၂ဝ၂၃ နှစ်ကုန်အထိ အသက်(၁၈)နှစ်ပြည့်လာမည့်နိုင်ငံသားများကို ပန်းခင်းစီမံချက်(၂)ဖြင့် မှတ်ပုံတင်လုပ်ပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ၌ မဲပေးနိုင်ရေးအတွက်ဟုဆို

 1291

မျိုးကြီး (NP News) - ဇူလိုင် ၁၆
၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအထိ အသက်(၁၈)နှစ်ပြည့်လာမည့်သူ နိုင်ငံသားများကို ပန်းခင်းစီမံချက်အဆင့်(၂)အနေဖြင့် မှတ်ပုံတင်လုပ်ပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ၌ မဲပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဟု ဝန်ကြီးဦးခင်ရီက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁၅ ရက်တွင် နေ ပြည်တော်ရှိ ၎င်းဝန်ကြီးဌာနရုံးတွင် ပြုလုပ်သောအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော် မရှင်အပါအဝင် ဆက်စပ်ဌာနများ နှင့်ပေါင်းစပ်ဆောင်ရွက်နေပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း ကို ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ၂ဝ၂၁ ခုနှစ် မေလ ၃ ရက်မှ ၂ဝ၂၂ ခုနှစ် နိုင်ဝင်ဘာလ ၃ ရက်အထိ (၁၈)လ သတ်မှတ်ကာ တိုင်းနှင့်ပြည်နယ်များတွင် ဆောင်ရွက်ပေးရာတွင် လက်ရှိ၌ တိုင်းနှင့်ပြည်နယ် (၉)ခု တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သို့သော် ကျန်ရှိသော တိုင်းနှင့်ပြည်နယ်များသည် လုံခြုံရေးကန့်သတ်ချက်အရ နေရာဒေသအနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေကြောင်း ဝန်ကြီးဦးခင်ရီက ဆို သည်။

ထို့ပြင် ယခုထပ်မံ၍ ပန်းခင်းစီမံချက်အဆင့်(၂)ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ (၁၇)လကြာ သတ်မှတ်၍ ယင်းကာလအတွင်း အသက်(၁၈)နှစ်ပြည့်လာမည့်သူ နိုင်ငံသားများအ တွက် လျာထားဆောင်ရွက်သွားမည်ဟု ဦးခင်ရီက ပြောသည်။

၎င်း ပန်းခင်းစီမံချက်သည် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံ သားဖြစ်မှုဆိုင်ရာကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရွည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးခင်ရီက ဆက်လက်ပြောသည်။

လက်ရှိတွင် နစကအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် ၂ဝ၂၃ ခုနှစ်အတွင်း ကျင်းပနိုင်ရန် ရည်ရွယ်ပြင်ဆင်နေပြီး ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
၂ဝ၂၃ ႏွစ္ကုန္အထိ အသက္(၁၈)ႏွစ္ျပည့္လာမည့္ႏိုင္ငံသားမ်ားကို ပန္းခင္းစီမံခ်က္(၂)ျဖင့္ မွတ္ပုံတင္လုပ္ေပးမည္ျဖစ္ကာ ေ႐ြးေကာက္ပြဲ၌ မဲေပးႏိုင္ေရးအတြက္ဟုဆို
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁၆

၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလအထိ အသက္(၁၈)ႏွစ္ျပည့္လာမည့္သူ ႏိုင္ငံသားမ်ားကို ပန္းခင္းစီမံခ်က္အဆင့္(၂)အေနျဖင့္ မွတ္ပုံတင္လုပ္ေပးမည္ျဖစ္ကာ ေ႐ြးေကာက္ပြဲ၌ မဲေပးႏိုင္ေရး ရည္႐ြယ္ေဆာင္႐ြက္ျခင္းဟု ဝန္ႀကီးဦးခင္ရီက ေျပာသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီး ဦးခင္ရီက ဇူလိုင္လ ၁၅ ရက္တြင္ ေန ျပည္ေတာ္ရွိ ၎ဝန္ႀကီးဌာန႐ုံးတြင္ ျပဳလုပ္ေသာအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွန္ကန္ေရးအတြက္ ေ႐ြးေကာက္ပြဲေကာ္ မရွင္အပါအဝင္ ဆက္စပ္ဌာနမ်ား ႏွင့္ေပါင္းစပ္ေဆာင္႐ြက္ေနၿပီး ေ႐ြးေကာက္ပြဲတြင္ မဲေပးႏိုင္ေရးအတြက္ ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားကတ္ထုတ္ေပးျခင္း ကို ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးက ဆိုသည္။

ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားကတ္ထုတ္ေပးျခင္းလုပ္ငန္းကို ၂ဝ၂၁ ခုႏွစ္ ေမလ ၃ ရက္မွ ၂ဝ၂၂ ခုႏွစ္ ႏိုင္ဝင္ဘာလ ၃ ရက္အထိ (၁၈)လ သတ္မွတ္ကာ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ ေဆာင္႐ြက္ေပးရာတြင္ လက္ရွိ၌ တိုင္းႏွင့္ျပည္နယ္ (၉)ခု တြင္ ရာႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ က်န္ရွိေသာ တိုင္းႏွင့္ျပည္နယ္မ်ားသည္ လုံၿခဳံေရးကန႔္သတ္ခ်က္အရ ေနရာေဒသအနည္းငယ္သာ ေဆာင္႐ြက္ေပးရန္ က်န္ရွိေနေၾကာင္း ဝန္ႀကီးဦးခင္ရီက ဆို သည္။

ထို႔ျပင္ ယခုထပ္မံ၍ ပန္းခင္းစီမံခ်က္အဆင့္(၂)ကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လ ၁ ရက္မွ ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္အထိ (၁၇)လၾကာ သတ္မွတ္၍ ယင္းကာလအတြင္း အသက္(၁၈)ႏွစ္ျပည့္လာမည့္သူ ႏိုင္ငံသားမ်ားအ တြက္ လ်ာထားေဆာင္႐ြက္သြားမည္ဟု ဦးခင္ရီက ေျပာသည္။

၎ ပန္းခင္းစီမံခ်က္သည္ ေ႐ြးေကာက္ပြဲတြင္ မဲေပးပိုင္ခြင့္ရွိသူ ႏိုင္ငံသားတိုင္း ႏိုင္ငံ သားျဖစ္မႈဆိုင္ရာကတ္ျပားတစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္မဲေပးႏိုင္ေရး ႐ြည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဦးခင္ရီက ဆက္လက္ေျပာသည္။

လက္ရွိတြင္ နစကအေနျဖင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ၂ဝ၂၃ ခုႏွစ္အတြင္း က်င္းပႏိုင္ရန္ ရည္႐ြယ္ျပင္ဆင္ေနၿပီး ေ႐ြးေကာက္ပြဲကို PR စနစ္ျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.