ရုရှားပိုင်နက်အတွင်းပိုင်းကိုတိုက်ခိုက်ရန် အမေရိကန်သမ္မတ ခွင့်ပြုထားဟု ယူကရိန်းသမ္မတပြော

133

ဂျန်ဇက်(NP News) - စက်တင်ဘာ ၃ဝ
ယူကရိန်းသမ္မတ ဇယ်လန်စကီးက အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ရုရှားပိုင်နက် အတွင်း ပိုင်းအထိ တိုက်ခိုက်ရန် ယူကရိန်းကိုခွင့်ပြုပေးထား သလို စစ်ပွဲအပြောင်းအလဲ ဖြစ်စေမည့် လက်နက်များ ထောက်ပံ့ပေးဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတသည် သမ္မတဖြစ်လာ ပြီးနောက်ပိုင်း ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွား နေသောစစ်ပွဲကို အဆုံးသတ်ရန် ကြားဝင်စေ့စပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရုရှားအပေါ် သဘော ထားများ ပြောင်းလဲနေကြောင်း သတင်းများထွက် ပေါ်နေသည်။ ယူကရိန်းသမ္မတက ရုရှားသည် စစ်ပွဲ ကို ဆက်လက်ဖန်တီးနေမည်ဆိုလျှင် ရုရှားအစိုးရတာဝန်ရှိသူများသည် ဗုံးခွဲကျင်းများနေရာကို သိရှိ စေ ရန် လုပ်ဆောင်ထားရမည်ဟု သတိပေးထားသည်။ ယူကရိန်းသမ္မတသည် ပြီးခဲ့သောရက်ပိုင်းက Axios သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းသမ္မတက အမေရိကန် သမ္မတ သည် ရုရှားနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံ များ၊ လက်နက်စက်ရုံများကို တိုက်ခိုက်ရန်အတွက်လက်ရှိအချိန်တွင် ခွင့်ပြုပေးထားကြောင်း ပြောသည်။ ယူကရိန်းသမ္မတက ]ရုရှားအစိုးရတာဝန်ရှိသူတွေ ဟာ ဗုံးခိုကျင်းတွေ ဘယ်နေရာမှာရှိနေသလဲဆိုတာ ကို သိရှိအောင်ပိုမိုလုပ်ဆောင်ထားရမယ်။ ရုရှားဟာ စစ်ပွဲကိုရပ်တန့်တာမျိုး မလုပ်ဆောင်ဘူးဆိုရင် ရုရှား အစိုးရတာဝန်ရှိသူတွေအတွက် ဗုံးခွဲကျင်းတွေ လိုလာ မယ်။ ရုရှားဟာ ယူကရိန်းကို တာဝေး ပစ် လက်နက်တွေနဲ့ ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း ကောင်းမွန်တဲ့အဖြေ ပြန် ပေးမယ်”ဟု ပြောသည်။
ယူကရိန်းသမ္မတက ၎င်းတို့သည် အကြမ်းဖက်သမားများမဟုတ်သည့်အတွက် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မည်မဟုတ်ကြောင်း၊ ပြော သည်။ ယူကရိန်းစစ်တပ်က အသုံးပြုလျက်ရှိနေသည့် ဒရုန်းများသည် ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပျံ သန်း တိုက်ခိုက်နိုင်စွမ်းရှိနေကြောင်း၊ ပြောသည်။
ထို့ပြင် ယူကရိန်းသမ္မတက ရုရှားသမ္မတ ပူတင်ကို စစ်ပွဲအဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲ ကစားဝိုင်းကို လာရောက်စေရန် လက်နက်စနစ်များရှိထားပြီးဖြစ်ကြောင်းပြောသည်။ ရုရှားနှင့်ယူကရိန်း စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် ယူကရိန်းကို ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပစ် မှတ်ထားတိုက်ခိုက်ရန် တားမြစ်ထားခဲ့ကြောင်းသိရသည်။

Zawgyi Version:
႐ုရွားပိုင္နက္အတြင္းပိုင္းကိုတိုက္ခိုက္ရန္ အေမရိကန္သမၼတ ခြင့္ျပဳထားဟု ယူကရိန္းသမၼတေျပာ
ဂ်န္ဇက္(NP News) - စက္တင္ဘာ ၃ဝ
ယူကရိန္းသမၼတ ဇယ္လန္စကီးက အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္ သည္ ႐ုရွားပိုင္နက္ အတြင္း ပိုင္းအထိ တိုက္ခိုက္ရန္ ယူကရိန္းကိုခြင့္ျပဳေပးထား သလို စစ္ပြဲအေျပာင္းအလဲ ျဖစ္ေစမည့္ လက္နက္မ်ား ေထာက္ပံ့ေပးဖြယ္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္သမၼတသည္ သမၼတျဖစ္လာ ၿပီးေနာက္ပိုင္း ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြား ေနေသာစစ္ပြဲကို အဆုံးသတ္ရန္ ၾကားဝင္ေစ့စပ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႐ုရွားအေပၚ သေဘာ ထားမ်ား ေျပာင္းလဲေနေၾကာင္း သတင္းမ်ားထြက္ ေပၚေနသည္။ ယူကရိန္းသမၼတက ႐ုရွားသည္ စစ္ပြဲ ကို ဆက္လက္ဖန္တီးေနမည္ဆိုလွ်င္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားသည္ ဗုံးခြဲက်င္းမ်ားေနရာကို သိရွိ ေစ ရန္ လုပ္ေဆာင္ထားရမည္ဟု သတိေပးထားသည္။ ယူကရိန္းသမၼတသည္ ၿပီးခဲ့ေသာရက္ပိုင္းက Axios သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ ထည့္သြင္းေျပာ ဆိုခဲ့ျခင္းျဖစ္သည္။
ယူကရိန္းသမၼတက အေမရိကန္ သမၼတ သည္ ႐ုရွားႏိုင္ငံ၏ စြမ္းအင္အေျခခံအေဆာက္အအုံ မ်ား၊ လက္နက္စက္႐ုံမ်ားကို တိုက္ခိုက္ရန္အတြက္လက္ရွိအခ်ိန္တြင္ ခြင့္ျပဳေပးထားေၾကာင္း ေျပာသည္။ ယူကရိန္းသမၼတက ]႐ုရွားအစိုးရတာဝန္ရွိသူေတြ ဟာ ဗုံးခိုက်င္းေတြ ဘယ္ေနရာမွာရွိေနသလဲဆိုတာ ကို သိရွိေအာင္ပိုမိုလုပ္ေဆာင္ထားရမယ္။ ႐ုရွားဟာ စစ္ပြဲကိုရပ္တန႔္တာမ်ိဳး မလုပ္ေဆာင္ဘူးဆိုရင္ ႐ုရွား အစိုးရတာဝန္ရွိသူေတြအတြက္ ဗုံးခြဲက်င္းေတြ လိုလာ မယ္။ ႐ုရွားဟာ ယူကရိန္းကို တာေဝး ပစ္ လက္နက္ေတြနဲ႔ ထပ္မံတိုက္ခိုက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဘက္ကလည္း ေကာင္းမြန္တဲ့အေျဖ ျပန္ ေပးမယ္”ဟု ေျပာသည္။
ယူကရိန္းသမၼတက ၎တို႔သည္ အၾကမ္းဖက္သမားမ်ားမဟုတ္သည့္အတြက္ အရပ္သားမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မည္မဟုတ္ေၾကာင္း၊ ေျပာ သည္။ ယူကရိန္းစစ္တပ္က အသုံးျပဳလ်က္ရွိေနသည့္ ဒ႐ုန္းမ်ားသည္ ႐ုရွားပိုင္နက္အတြင္းပိုင္းအထိ ပ်ံ သန္း တိုက္ခိုက္ႏိုင္စြမ္းရွိေနေၾကာင္း၊ ေျပာသည္။
ထို႔ျပင္ ယူကရိန္းသမၼတက ႐ုရွားသမၼတ ပူတင္ကို စစ္ပြဲအဆုံးသတ္ရန္အတြက္ ေဆြးေႏြးပြဲ ကစားဝိုင္းကို လာေရာက္ေစရန္ လက္နက္စနစ္မ်ားရွိထားၿပီးျဖစ္ေၾကာင္းေျပာသည္။ ႐ုရွားႏွင့္ယူကရိန္း စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရသည္ ယူကရိန္းကို ႐ုရွားပိုင္နက္အတြင္းပိုင္းအထိ ပစ္ မွတ္ထားတိုက္ခိုက္ရန္ တားျမစ္ထားခဲ့ေၾကာင္းသိရသည္။