Long March 5B ဂြိုလ်တုနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို နာဆာအဖွဲ့ဝေဖန်

 735

ဂျန်ဇက် (NP News) - သြဂုတ် ၁
အမေရိကန်လေကြောင်းနဲ့ အာကာသစီမံခန့်ခွဲမှုအဖွဲ့ NASA အကြီးအကဲတစ်ဦးဖြစ်သူ ဘီလ်နယ်ဆန်က တရုတ်နိုင်ငံဟာ ကမ္ဘာမြေပြင်ကို ပြန်ကျဆင်းလာခဲ့တဲ့ ဂြိုလ်တုနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းအချက်လက်တွေ မျှဝေပေးတာမျိုးမရှိခဲ့ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ Long March 5B ဂြိုလ်တုဟာ ဇူလိုင် ၃ဝ ရက်နေ့က ကမ္ဘာမြေပြင်ပေါ်ကို ပြန်ကျဆင်းလာခဲ့ပြီး အိန္ဒိယသမုဒ္ဒရာထဲကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ အဆိုပါဂြိုလ်တုကို ဇူလိုင် ၂၃ ရက်နေ့မှာ Tiangong အာကာသစခန်းကနေ လွှတ်တင်ခဲ့ပြီးနောက် ထိန်းချုပ်လို့မရတော့ဘဲ ကမ္ဘာပေါ်ကို ပြန်လည်ကျဆင်းလာခဲ့တာမျိုး ဖြစ်တယ်လို့သိရပါတယ်။

နာဆာအဖွဲ့အကြီး အကဲတစ်ဦးဖြစ်သူ ဘီလ်နယ်ဆန်က "တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်ကို ပြန်ကျလာခဲ့တဲ့ဂြိုလ်တုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မျှဝေတာမျိုးမရှိခဲ့ဘူး၊ ဖြစ်နိုင်ချေရှိတဲ့အပျက်အစီး နဲ့ သက်ရောက်မှုအန္တရာယ်ကို ယုံကြည်စိတ်ချစွာနဲ့ခန့်မှန်းလို့ရအောင် နိုင်ငံအချင်းချင်း သတင်းအချက်လက်ဖလှယ်တာမျိုးဖြစ်သင့်တယ်။

ဒါ့အပြင် ကမ္ဘာမြေပြင်ပေါ်ရှိ လူသားတွေ ဘေးကင်းစေဖို့ နဲ့ အာကာသအသုံးပြုမှုတွေကို တာဝန်ရှိရှိ လုပ်ဆောင်တာမျိုးရှိသင့်တယ်" လို့ပြောပါတယ်။

အဆိုပါ Long March ဂြိုလ်တုဟာ အလေးချိန် ၂၂ ဒသမ ၅ တန်ရှိပြီး အဲဒီ ဂြိုလ်တုပတ်လမ်းထဲမရောက်ဘဲ ပြန်ကျလာခဲ့ခြင်းဖြစ်ကာ ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျလာခဲ့တဲ့ ဂြိုလ်တုအပျက်အစီးက ၅ တန် နဲ့ ၉ တန်ကြားရှိကြောင်း အမေရိကန်အစိုးရကျောထောက်နောက်ခံပြုထားတဲ့ Aerospace Corp အဖွဲ့က ဆိုပါတယ်။

အမေရိကန် နဲ့ တရုတ်တို့ဟာ အာကာသလုပ်ငန်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ၊ အပြန်အလှန်ဝေဖန်မှုများ ရှိနေခဲ့ဖူးပြီး အမေရိကန်ဦးဆောင်တဲ့အနောက် အုပ်စုနိုင်ငံတွေဟာ ဂြိုလ်တု အပျက်စီးအပိုင်းစများနဲ့ပတ်သက်ပြီး အကြောင် းအရာတစ်ခုတည်းပေါ်မှာ စံနှစ်မျိုး double standards သတ်မှတ်တဲ့ပုံစံမျိုးလုပ်ဆောင်နေကြောင်း ပြီးခဲ့တဲ့နှစ်တုန်းက ဝေဖန်ခဲ့ဖူးပါတယ်။

https://www.rt.com/news/559930-nasa-china-rocket-debris/

Zawgyi Version;
Long March 5B ၿဂိဳလ္တုနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရကို နာဆာအဖြဲ႕ေဝဖန္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁
အေမရိကန္ေလေၾကာင္းနဲ႔ အာကာသစီမံခန႔္ခြဲမႈအဖြဲ႕ NASA အႀကီးအကဲတစ္ဦးျဖစ္သူ ဘီလ္နယ္ဆန္က တ႐ုတ္ႏိုင္ငံဟာ ကမာၻေျမျပင္ကို ျပန္က်ဆင္းလာခဲ့တဲ့ ၿဂိဳလ္တုနဲ႔ပတ္သက္ၿပီး တိက်တဲ့သတင္းအခ်က္လက္ေတြ မွ်ေဝေပးတာမ်ိဳးမရွိခဲ့ေၾကာင္း ေဝဖန္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ Long March 5B ၿဂိဳလ္တုဟာ ဇူလိုင္ ၃ဝ ရက္ေန႔က ကမာၻေျမျပင္ေပၚကို ျပန္က်ဆင္းလာခဲ့ၿပီး အိႏၵိယသမုဒၵရာထဲကို ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အဆိုပါၿဂိဳလ္တုကို ဇူလိုင္ ၂၃ ရက္ေန႔မွာ Tiangong အာကာသစခန္းကေန လႊတ္တင္ခဲ့ၿပီးေနာက္ ထိန္းခ်ဳပ္လို႔မရေတာ့ဘဲ ကမာၻေပၚကို ျပန္လည္က်ဆင္းလာခဲ့တာမ်ိဳး ျဖစ္တယ္လို႔သိရပါတယ္။

နာဆာအဖြဲ႕အႀကီး အကဲတစ္ဦးျဖစ္သူ ဘီလ္နယ္ဆန္က "တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚကို ျပန္က်လာခဲ့တဲ့ၿဂိဳလ္တုနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္မွ်ေဝတာမ်ိဳးမရွိခဲ့ဘူး၊ ျဖစ္ႏိုင္ေခ်ရွိတဲ့အပ်က္အစီး နဲ႔ သက္ေရာက္မႈအႏၲရာယ္ကို ယုံၾကည္စိတ္ခ်စြာနဲ႔ခန႔္မွန္းလို႔ရေအာင္ ႏိုင္ငံအခ်င္းခ်င္း သတင္းအခ်က္လက္ဖလွယ္တာမ်ိဳးျဖစ္သင့္တယ္။

ဒါ့အျပင္ ကမာၻေျမျပင္ေပၚရွိ လူသားေတြ ေဘးကင္းေစဖို႔ နဲ႔ အာကာသအသုံးျပဳမႈေတြကို တာဝန္ရွိရွိ လုပ္ေဆာင္တာမ်ိဳးရွိသင့္တယ္" လို႔ေျပာပါတယ္။

အဆိုပါ Long March ၿဂိဳလ္တုဟာ အေလးခ်ိန္ ၂၂ ဒသမ ၅ တန္ရွိၿပီး အဲဒီ ၿဂိဳလ္တုပတ္လမ္းထဲမေရာက္ဘဲ ျပန္က်လာခဲ့ျခင္းျဖစ္ကာ ကမာၻေပၚကို ျပန္ျပဳတ္က်လာခဲ့တဲ့ ၿဂိဳလ္တုအပ်က္အစီးက ၅ တန္ နဲ႔ ၉ တန္ၾကားရွိေၾကာင္း အေမရိကန္အစိုးရေက်ာေထာက္ေနာက္ခံျပဳထားတဲ့ Aerospace Corp အဖြဲ႕က ဆိုပါတယ္။

အေမရိကန္ နဲ႔ တ႐ုတ္တို႔ဟာ အာကာသလုပ္ငန္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား၊ အျပန္အလွန္ေဝဖန္မႈမ်ား ရွိေနခဲ့ဖူးၿပီး အေမရိကန္ဦးေဆာင္တဲ့အေနာက္ အုပ္စုႏိုင္ငံေတြဟာ ၿဂိဳလ္တု အပ်က္စီးအပိုင္းစမ်ားနဲ႔ပတ္သက္ၿပီး အေၾကာင္ းအရာတစ္ခုတည္းေပၚမွာ စံႏွစ္မ်ိဳး double standards သတ္မွတ္တဲ့ပုံစံမ်ိဳးလုပ္ေဆာင္ေနေၾကာင္း ၿပီးခဲ့တဲ့ႏွစ္တုန္းက ေဝဖန္ခဲ့ဖူးပါတယ္။

https://www.rt.com/news/559930-nasa-china-rocket-debris/

Related news

© 2021. All rights reserved.