ဖူလမ် နှင့် သရေကျသည့်ပွဲစဉ်တွင် အသင်းကစားပုံကို လီဗာပူးနည်းပြကလော့ စိတ်ဆိုးဒေါသဖြစ်နေ

 458

ဖြိုးခန့် (NP News) - သြဂုတ် ၇
လီဗာပူးအသင်းနည်းပြကလော့သည် ဖူလ်ဟမ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကစားခဲ့သည့် ပုံစံကို စိတ်ဆိုးဒေါသဖြစ်နေကြောင်းသိရသည်။

ဖူလ်ဟမ်အသင်း အိမ်ကွင်းပရိသတ်များသည် လီဗာပူးအသင်းကိုအော်ဟစ်လှောင်ပြောင်ခဲ့ပြီး ဖူလ်ဟမ်ကို တစ်ခဲနက်အားပေးမှုကြောင့် ဖူလ်ဟမ်သည် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းသည် အစပိုင်းတွင် ဦးဆောင်ကစားနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်၊၊ ဖူလ်ဟမ်အသင်းသည် ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ သော်လည်း ဒါဝင်နူနက်စ် လူစားလဲဝင်ရောက်ခဲ့ပြီးနောက် လီဗာပူလ်အသင်း ကစားပုံကောင်းမွန်လာခဲ့ကာ ဂိုးနှစ်ဂိုးပြန်သွင်းယူနိုင်ခဲ့သည်။ အဆိုပါပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြကလော့က အသင်း၏ ကစားသည့်ပုံစံနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့သည်၊၊

နည်းပြကလော့က “ရလဒ်ကမရှုံးနိမ့်ခဲ့သော်လည်း စွမ်းဆောင်ရည်ပိုင်းကတော့ ရှုံးနိမ့်ခဲ့ပါတယ်၊၊ ကျွန်တော်တို့ လိုချင်တဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်ပုံစံမျိုး ကစားခဲ့ကြတယ်။ ကျွန်တော်တို့ဟာ တိတိကျကျမြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး၊၊ ကစားပွဲနဲ့ပတ်သက်ပြီး အကောင်းဆုံးအရာကတော့ ရလဒ်ပါပဲ၊၊ ကျွန်တော်တို့ ကစားပွဲကိုအနိုင်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် နိုင်ပွဲမရယူနိုင်ခဲ့ဘူး” ဟု ဆိုသည်။

နည်းပြကလော့က “အလွန်ကို စိတ်ပျက်ရပါတယ်၊၊ ကျွန်တော်တို့ ဖူလ်ဟမ်အသင်းဆီကနေ ဘာမှကိုမယူချင်ပါ ဘူး၊၊ ဖူလ်ဟမ်အသင်းက တစ်ကယ့်ကို အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်၊၊ ရိုးရိုးသားသား ပြောရမယ်ဆို ရင် ဖူလ်ဟမ်အသင်းဟာ ကျွန်တော်တို့အသင်း နီးတောင်မနီးစပ်ခဲ့တဲ့အနေအထားမျိုးနဲ့ကစားသွားပြီး ဂိုးသွင်းယူခဲ့ တာပါ။ ကျွန်တော်တို့အရမ်းဆိုးဝါးတဲ့ကစားပွဲတစ်ခုကို ကစားမိခဲ့တာပါ၊၊ ယနေ့ကစားခဲ့တဲ့ပုံစံဟာ ကျွန်တော်တို့ ကစားလိုတဲ့ပုံစံမျိုးအတိုင်း မကစားနိုင်ခဲ့ဘူး။ အသင်းကစားခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ဘာကြောင့် ကျွန်တော် စိတ်ပျက်မှုတွေ မြင့်တက်လာတာလဲဆိုတာက အဲဒါက အဓိကအချက်ပါပဲ” ဟု ထုတ်ဖော်ပြောဆိုထားသည်။

https://soccer.nbcsports.com/2022/08/06/jurgen-klopp-fumes-at-liverpools-players-after-draw-at-fulham/

Zawgyi Version;
ဖူလမ္ ႏွင့္ သေရက်သည့္ပြဲစဥ္တြင္ အသင္းကစားပုံကို လီဗာပူးနည္းျပကေလာ့ စိတ္ဆိုးေဒါသျဖစ္ေန
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၇
လီဗာပူးအသင္းနည္းျပကေလာ့သည္ ဖူလ္ဟမ္အသင္းႏွင့္ ကစားခဲ့သည့္ပြဲစဥ္တြင္ လီဗာပူးလ္အသင္းကစားခဲ့သည့္ ပုံစံကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္းသိရသည္။

ဖူလ္ဟမ္အသင္း အိမ္ကြင္းပရိသတ္မ်ားသည္ လီဗာပူးအသင္းကိုေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၿပီး ဖူလ္ဟမ္ကို တစ္ခဲနက္အားေပးမႈေၾကာင့္ ဖူလ္ဟမ္သည္ အေကာင္းဆုံးပုံစံျဖင့္ ယွဥ္ၿပိဳင္ကစားႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းသည္ အစပိုင္းတြင္ ဦးေဆာင္ကစားႏိုင္ခဲ့ျခင္းမရွိေၾကာင္းသိရသည္၊၊ ဖူလ္ဟမ္အသင္းသည္ ၂ ႀကိမ္တိုင္ ဦးေဆာင္ႏိုင္ခဲ့ ေသာ္လည္း ဒါဝင္ႏူနက္စ္ လူစားလဲဝင္ေရာက္ခဲ့ၿပီးေနာက္ လီဗာပူလ္အသင္း ကစားပုံေကာင္းမြန္လာခဲ့ကာ ဂိုးႏွစ္ဂိုးျပန္သြင္းယူႏိုင္ခဲ့သည္။ အဆိုပါပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ နည္းျပကေလာ့က အသင္း၏ ကစားသည့္ပုံစံႏွင့္ပတ္သက္ၿပီး စိတ္ေက်နပ္မႈမရွိေၾကာင္း ေျပာၾကားခဲ့သည္၊၊

နည္းျပကေလာ့က “ရလဒ္ကမရႈံးနိမ့္ခဲ့ေသာ္လည္း စြမ္းေဆာင္ရည္ပိုင္းကေတာ့ ရႈံးနိမ့္ခဲ့ပါတယ္၊၊ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ပုံစံနဲ႔ ဆန႔္က်င္ဘက္ပုံစံမ်ိဳး ကစားခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ဟာ တိတိက်က်ျမန္ျမန္ဆန္ဆန္နဲ႔ အေကာင္းဆုံး မကစားႏိုင္ခဲ့ပါဘူး၊၊ ကစားပြဲနဲ႔ပတ္သက္ၿပီး အေကာင္းဆုံးအရာကေတာ့ ရလဒ္ပါပဲ၊၊ ကြၽန္ေတာ္တို႔ ကစားပြဲကိုအႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ႏိုင္ပြဲမရယူႏိုင္ခဲ့ဘူး” ဟု ဆိုသည္။

နည္းျပကေလာ့က “အလြန္ကို စိတ္ပ်က္ရပါတယ္၊၊ ကြၽန္ေတာ္တို႔ ဖူလ္ဟမ္အသင္းဆီကေန ဘာမွကိုမယူခ်င္ပါ ဘူး၊၊ ဖူလ္ဟမ္အသင္းက တစ္ကယ့္ကို အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္၊၊ ႐ိုး႐ိုးသားသား ေျပာရမယ္ဆို ရင္ ဖူလ္ဟမ္အသင္းဟာ ကြၽန္ေတာ္တို႔အသင္း နီးေတာင္မနီးစပ္ခဲ့တဲ့အေနအထားမ်ိဳးနဲ႔ကစားသြားၿပီး ဂိုးသြင္းယူခဲ့ တာပါ။ ကြၽန္ေတာ္တို႔အရမ္းဆိုးဝါးတဲ့ကစားပြဲတစ္ခုကို ကစားမိခဲ့တာပါ၊၊ ယေန႔ကစားခဲ့တဲ့ပုံစံဟာ ကြၽန္ေတာ္တို႔ ကစားလိုတဲ့ပုံစံမ်ိဳးအတိုင္း မကစားႏိုင္ခဲ့ဘူး။ အသင္းကစားခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ဘာေၾကာင့္ ကြၽန္ေတာ္ စိတ္ပ်က္မႈေတြ ျမင့္တက္လာတာလဲဆိုတာက အဲဒါက အဓိကအခ်က္ပါပဲ” ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။

https://soccer.nbcsports.com/2022/08/06/jurgen-klopp-fumes-at-liverpools-players-after-draw-at-fulham/

Related news

© 2021. All rights reserved.