လုပ်ကြံခံခဲ့ရသော ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း အသက်အန္တရာယ်စိုးရိမ်ရမှု မရှိတော့ဟုဆို

1028

မျိုးကြီး (NP News) - သြဂုတ် ၇
လုပ်ကြံခံခဲ့ရသော ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း၊ လီဆူစာ ပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးအားဆီမှာ အသက်အန္တရာယ်စိုးရိမ်ရမှု မရှိတော့ကြောင်း သတင်းရရှိသည်။
သို့သော် ဦးအားဆီမှာ လက်ရှိတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး မူလအတိုင်းပြန်လည်ကျန်းမာနိုင်ရေးအတွက် အချိန်ယူရအုံးမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက NP News ကိုပြောသည်။
“လောလောဆယ်တော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး။ သို့သော် ကျန်းမာလာဖို့ အချိန်တစ်ခုတော့ စောင့်ရလိမ့်မယ်လို့တော့ မြင်တယ်။ မူလအတိုင်းပြန်ကျန်းမာလာဖို့ပေါ့”ဟု ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။
ဦးအားဆီသည် ပြီးခဲ့သော ဇူလိုင်လ ၃ဝ ရက် ညပိုင်းတွင် ကားဖြင့် နေအိမ်သို့ပြန်လာစဉ်အချိန် ၎င်း၏အိမ်ရှေ့ခြံတံခါးဝအနီးတွင် သေနတ်ကိုင်ဆောင်ထားသူနှစ်ဦးက အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးအားဆီတွင် ညာဘက်ကျောပြင်၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။
“အဓိကတော့ ယဉ်ကျေးမှုဥက္ကဋ္ဌဆိုတာက သူက လူမှုရေးအသင်းအဖွဲ့ပဲလေ။ လက် နက်ကိုင်မဟုတ်ဘူးလေ။ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှုဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌကို လုပ်ကြံတယ်ဆိုတာက လူမျိုးတစ်မျိုးကို ဖိနှိပ်ဖို့ စိန်ခေါ်ဖို့ လုပ်ဆောင်တယ် လို့ပဲ မြင်တယ်။ အဲဒီအတွက် လူမျိုးတွေရဲ့ စိတ်ထဲမှာတော့ အားလုံးနာကျင်မှုတော့ ရှိသွားမယ်။ နောက်ဆက်တွဲ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ပဲ မြင်ပါတယ်” ဟု ဒူးလေးပါတီဥက္ကဋ္ဌဦးရွှေမင်းက မှတ်ချက်ပြုသည်။
နိုင်ငံရေးအခြေအနေများ ပြောင်းလဲမှုများရှိနေသော်လည်း ဘာသာရေးအစွန်းရောက်သော၊ လူမျိုးရေး အစွန်းရောက်သော စိတ်ဓာတ်များမှာ ယခုခေတ်ကာလတွင် မရှိသင့်တော့ကြောင်း ဦးရွှေမင်းက ဆက်လက်ပြောသည်။

zawgyi version
လုပ္ႀကံခံခဲ့ရေသာ ကခ်င္ျပည္နယ္လီဆူတိုင္းရင္းသားေရးရာဝန္ႀကီးေဟာင္း အသက္အႏၲရာယ္စိုးရိမ္ရမႈ မရွိေတာ့ဟုဆို
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၇
လုပ္ႀကံခံခဲ့ရေသာ ကခ်င္ျပည္နယ္လီဆူတိုင္းရင္းသားေရးရာဝန္ႀကီးေဟာင္း၊ လီဆူစာ ေပႏွင့္ယဥ္ေက်းမႈဗဟိုေကာ္မတီဥကၠ႒ျဖစ္သူ ဦးအားဆီမွာ အသက္အႏၲရာယ္စိုးရိမ္ရမႈ မရွိေတာ့ေၾကာင္း သတင္းရရွိသည္။
သို႔ေသာ္ ဦးအားဆီမွာ လက္ရွိတြင္ ေဆးကုသမႈခံယူေနဆဲျဖစ္ၿပီး မူလအတိုင္းျပန္လည္က်န္းမာႏိုင္ေရးအတြက္ အခ်ိန္ယူရအုံးမည္ျဖစ္ေၾကာင္း လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)ဥကၠ႒ ဦးေ႐ႊမင္းက NP News ကိုေျပာသည္။
“ေလာေလာဆယ္ေတာ့ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရေတာ့ဘူး။ သို႔ေသာ္ က်န္းမာလာဖို႔ အခ်ိန္တစ္ခုေတာ့ ေစာင့္ရလိမ့္မယ္လို႔ေတာ့ ျမင္တယ္။ မူလအတိုင္းျပန္က်န္းမာလာဖို႔ေပါ့”ဟု ဒူးေလးပါတီဥကၠ႒ ဦးေ႐ႊမင္းက ေျပာသည္။
ဦးအားဆီသည္ ၿပီးခဲ့ေသာ ဇူလိုင္လ ၃ဝ ရက္ ညပိုင္းတြင္ ကားျဖင့္ ေနအိမ္သို႔ျပန္လာစဥ္အခ်ိန္ ၎၏အိမ္ေရွ႕ၿခံတံခါးဝအနီးတြင္ ေသနတ္ကိုင္ေဆာင္ထားသူႏွစ္ဦးက အနီးကပ္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးအားဆီတြင္ ညာဘက္ေက်ာျပင္၌ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈခံယူခဲ့ရျခင္း ျဖစ္သည္။
“အဓိကေတာ့ ယဥ္ေက်းမႈဥကၠ႒ဆိုတာက သူက လူမႈေရးအသင္းအဖြဲ႕ပဲေလ။ လက္ နက္ကိုင္မဟုတ္ဘူးေလ။ တစ္မ်ိဳးသားလုံးရဲ႕ ယဥ္ေက်းမႈဗဟိုေကာ္မတီရဲ႕ ဥကၠ႒ကို လုပ္ႀကံတယ္ဆိုတာက လူမ်ိဳးတစ္မ်ိဳးကို ဖိႏွိပ္ဖို႔ စိန္ေခၚဖို႔ လုပ္ေဆာင္တယ္ လို႔ပဲ ျမင္တယ္။ အဲဒီအတြက္ လူမ်ိဳးေတြရဲ႕ စိတ္ထဲမွာေတာ့ အားလုံးနာက်င္မႈေတာ့ ရွိသြားမယ္။ ေနာက္ဆက္တြဲ ဘယ္လို ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမယ္လို႔ပဲ ျမင္ပါတယ္” ဟု ဒူးေလးပါတီဥကၠ႒ဦးေ႐ႊမင္းက မွတ္ခ်က္ျပဳသည္။
ႏိုင္ငံေရးအေျခအေနမ်ား ေျပာင္းလဲမႈမ်ားရွိေနေသာ္လည္း ဘာသာေရးအစြန္းေရာက္ေသာ၊ လူမ်ိဳးေရး အစြန္းေရာက္ေသာ စိတ္ဓာတ္မ်ားမွာ ယခုေခတ္ကာလတြင္ မရွိသင့္ေတာ့ေၾကာင္း ဦးေ႐ႊမင္းက ဆက္လက္ေျပာသည္။