ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် (၄)ဦးကို ပြစ်ဒဏ်စီရင်ခြင်းမှာ ပုဂ္ဂိုလ်ရေး၊ ဒီမိုကရေစီရေးအရ လုပ်ဆောင်ခြင်းမဟုတ်ဟု နစက ဖြေရှင်း

 1822

NP News - ဇူလိုင် ၂၆
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် (၄)ဦးကို ပြစ်ဒဏ်စီရင်ခြင်းမှာ ပုဂ္ဂိုလ်ရေး၊ ဒီမိုကရေစီရေးအရ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ (ဇူလိုင်လ ၂၆ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်းဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ကိုဂျင်မီအပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ကာ ပြစ်ဒဏ်စီရင်လိုက်ခြင်းအပေါ် နိုင်ငံ တကာက နစကအပေါ် အပြင်းအထန်ရှုတ်ချဝေဖန်မှုများရှိနေသည်ကို တွေ့ရသည်။

“တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအရ မဖြစ်မနေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ထပ်ပြီးပြောချင်တာက သူတို့ စွပ်စွဲသလို ပုဂ္ဂိုလ်ရေးအရဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ဒါတရားဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့စွပ်စွဲနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှာသူတွေကို လုပ်တဲ့အတွက်ဆိုပြီး မဟုတ်မမှန်ပြောနေတာရှိပါတယ်။ ကျွန်တော်တို့ အရေးယူခဲ့တာ အဲဒါနဲ့ဘာမှမဆိုင်ဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဖြိုးဇေယျာသော်သည် ၎င်း၏စီစဉ်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦး၊ ပြည်သူ (၁၂)ဦး စုစုပေါင်း (၂၁)ဦးသေဆုံးစေခဲ့သည့်အတွက် အကြမ်းဖက်ဥပဒေ ပုဒ်မ ၄၉(က)၊ ၅ဝ(ဈ)၊ ၅ဝ(ည)တို့အရ အရေးယူကာ တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထို့အတူ ကိုဂျင်မီအနေဖြင့်လည်း ကိုဖြိုးဇေယျာသော်နှင့်ပူးပေါင်းကာ စစ်ဆင်ရေးများလုပ်ခဲ့ပြီး ရန်ကုန်၌ရှိသော ဆရာ၊ ဆရာမ၊ ကျောင်း၊ အုပ်ချုပ်ရေးမှူးများကို တိုက်ခိုက်သတ်ဖြတ်မှုများရှိခဲ့သည်ဟုဆိုကာ တရားစွဲဆိုပြီး သေဒဏ်အမိန့်အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

ဆက်လက်ပြီး ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် လှိုင်သာယာတွင်ရှိသော အမျိုးသမီးတစ်ဦးကို အိမ်ထဲပိတ်လှောင်ပြီးနောက် ကားဖြင့် တွံတေးမြို့သို့ ခေါ်ဆောင်ကာ ဆွဲကြိုးယူခြင်း၊ လက်စွပ်ယူခြင်းနှင့် ဓါးဖြင့် ၂၁ ချက်ခန့်ထိုးသတ်ခြင်းတို့ကြောင့် ယခုကဲ့သို့ သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အဲဒီပြစ်ဒဏ်တွေကို တရားရုံးက ချမှတ်ပြီးရင် သူတို့ကို ကျွန်တော်တို့က ပေးရမယ့်အခွင့်အရေးတွေဖြစ်တဲ့ အယူခံလွှာတင်တာ ကျွန်တော်တို့ ပေးခဲ့တယ်။ ပြီးရင် အသ နားခံစာတင်တာ ပေးခဲ့တယ်။ အယူခံလွှာ၊ အသနားခံစာတွေကို ကျွန်တော်တို့ ပလပ်ခဲ့တယ်။ ဘာလို့ပလပ်လဲ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အခြားသေဒဏ်ချမှတ်ခြင်းခံရတဲ့ ပြစ်မှုတွေနဲ့နှိုင်းယှဉ်ရင် သေဒဏ်ကို အကြိမ်ကြိမ်ကျခံထိုက်တဲ့၊ ကျူးလွန်တဲ့ ပြစ်မှုတွေဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

သေဆုံးခဲ့သူများ၏ ရုပ်အလောင်း ပြန်ပေးခြင်း၊ မပေးခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကျဉ်းထောင်လက်စွဲ စာစောင်အရ ထောင်မှူး၊ ထောင်အာဏာပိုင်များကသာ ဆုံးဖြတ်ကြောင်း ဖြေရှင်းထားသည်။

“ဒီကိစ္စဟာ သေဆုံးသူတွေရဲ့ အလောင်းနဲ့ပတ်သတ်ပြီး ပြောတာရှိတယ်။ အကျဉ်း ထောင်လက်စွဲစာစောင်ထဲမှာ ပါပြီးသား ဖြစ်တယ်။ သေဆုံးသူတွေနဲ့ပတ်သက်ပြီးတော့ ရုပ်အလောင်းပြန်ပေးခြင်း၊ မပေးခြင်းသည် ထောင်မှူးရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ အဲဒီအထဲမှာ ပါပြီးသားပဲ။ ဒါနဲ့ပတ် သက်ပြီးတော့ အဓိကရုဏ်း တစ်ခုပဲဖြစ်ဖြစ်၊ ဆန္ဒပြမှုတစ်ခုပဲဖြစ်ဖြစ် ဖြစ်ပေါ်လာနိုင်တယ်ဆိုလို့ရှိရင် အကျဉ်းထောင်ရဲ့ စီရင်မှုအောက်မှာပဲ သဂြိုလ်ခွင့်ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ICCPR Protocol တွင် သေဒဏ်ချမှတ်ခြင်းနှင့်ပတ် သက်၍ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောဆိုခဲ့သည်။

“ဒါကြောင့်မိုလို့ အစိုးရအနေနဲ့ အပြစ်တစ်စုံတစ်ရာမရှိဘဲ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ပြည်သူများနဲ့ ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းများရဲ့ မျက်နှာကိုထောက်ရှု့ပြီး မလွှဲမရှောင်သာဘဲနဲ့ ပြစ်မှုကျူးလွန်တဲ့တရားခံတွေကို ဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို သနားညှာတာထောက်ထားနေမယ်ဆိုရင် ပြစ်မှုကျူးလွန်ခြင်းခံရတဲ့ အပြစ်မဲ့ပြည်သူများအပေါ် ကိုယ်ချင်းစာမှုမရှိဘဲ ရက်စက်လွန်းရာကြမှာဖြစ်ပါတယ်။ အခုနပြောတဲ့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေ ရှိကောင်းရှိလိမ့်မယ်။ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေရှိကောင်းရှိပေမယ့် ကျွန်တော်တို့သည်ဖြစ်ပေါ်နေတဲ့ တရား ဥပဒေဆုံးဖြတ်ချက်အတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ တရားဥပဒေမှာ ဒီအတိုင်းရေးထားရင် ဒါထက်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့ခြင်းတစ်ခုမှ မရှိဘူးပါ။ ကျွန်တော်တို့ ဒီနေရာကနေ အသိပေးပြောလိုပါတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ပြီး ပြစ်ဒဏ်စီရင်လိုက်ခြင်းအပေါ် ပြည်တွင်းလက်နက် ကိုင်အဖွဲ့အချို့၊ ပြည်တွင်းနိုင်ငံရေးပါတီတစ်ချို့ကလည်း အပြင်းအထန်ရှုံ့ချကန့်ကွက်ထားသည်။

zawgyi version
ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ (၄)ဦးကို ျပစ္ဒဏ္စီရင္ျခင္းမွာ ပုဂၢိဳလ္ေရး၊ ဒီမိုကေရစီေရးအရ လုပ္ေဆာင္ျခင္းမဟုတ္ဟု နစက ေျဖရွင္း
NP News - ဇူလိုင္ ၂၆

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ (၄)ဦးကို ျပစ္ဒဏ္စီရင္ျခင္းမွာ ပုဂၢိဳလ္ေရး၊ ဒီမိုကေရစီေရးအရ လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယေန႔ (ဇူလိုင္လ ၂၆ ရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါကဲ့သို႔ ထည့္သြင္းေျဖရွင္းခဲ့ျခင္းျဖစ္သည္။

ကိုဂ်င္မီအပါအဝင္ (၄)ဦးကို ေသဒဏ္ခ်မွတ္ကာ ျပစ္ဒဏ္စီရင္လိုက္ျခင္းအေပၚ ႏိုင္ငံ တကာက နစကအေပၚ အျပင္းအထန္ရႈတ္ခ်ေဝဖန္မႈမ်ားရွိေနသည္ကို ေတြ႕ရသည္။

“တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးအရ မျဖစ္မေန ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခဲ့ရတာျဖစ္ပါတယ္။ ထပ္ၿပီးေျပာခ်င္တာက သူတို႔ စြပ္စြဲသလို ပုဂၢိဳလ္ေရးအရေဆာင္႐ြက္ခဲ့တာ မဟုတ္ပါဘူး။ ဒါတရားဥပေဒနဲ႔အညီပဲ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီေတာ့ သူတို႔စြပ္စြဲေနတဲ့ ဒီမိုကေရစီအေရးလႈပ္ရွာသူေတြကို လုပ္တဲ့အတြက္ဆိုၿပီး မဟုတ္မမွန္ေျပာေနတာရွိပါတယ္။ ကြၽန္ေတာ္တို႔ အေရးယူခဲ့တာ အဲဒါနဲ႔ဘာမွမဆိုင္ဘူး”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ကိုၿဖိဳးေဇယ်ာေသာ္သည္ ၎၏စီစဥ္မႈျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ (၉)ဦး၊ ျပည္သူ (၁၂)ဦး စုစုေပါင္း (၂၁)ဦးေသဆုံးေစခဲ့သည့္အတြက္ အၾကမ္းဖက္ဥပေဒ ပုဒ္မ ၄၉(က)၊ ၅ဝ(ဈ)၊ ၅ဝ(ည)တို႔အရ အေရးယူကာ တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ထို႔အတူ ကိုဂ်င္မီအေနျဖင့္လည္း ကိုၿဖိဳးေဇယ်ာေသာ္ႏွင့္ပူးေပါင္းကာ စစ္ဆင္ေရးမ်ားလုပ္ခဲ့ၿပီး ရန္ကုန္၌ရွိေသာ ဆရာ၊ ဆရာမ၊ ေက်ာင္း၊ အုပ္ခ်ဳပ္ေရးမႉးမ်ားကို တိုက္ခိုက္သတ္ျဖတ္မႈမ်ားရွိခဲ့သည္ဟုဆိုကာ တရားစြဲဆိုၿပီး ေသဒဏ္အမိန႔္အတည္ျပဳခဲ့ျခင္းျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။

ဆက္လက္ၿပီး ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔သည္ လႈိင္သာယာတြင္ရွိေသာ အမ်ိဳးသမီးတစ္ဦးကို အိမ္ထဲပိတ္ေလွာင္ၿပီးေနာက္ ကားျဖင့္ တြံေတးၿမိဳ႕သို႔ ေခၚေဆာင္ကာ ဆြဲႀကိဳးယူျခင္း၊ လက္စြပ္ယူျခင္းႏွင့္ ဓါးျဖင့္ ၂၁ ခ်က္ခန႔္ထိုးသတ္ျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔ ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“အဲဒီျပစ္ဒဏ္ေတြကို တရား႐ုံးက ခ်မွတ္ၿပီးရင္ သူတို႔ကို ကြၽန္ေတာ္တို႔က ေပးရမယ့္အခြင့္အေရးေတြျဖစ္တဲ့ အယူခံလႊာတင္တာ ကြၽန္ေတာ္တို႔ ေပးခဲ့တယ္။ ၿပီးရင္ အသ နားခံစာတင္တာ ေပးခဲ့တယ္။ အယူခံလႊာ၊ အသနားခံစာေတြကို ကြၽန္ေတာ္တို႔ ပလပ္ခဲ့တယ္။ ဘာလို႔ပလပ္လဲ သူတို႔က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြ အျခားေသဒဏ္ခ်မွတ္ျခင္းခံရတဲ့ ျပစ္မႈေတြနဲ႔ႏႈိင္းယွဥ္ရင္ ေသဒဏ္ကို အႀကိမ္ႀကိမ္က်ခံထိုက္တဲ့၊ က်ဴးလြန္တဲ့ ျပစ္မႈေတြျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုခဲ့သည္။

ေသဆုံးခဲ့သူမ်ား၏ ႐ုပ္အေလာင္း ျပန္ေပးျခင္း၊ မေပးျခင္းႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အက်ဥ္းေထာင္လက္စြဲ စာေစာင္အရ ေထာင္မႉး၊ ေထာင္အာဏာပိုင္မ်ားကသာ ဆုံးျဖတ္ေၾကာင္း ေျဖရွင္းထားသည္။

“ဒီကိစၥဟာ ေသဆုံးသူေတြရဲ႕ အေလာင္းနဲ႔ပတ္သတ္ၿပီး ေျပာတာရွိတယ္။ အက်ဥ္း ေထာင္လက္စြဲစာေစာင္ထဲမွာ ပါၿပီးသား ျဖစ္တယ္။ ေသဆုံးသူေတြနဲ႔ပတ္သက္ၿပီးေတာ့ ႐ုပ္အေလာင္းျပန္ေပးျခင္း၊ မေပးျခင္းသည္ ေထာင္မႉးရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တယ္။ ေထာင္အာဏာပိုင္ေတြရဲ႕ ဆုံးျဖတ္ခ်က္ပဲျဖစ္တယ္။ အဲဒီအထဲမွာ ပါၿပီးသားပဲ။ ဒါနဲ႔ပတ္ သက္ၿပီးေတာ့ အဓိက႐ုဏ္း တစ္ခုပဲျဖစ္ျဖစ္၊ ဆႏၵျပမႈတစ္ခုပဲျဖစ္ျဖစ္ ျဖစ္ေပၚလာႏိုင္တယ္ဆိုလို႔ရွိရင္ အက်ဥ္းေထာင္ရဲ႕ စီရင္မႈေအာက္မွာပဲ သၿဂိဳလ္ခြင့္ရွိတယ္”ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ICCPR Protocol တြင္ ေသဒဏ္ခ်မွတ္ျခင္းႏွင့္ပတ္ သက္၍ လက္မွတ္ေရးထိုးထားျခင္းမရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာဆိုခဲ့သည္။

“ဒါေၾကာင့္မိုလို႔ အစိုးရအေနနဲ႔ အျပစ္တစ္စုံတစ္ရာမရွိဘဲ လုပ္ႀကံသတ္ျဖတ္ျခင္းခံရတဲ့ ျပည္သူမ်ားနဲ႔ ၎တို႔ရဲ႕ ေဆြမ်ိဳးသားခ်င္းမ်ားရဲ႕ မ်က္ႏွာကိုေထာက္ရႈ႕ၿပီး မလႊဲမေရွာင္သာဘဲနဲ႔ ျပစ္မႈက်ဴးလြန္တဲ့တရားခံေတြကို ဥပေဒနဲ႔အညီ ျပစ္ဒဏ္ခ်မွတ္ ေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္တဲ့သူေတြကို သနားညႇာတာေထာက္ထားေနမယ္ဆိုရင္ ျပစ္မႈက်ဴးလြန္ျခင္းခံရတဲ့ အျပစ္မဲ့ျပည္သူမ်ားအေပၚ ကိုယ္ခ်င္းစာမႈမရွိဘဲ ရက္စက္လြန္းရာၾကမွာျဖစ္ပါတယ္။ အခုနေျပာတဲ့ လုပ္ေဆာင္ခဲ့တဲ့ အလုပ္ေတြ ရွိေကာင္းရွိလိမ့္မယ္။ လုပ္ေဆာင္ခဲ့တဲ့ အလုပ္ေတြရွိေကာင္းရွိေပမယ့္ ကြၽန္ေတာ္တို႔သည္ျဖစ္ေပၚေနတဲ့ တရား ဥပေဒဆုံးျဖတ္ခ်က္အတိုင္းပဲ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္တာျဖစ္ပါတယ္။ တရားဥပေဒမွာ ဒီအတိုင္းေရးထားရင္ ဒါထက္ေက်ာ္လြန္ၿပီး ေဆာင္႐ြက္ခဲ့ျခင္းတစ္ခုမွ မရွိဘူးပါ။ ကြၽန္ေတာ္တို႔ ဒီေနရာကေန အသိေပးေျပာလိုပါတယ္”ဟု ၎က ဆက္လက္ေျပာ သည္။

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ (၄)ဦးကို ေသဒဏ္ခ်မွတ္ၿပီး ျပစ္ဒဏ္စီရင္လိုက္ျခင္းအေပၚ ျပည္တြင္းလက္နက္ ကိုင္အဖြဲ႕အခ်ိဳ႕၊ ျပည္တြင္းႏိုင္ငံေရးပါတီတစ္ခ်ိဳ႕ကလည္း အျပင္းအထန္ရႈံ႕ခ်ကန႔္ကြက္ထားသည္။

Picture

Win Everything

26/07/2022 23:35

အပြင်းအထန်ရှုတ်ချဝေဖန် တာကိုစာရေးသူကကန့်ကွက်စရာမရှိဘူး သို့သော် ပြောရင်လည်း၂ ဘက်စလုံးပြော အရူးပါးမလုပ်နဲ့ တဖက်အတွက် တော့ပြောပြီး ကျန်တဲ့ အပြစ်မဲ့ ရဟန်းသံဃာတွေ ဆရာဆရာမတွေ ပြည်သူတွေ အသတ်ခံရတာကို သေသင့်သလိုမျိုး ဘာမှမပြောတဲ့ လူတွေ ပါတီတွေ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်အားပေးတွေ လူယုတ်မာတွေ ဖြစ်နေတယ်လို့ဝန်ခံနေသလိုပဲ

Related news

© 2021. All rights reserved.