ရခိုင်တွင် အပြန်အလှန်ဖမ်းဆီးထားသူများကို ပြန်လွှတ်ကာ တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာမှုလျော့ချရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို

 1118

မျိုးကြီး (NP News) - ဇူလိုင် ၁၁
ရခိုင်ပြည်နယ်အတွင်း အပြန်အလှန်ဖမ်းဆီးထားသူများကို ပြန်လွှတ်ကာ တပ်မတော်နှင့် AA အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုလျော့ချရန် ရခိုင့်ဦးဆောင်ပါတီက တိုက်တွန်းတောင်းဆိုလိုက်သည်။

ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီက ယနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ထည့်သွင်းကာ တောင်းဆိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်စစ်ပွဲ တစ်ကျော့ပြန် မဖြစ်ပွားရေးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒကိုထင်ဟပ်လျက် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် လိုလားပြီး စစ်မဖြစ်စေရေးအတွက်လည်း နှစ်ဖက်တင်းမာမှုများကို လျှော့ချနိုင်သော နည်းလမ်းများဖြင့် ချဉ်းကပ်ကြရန် လိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် အပြန်အလှန်ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ စွဲဆိုမှုရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့ကိုလုပ်ဆောင်ပြီး တင်းမာမှုကို လျော့ပါးစေလိုကြောင်း ရခိုင့်ဦးဆောင်ပါတီက ဆိုသည်။

ထို့ပြင် မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍကိုလည်း သက်ဆိုင်သူများ ပါဝင်ကြစေလိုကြောင်း ၎င်းက တိုက်တွန်းထားသည်။

လက်ရှိကာလသည် လယ်သမားများ မိုးရာသီလယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံ ရခိုင်ဒေသ၏ စားနပ်ရိက္ခာလုံခြုံမှုအတွက် စစ်ပွဲ၏ထိခိုက်မှုကိုမခံရဘဲ လယ်ယာလုပ် ငန်းများကို ဖြောင့်ဖြောင့်တန်းတန်းလုပ်ကိုင်နိုင်ရန် လိုအပ်နေသည်ဟု အဆိုပါ ပါတီက ဆိုသည်။

ထို့အတူ အများပြည်သူ ကုန်စည်စီးဆင်းရာလမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်း၊ ကြန့်ကြာစေခြင်းများ မဖန်တီးကြရန်လည်း ရခိုင့်ဦးဆောင်ပါတီက ထည့်သွင်းတိုက်တွန်းထားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှတပ်ဖွဲ့ဝင်ခြောက်ဦးမှာ လေကြောင်းမှ တိုက်ခိုက်ခံရကာ သေဆုံးခဲ့ကြောင်းသိရပြီး ၎င်းသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း ၎င်းပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://npnewsmm.com/news/62cbb1e4edfe2f264c1b4323

zawgyi version
ရခိုင္တြင္ အျပန္အလွန္ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ကာ တပ္မေတာ္ႏွင့္ AA ၾကား စစ္ေရးတင္းမာမႈေလ်ာ့ခ်ရန္ ရခိုင့္ဦးေဆာင္ပါတီ ေတာင္းဆို
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁၁

ရခိုင္ျပည္နယ္အတြင္း အျပန္အလွန္ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ကာ တပ္မေတာ္ႏွင့္ AA အဖြဲ႕တို႔ၾကား စစ္ေရးတင္းမာမႈေလ်ာ့ခ်ရန္ ရခိုင့္ဦးေဆာင္ပါတီက တိုက္တြန္းေတာင္းဆိုလိုက္သည္။

ေဒါက္တာေအးေမာင္ဦးေဆာင္ေသာ ရခိုင့္ဦးေဆာင္ပါတီက ယေန႔ (ဇူလိုင္လ ၁၁ ရက္) တြင္ အထက္ပါကဲ့သို႔ထည့္သြင္းကာ ေတာင္းဆိုထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ရခိုင္စစ္ပြဲ တစ္ေက်ာ့ျပန္ မျဖစ္ပြားေရးအတြက္ ရခိုင္ျပည္သူမ်ား၏ ဆႏၵကိုထင္ဟပ္လ်က္ ရခိုင့္ဦးေဆာင္ပါတီအေနျဖင့္ လိုလားၿပီး စစ္မျဖစ္ေစေရးအတြက္လည္း ႏွစ္ဖက္တင္းမာမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ေသာ နည္းလမ္းမ်ားျဖင့္ ခ်ဥ္းကပ္ၾကရန္ လိုအပ္ေနသည္ဟု ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ အျပန္အလွန္ဖမ္းဆီးမႈမ်ားအား ရပ္တန႔္ျခင္း၊ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ျခင္း၊ အမႈတစ္မႈခ်င္းအလိုက္ တရားေရးဆိုင္ရာလုပ္ထုံးလုပ္နည္းေဘာင္အတြင္းမွ စြဲဆိုမႈရပ္တန႔္ကာ ျပန္လႊတ္ေပးျခင္းတို႔ကိုလုပ္ေဆာင္ၿပီး တင္းမာမႈကို ေလ်ာ့ပါးေစလိုေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက ဆိုသည္။

ထို႔ျပင္ မိုင္းႏွင့္စစ္လက္က်န္ပစၥည္းမ်ား ရွင္းလင္းေရးက႑ကိုလည္း သက္ဆိုင္သူမ်ား ပါဝင္ၾကေစလိုေၾကာင္း ၎က တိုက္တြန္းထားသည္။

လက္ရွိကာလသည္ လယ္သမားမ်ား မိုးရာသီလယ္ယာလုပ္ငန္းခြင္အစျဖစ္ရာ စစ္ဒဏ္ခံ ရခိုင္ေဒသ၏ စားနပ္ရိကၡာလုံၿခဳံမႈအတြက္ စစ္ပြဲ၏ထိခိုက္မႈကိုမခံရဘဲ လယ္ယာလုပ္ ငန္းမ်ားကို ေျဖာင့္ေျဖာင့္တန္းတန္းလုပ္ကိုင္ႏိုင္ရန္ လိုအပ္ေနသည္ဟု အဆိုပါ ပါတီက ဆိုသည္။

ထို႔အတူ အမ်ားျပည္သူ ကုန္စည္စီးဆင္းရာလမ္းေၾကာင္းမ်ားအား လုံၿခဳံေရးဂိတ္မ်ားတြင္ ပိတ္ဆို႔ျခင္း၊ ၾကန႔္ၾကာေစျခင္းမ်ား မဖန္တီးၾကရန္လည္း ရခိုင့္ဦးေဆာင္ပါတီက ထည့္သြင္းတိုက္တြန္းထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက ထိုင္း-ျမန္မာနယ္စပ္ရွိ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA မွတပ္ဖြဲ႕ဝင္ေျခာက္ဦးမွာ ေလေၾကာင္းမွ တိုက္ခိုက္ခံရကာ ေသဆုံးခဲ့ေၾကာင္းသိရၿပီး ၎ေသဆုံးမႈအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ၎ပါတီ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

https://npnewsmm.com/news/62cbb1e4edfe2f264c1b4323

Picture

Kyaw Kyaw

11/07/2022 15:41

ထိုင္းနယ္စပ္ မွာ နယ္ခ်ဲ႕ပြႀကီး နဲ႔ လက္ဝါး႐ိုက္ေနတာလား?

Picture

Kyaw Kyaw

11/07/2022 15:41

ထိုင္းနယ္စပ္ မွာ နယ္ခ်ဲ႕ပြႀကီး နဲ႔ လက္ဝါး႐ိုက္ေနတာလား?

Related news

© 2021. All rights reserved.