ဆူဒန်ဗိုလ်ချုပ် အယ်လ်-ဘာဟန်က စစ်တပ်ကို အရပ်သား အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းမည်ဖြစ်ကြောင်း ‌ကြေညာ

 561

ရောင်နီ (NP News) - ဇူလိုင် ၅
ဆူဒန်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘယ် ဖက်တက် အဲလ်ဘာဟန် က စစ်တပ်ကို လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲများမှ နုတ်ထွက်ပြီး အရပ်သားအသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်၊ ကြသပတေးနေ့ကတည်းက ခါတွန်ဧရိယာမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရက်သတ္တပတ် တစ်ပတ်အကြာ ဇူလိုင်လ ၄ ရက်၊ တနင်္လာနေ့မှာ ဗိုလ်ချုပ်ကြီးရဲ့ အခုလိုပြောကြားချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အဲလ်ဘာဟန်ရဲ့ ကြေညာချက်အပြီးမှာ စစ်တပ် အမှန်တကယ် ထွက်ခွာမယ်ဆိုတာနဲ့ပတ်သက်ပြီး သံသယရှိနေဆဲဖြစ်ကာ ဆန္ဒပြသူတွေဟာ ခါတွန်မြို့ရှိ လမ်းများပေါ်ထွက်ကာ စစ်တပ် ချက်ချင်းနုတ်ထွက်ဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

၂ဝ၁၉ ခုနှစ်မှာ သက်တမ်းကြာ သမ္မတ အိုမာအဲလ်ဘက်ရှာကို ဖြုတ်ချပြီးနောက် အရပ်ဘက် ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရကို အောက်တိုဘာလမှာ စစ်တပ်က အာဏာသိမ်းခြင်းဖြင့် ဖယ်ရှားခဲ့ပါတယ်။ ဆန္ဒပြပွဲများကို မကြာသေးမီက လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့တာကြောင့် လူ ၉ ဦး သေဆုံးပြီး အနည်းဆုံး ၆၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဆူဒန်နိုင်ငံ ဆရာဝန်များကော်မတီရဲ့ပြောကြားချက်အရ သိရပါတယ်။

“လက်နက်ကိုင်တပ်ဖွဲ့များဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှာ ရပ်တည်မှာ မဟုတ်” လို့ အဲလ်ဘာဟန် က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ကတိကဝတ်ပြုကာ ၄င်းရဲ့ အချုပ်အခြာ အာဏာပိုင်ကောင်စီဟာ စစ်ဘက်နဲ့ အရပ်ဘက်အဖွဲ့ဝင်တွေ ပါဝင်တဲ့ အစိုးရသစ်ဖွဲ့စည်းပြီးနောက် ဖျက်သိမ်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရေစီလိုလားတဲ့အုပ်စုများက စစ်တပ်ကို အချိန်ကြာကြာ အာဏာဆက်လက်တည်မြဲနေမှာ စိုးရိမ်နေကြပါတယ်။ အစိုးရဖွဲ့စည်းပြီးနောက် တပ်မတော်ရဲ့ဗဟိုကောင်စီအသစ်ကို ဖွဲ့စည်းမှာဖြစ်ပြီး လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များနဲ့ အစိုးရသဘောတူထားတဲ့ “ဆက်စပ်တာဝန်များ” အတွက် တာဝန်ယူမှာဖြစ်ကြောင်း အယ်လ်-ဘာဟန်က ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ နုတ်ထွက်ရခြင်းမှာ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့များကို နည်းပညာရှင် အစိုးရ ဖွဲ့ခွင့်ပေးဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

https://www.aljazeera.com/news/2022/7/4/sudans-burhan-says-army-stepping-back-for-civilian-govt?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
ဆူဒန္ဗိုလ္ခ်ဳပ္ အယ္လ္-ဘာဟန္က စစ္တပ္ကို အရပ္သား အသြင္ကူးေျပာင္းေရးအစိုးရ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း ‌ေၾကညာ
ေရာင္နီ (NP News) - ဇူလိုင္ ၅
ဆူဒန္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး အက္ဘယ္ ဖက္တက္ အဲလ္ဘာဟန္ က စစ္တပ္ကို လက္ရွိ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွ ႏုတ္ထြက္ၿပီး အရပ္သားအသြင္ကူးေျပာင္းေရးအစိုးရ ဖြဲ႕စည္းခြင့္ ျပဳမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၃ဝ ရက္၊ ၾကသပေတးေန႔ကတည္းက ခါတြန္ဧရိယာမွာ စစ္အုပ္ခ်ဳပ္ေရး အဆုံးသတ္ဖို႔ေတာင္းဆိုတဲ့ ဆႏၵျပပြဲႀကီးေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ရက္သတၱပတ္ တစ္ပတ္အၾကာ ဇူလိုင္လ ၄ ရက္၊ တနလၤာေန႔မွာ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ အခုလိုေျပာၾကားခ်က္ေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။

အဲလ္ဘာဟန္ရဲ႕ ေၾကညာခ်က္အၿပီးမွာ စစ္တပ္ အမွန္တကယ္ ထြက္ခြာမယ္ဆိုတာနဲ႔ပတ္သက္ၿပီး သံသယရွိေနဆဲျဖစ္ကာ ဆႏၵျပသူေတြဟာ ခါတြန္ၿမိဳ႕ရွိ လမ္းမ်ားေပၚထြက္ကာ စစ္တပ္ ခ်က္ခ်င္းႏုတ္ထြက္ဖို႔ကို ေတာင္းဆိုခဲ့ၾကပါတယ္။

၂ဝ၁၉ ခုႏွစ္မွာ သက္တမ္းၾကာ သမၼတ အိုမာအဲလ္ဘက္ရွာကို ျဖဳတ္ခ်ၿပီးေနာက္ အရပ္ဘက္ ဦးေဆာင္တဲ့ အသြင္ကူးေျပာင္းေရးအစိုးရကို ေအာက္တိုဘာလမွာ စစ္တပ္က အာဏာသိမ္းျခင္းျဖင့္ ဖယ္ရွားခဲ့ပါတယ္။ ဆႏၵျပပြဲမ်ားကို မၾကာေသးမီက လုံၿခဳံေရးတပ္ဖြဲ႕ေတြက ၿဖိဳခြင္းခဲ့တာေၾကာင့္ လူ ၉ ဦး ေသဆုံးၿပီး အနည္းဆုံး ၆၂၉ ဦး ဒဏ္ရာရခဲ့ေၾကာင္း ဆူဒန္ႏိုင္ငံ ဆရာဝန္မ်ားေကာ္မတီရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

“လက္နက္ကိုင္တပ္ဖြဲ႕မ်ားဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလမ္းေၾကာင္းမွာ ရပ္တည္မွာ မဟုတ္” လို႔ အဲလ္ဘာဟန္ က ႐ုပ္ျမင္သံၾကားမိန႔္ခြန္းမွာ ကတိကဝတ္ျပဳကာ ၄င္းရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ေကာင္စီဟာ စစ္ဘက္နဲ႔ အရပ္ဘက္အဖြဲ႕ဝင္ေတြ ပါဝင္တဲ့ အစိုးရသစ္ဖြဲ႕စည္းၿပီးေနာက္ ဖ်က္သိမ္းမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီမိုကေရစီလိုလားတဲ့အုပ္စုမ်ားက စစ္တပ္ကို အခ်ိန္ၾကာၾကာ အာဏာဆက္လက္တည္ၿမဲေနမွာ စိုးရိမ္ေနၾကပါတယ္။ အစိုးရဖြဲ႕စည္းၿပီးေနာက္ တပ္မေတာ္ရဲ႕ဗဟိုေကာင္စီအသစ္ကို ဖြဲ႕စည္းမွာျဖစ္ၿပီး လုံၿခဳံေရး၊ ကာကြယ္ေရးတာဝန္မ်ားနဲ႔ အစိုးရသေဘာတူထားတဲ့ “ဆက္စပ္တာဝန္မ်ား” အတြက္ တာဝန္ယူမွာျဖစ္ေၾကာင္း အယ္လ္-ဘာဟန္က ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွ ႏုတ္ထြက္ရျခင္းမွာ ႏိုင္ငံေရးနဲ႔ ေတာ္လွန္ေရးအဖြဲ႕မ်ားကို နည္းပညာရွင္ အစိုးရ ဖြဲ႕ခြင့္ေပးဖို႔ ရည္႐ြယ္ျခင္းျဖစ္တယ္လို႔ ၎က ဆိုပါတယ္။

https://www.aljazeera.com/news/2022/7/4/sudans-burhan-says-army-stepping-back-for-civilian-govt?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Related news

© 2021. All rights reserved.