူလိုင္ ၁
ဖိလစ္ပိုင္ရဲ႕ကြယ္လြန္သူ အာဏာရွင္ ဖာဒီနန္မားကိုစ္ရဲ႕သားျဖစ္သူ ဖာဒီနန္ ဘုံဘုံး မားကိုစ္ဟာ ၾကသပေတးေန႔ (ဇြန္ ၃ဝ) မွာ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုမည္ျဖစ္တယ္လို႔ သိရပါတယ္။
ဒါဟာ မားကိုစ္မ်ိဳးႏြယ္စုရဲ႕ႏိုင္ငံအျမင့္ဆုံးရာထူးကို ဆယ္စုႏွစ္မ်ားစြာၾကာၿပီးမွ ျပန္လည္ရယူႏိုင္ျခင္းမ်ိဳးလည္း ျဖစ္ပါတယ္။
အသက္ ၆၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာဒီနန္ ဘုံဘုံး မားကိုစ့္ဟာ ၿပီးခဲ့တဲ့လ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ အႏိုင္ရခဲ့ပါတယ္။ ၎ရဲ႕ဖခင္ျဖစ္သူ ဖိလစ္ပိုင္ရဲ႕အာဏာရွင္တစ္ဦးျဖစ္တဲ့ ဖာဒီနန္မားကိုစ့္က မူးယစ္ေဆးစစ္ပြဲ ေၾကာင့္ ႏိုင္ငံတကာမွာ နာမည္ဆိုးရရွိခဲ့သူျဖစ္ၿပီး အခုအခါမွာေတာ့ ၎ရဲ႕သားျဖစ္တဲ့ မားကိုစ့္ဘုံဘုံးဟာ မနီလာၿမိဳ႕ရွိ အမ်ိဳးသားျပတိုက္မွာ တ႐ုတ္ဒုသမၼတ ဝမ္ရွီခ်န္ နဲ႔ အေမရိကန္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဒါက္ဂ္လက္ အမ္ဟိုဖ္အပါအဝင္ ျပည္တြင္းျပည္ပဂုဏ္သေရရွိ ရာေပါင္းမ်ားစြာ ေရွ႕ေမွာက္မွာ မြန္းတည့္ေန (၄ နာရီ ဂရင္း နစ္စံေတာ္ခ်ိန္) က က်မ္းသစၥာ က်ိန္ဆိုခဲ့ပါတယ္။
က်မ္းသစၥာက်ိန္ဆိုပြဲအတြက္ ရဲ၊ စစ္သားနဲ႔ ကမ္းေျခေစာင့္တပ္ဖြဲဝင္ ၁၅ဝဝဝ ေက်ာ္ကို ၿမိဳ႕ေတာ္အႏွံ႔ တပ္ျဖန႔္ထားခဲ့တယ္လို႔ သိရပါတယ္။
မားကိုစ္ဘုံဘုံးဟာ ေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းနဲ႔အတူ ကိုဗစ္-၁၉ ေၾကာင့္ ပ်က္စီးခဲ့တဲ့ စီးပြားေရးေၾကာင့္ ေငြေၾကးေဖာင္းပြမႈကိုကိုင္တြယ္ေျဖရွင္းရန္ ဦးစားေပးအေနဲ႔ အစားအစာထုတ္လုပ္မႈကို ျမႇင့္တင္ေပးခဲ့ၿပီး ျပႆနာျဖစ္ေနတဲ့က႑ကို ျပဳျပင္မြမ္းမံေရးမွာ ဦးေဆာင္ဖို႔ ကိုယ္တိုင္ စိုက္ပ်ိဳးေရးအတြင္းေရးမႉးအျဖစ္ တာဝန္ယူခဲ့ပါတယ္။
ဒါ့အျပင္ အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္တြင္းက ဖိလစ္ပိုင္ရဲ႕လုပ္ပိုင္ခြင့္မ်ားကိုလည္း ခုခံကာကြယ္ သြားမွာျဖစ္ေၾကာင္း ကတိျပဳခဲ့ပါတယ္။
https://www.channelnewsasia.com/asia/marcos-jr-be-sworn-philippine-president-beginning-new-era-marcos-rule-2781986