ရခိုင်၌ တပ်မတော်နှင့် AA တို့အကြား တင်းမာမှုမြင့်တက်နေသည့်အတွက် အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလရုံးဆို

 868

မျိုးကြီး (NP News) - သြဂုတ် ၁ဝ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တင်းမာမှုမြင့်တက်နေသည့်အတွက် အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က အသိပေးပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ယနေ့ (သြဂုတ်လ ၁ဝ ရက်)တွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ အသိပေးပြောဆိုထားခြင်းဖြစ် သည်။

ပြည်နယ်နှင့်တိုင်းများတွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တင်း မာမှုများမြင့်တက်လျက်ရှိနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများနှင့် အ ရပ်သားသေဆုံးမှုများမှာ ကျယ်ပြန့်စွာဆက်လက်ဖြစ်ပွားနေကြောင်း UNOCHA က ဆိုသည်။

“ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ စစ်တပ်ကဝင်ရောက်စီးနင်းတာ၊ စစ်ဆေးရေး ဂိတ်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်တာတွေနဲ့ အ ရပ်သားတွေကိုဖမ်းဆီးထောင်ချတာတွေ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံမီဒီယာတွေရဲ့အချက်အလက်တွေအရ သိ ရှိရပါတယ်။ ရခိုင်ပြည်နယ်တွင်းအခြေအနေဟာ ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်ကြား တင်းမာမှုတွေမြင့်တက်နေတာကြောင့် အထူးစိုးရိမ်စရာဖြစ်ပါတယ်” ဟု UNOCHA က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ ပြီးခဲ့သော ရက်ပိုင်းများအတွင်းက တပ်မတော်နှင့် AA လက် နက်ကိုင်အဖွဲ့တို့အကြား အပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့ပြီး ၎င်းကဲ့သို့ အပြန်အလှန်ဖမ်း ဆီးမှုများကို လျှော့ချကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးပြီး နှစ်ဖက်တင်းမာနေမှုများကို လျှော့ချသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီက အကြံပြုတိုက်တွန်းခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၁၈ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းတစ်ခုကို AA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကာ တပ်ဖွဲ့ဝင်များကို ဖမ်း ဆီးသွားပြီးနောက် နှစ်ဖက်အကြား စစ်ရေးတင်းမာလာခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

လက်ရှိတည်ငြိမ်နေသော ရခိုင်ပြည်နယ်၌ တိုက်ပွဲများပြန်လည်မဖြစ်ပွားရေးအတွက် တပ်မတော်နှင့် AA အဖွဲ့တို့ကြား စစ်ရေးတင်းမာလာနေမှုများအပေါ် ညှိနှိုင်းဖြေရှင်းရန် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က တိုက်တွန်းအကြံပြုထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်ရှိအချိန်အထိ လူဦးရေ ၁ ဒသမ ၂ သန်းသည် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ကြောင်း UNOCHA က ဆိုသည်။

zawgyi version
ရခိုင္၌ တပ္မေတာ္ႏွင့္ AA တို႔အၾကား တင္းမာမႈျမင့္တက္ေနသည့္အတြက္ အထူးစိုးရိမ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလ႐ုံးဆို
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၁ဝ

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔အၾကား တင္းမာမႈျမင့္တက္ေနသည့္အတြက္ အထူးစိုးရိမ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး(OCHA)က အသိေပးေျပာဆိုလိုက္သည္။

ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံးက ယေန႔ (ၾသဂုတ္လ ၁ဝ ရက္)တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကာ အသိေပးေျပာဆိုထားျခင္းျဖစ္ သည္။

ျပည္နယ္ႏွင့္တိုင္းမ်ားတြင္ လက္နက္ကိုင္တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး တင္း မာမႈမ်ားျမင့္တက္လ်က္ရွိေနျခင္းေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသူမ်ားႏွင့္ အ ရပ္သားေသဆုံးမႈမ်ားမွာ က်ယ္ျပန႔္စြာဆက္လက္ျဖစ္ပြားေနေၾကာင္း UNOCHA က ဆိုသည္။

“ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ စစ္တပ္ကဝင္ေရာက္စီးနင္းတာ၊ စစ္ေဆးေရး ဂိတ္ေတြမွာ လုံၿခဳံေရးပိုမိုတင္းက်ပ္တာေတြနဲ႔ အ ရပ္သားေတြကိုဖမ္းဆီးေထာင္ခ်တာေတြ ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္းမွာ ျဖစ္ပြားခဲ့တယ္လို႔ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ေဒသခံမီဒီယာေတြရဲ႕အခ်က္အလက္ေတြအရ သိ ရွိရပါတယ္။ ရခိုင္ျပည္နယ္တြင္းအေျခအေနဟာ ရကၡိဳင့္တပ္ေတာ္နဲ႔ တပ္မေတာ္ၾကား တင္းမာမႈေတြျမင့္တက္ေနတာေၾကာင့္ အထူးစိုးရိမ္စရာျဖစ္ပါတယ္” ဟု UNOCHA က ေျပာသည္။

ရခိုင္ျပည္နယ္အတြင္း၌ ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းက တပ္မေတာ္ႏွင့္ AA လက္ နက္ကိုင္အဖြဲ႕တို႔အၾကား အျပန္အလွန္ဖမ္းဆီးမႈမ်ားရွိခဲ့ၿပီး ၎ကဲ့သို႔ အျပန္အလွန္ဖမ္း ဆီးမႈမ်ားကို ေလွ်ာ့ခ်ကာ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးၿပီး ႏွစ္ဖက္တင္းမာေနမႈမ်ားကို ေလွ်ာ့ခ်သင့္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက အႀကံျပဳတိုက္တြန္းခဲ့သည္။

ထို႔ျပင္ ဇူလိုင္လ ၁၈ ရက္က ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ တပ္မေတာ္လုံၿခဳံေရးစခန္းတစ္ခုကို AA အဖြဲ႕က သြားေရာက္တိုက္ခိုက္ခဲ့ကာ တပ္ဖြဲ႕ဝင္မ်ားကို ဖမ္း ဆီးသြားၿပီးေနာက္ ႏွစ္ဖက္အၾကား စစ္ေရးတင္းမာလာျခင္းျဖစ္ေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။

လက္ရွိတည္ၿငိမ္ေနေသာ ရခိုင္ျပည္နယ္၌ တိုက္ပြဲမ်ားျပန္လည္မျဖစ္ပြားေရးအတြက္ တပ္မေတာ္ႏွင့္ AA အဖြဲ႕တို႔ၾကား စစ္ေရးတင္းမာလာေနမႈမ်ားအေပၚ ညႇိႏႈိင္းေျဖရွင္းရန္ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က တိုက္တြန္းအႀကံျပဳထားသည္။

ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ လက္ရွိအခ်ိန္အထိ လူဦးေရ ၁ ဒသမ ၂ သန္းသည္ ပဋိပကၡမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရဆဲျဖစ္ေၾကာင္း UNOCHA က ဆိုသည္။

Related news

© 2021. All rights reserved.