ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်မယ့်အချိန်ကို ယူကရိန်း သမ္မတဇီလန်စကီး ခန့်မှန်းပြောဆို

 949

ဂျန်ဇက် (NP News) - သြဂုတ် ၁၁
ခရိုင်းမီးယားဒေသကို ပြန်လည်သိမ်းပိုက်နိုင်ချိန်အထိ ရုရှားနဲ့စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးက "ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲ၊ ဥရောပနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲတွေဟာ ခရိုင်းမီးယားဒေသနဲ့ သက်ဆိုင်နေတယ်။ ခရိုင်းမီးယားဒေသကို ပြန်လည်ရရှိမယ်ဆိုရင်တော့ စစ်ပွဲတွေ အဆုံးသတ်သင့်တယ်။ ခရိုင်းမီးယားဒေသဟာ ယူကရိန်းပိုင်နက်ဖြစ်တယ်။ ခရိုင်မီးယားဒေသကို ပြန်လည်ရယူနိုင်ရေးအတွက် တိုက်ခိုက်မှုတွေကို စွန့်လွှတ်မှာမဟုတ်ဘူး" လို့ပြောပါတယ်။

ရုရှားဟာ ခရိုင်းမီးယားဒေသမှာ စစ်အခြေစိုက်စခန်းအသုံးပြုမယ်ဆိုရင် မြေထဲပင်လယ်ဒေသ နဲ့ ပင်လယ်နက်ဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ရုရှားဟာ ခရိုင်းမီးယားဒေသကို ၂ဝဝ၄ ခုနှစ်က သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ယူကရိန်းအနေနဲ့ ခရိုင်မီးယားဒေသကို ဘယ်အချိန်ပြန်လည်သိမ်းပိုက်နိုင်မလဲဆိုတာကို အတိအကျပြောလို့ မရနိုင်သေးကြောင်း၊ ခရိုင်းမီးယားဒေသကို ရုရှားလက်အောက်ကနေလွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက ယူကရိန်းဟာ အနောက်အုပ်စုနိုင်ငံများက ကူညီထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်များကိုအသုံးပြုပြီး ခရိုင်းမီးယားဒေသရှိ ရုရှားစစ်သင်္ဘောအုပ်စုတွေကိုဖျက်ဆီးသွားမှာဖြစ်ပြီး ခရိုင်မီးယားဒေသကို ပြန်လည်သိမ်းပိုက်သွားဖို့ ရည်ရွယ်ထားကြောင်း ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ခရိုင်းမီးယားဒေသကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက အနှေးနဲ့အမြန်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။

ယူကရိန်းဟာ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်မီးယာဒေသနဲ့ ရုရှားနိုင်ငံ ကရက်နိုဒါဒေသကို ချိတ်ဆက်ထားတဲ့ ၁၉ ကီလိုမီတာအရှည်ရှိတံတားကို ဖျက်ဆီးပစ်မယ်လို့ ယူကရိန်းစစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

https://www.rt.com/russia/560594-zelensky-crimea-ukraine-liberation/

Zawgyi Version;
ယူကရိန္းစစ္ပြဲအဆုံးသတ္ႏိုင္မယ့္အခ်ိန္ကို ယူကရိန္း သမၼတဇီလန္စကီး ခန႔္မွန္းေျပာဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၁
ခ႐ိုင္းမီးယားေဒသကို ျပန္လည္သိမ္းပိုက္ႏိုင္ခ်ိန္အထိ ႐ုရွားနဲ႔စစ္ပြဲကို ဆက္လက္တိုက္ခိုက္သြားမွာျဖစ္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးက "ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲ၊ ဥေရာပနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲေတြဟာ ခ႐ိုင္းမီးယားေဒသနဲ႔ သက္ဆိုင္ေနတယ္။ ခ႐ိုင္းမီးယားေဒသကို ျပန္လည္ရရွိမယ္ဆိုရင္ေတာ့ စစ္ပြဲေတြ အဆုံးသတ္သင့္တယ္။ ခ႐ိုင္းမီးယားေဒသဟာ ယူကရိန္းပိုင္နက္ျဖစ္တယ္။ ခ႐ိုင္မီးယားေဒသကို ျပန္လည္ရယူႏိုင္ေရးအတြက္ တိုက္ခိုက္မႈေတြကို စြန႔္လႊတ္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

႐ုရွားဟာ ခ႐ိုင္းမီးယားေဒသမွာ စစ္အေျခစိုက္စခန္းအသုံးျပဳမယ္ဆိုရင္ ေျမထဲပင္လယ္ေဒသ နဲ႔ ပင္လယ္နက္ေဒသေတြမွာ ၿငိမ္းခ်မ္းေရး ရရွိမွာမဟုတ္ဘူးလို႔ ယူကရိန္းသမၼတက ေျပာပါတယ္။

႐ုရွားဟာ ခ႐ိုင္းမီးယားေဒသကို ၂ဝဝ၄ ခုႏွစ္က သိမ္းပိုက္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ထိန္းခ်ဳပ္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ယူကရိန္းအေနနဲ႔ ခ႐ိုင္မီးယားေဒသကို ဘယ္အခ်ိန္ျပန္လည္သိမ္းပိုက္ႏိုင္မလဲဆိုတာကို အတိအက်ေျပာလို႔ မရႏိုင္ေသးေၾကာင္း၊ ခ႐ိုင္းမီးယားေဒသကို ႐ုရွားလက္ေအာက္ကေနလြတ္ေျမာက္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္သြားရမွာျဖစ္ေၾကာင္း ယူကရိန္းသမၼတက ေျပာပါတယ္။

ယူကရိန္း ဒုတိယကာကြယ္ေရးဝန္ႀကီးက ယူကရိန္းဟာ အေနာက္အုပ္စုႏိုင္ငံမ်ားက ကူညီေထာက္ပံ့ေပးထားတဲ့ တာေဝးပစ္လက္နက္မ်ားကိုအသုံးျပဳၿပီး ခ႐ိုင္းမီးယားေဒသရွိ ႐ုရွားစစ္သေဘၤာအုပ္စုေတြကိုဖ်က္ဆီးသြားမွာျဖစ္ၿပီး ခ႐ိုင္မီးယားေဒသကို ျပန္လည္သိမ္းပိုက္သြားဖို႔ ရည္႐ြယ္ထားေၾကာင္း ၿပီးခဲ့တဲ့လက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ခ႐ိုင္းမီးယားေဒသကို ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္မႈေတြက အေႏွးနဲ႔အျမန္ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးကေျပာပါတယ္။

ယူကရိန္းဟာ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ ခ႐ိုင္မီးယာေဒသနဲ႔ ႐ုရွားႏိုင္ငံ ကရက္ႏိုဒါေဒသကို ခ်ိတ္ဆက္ထားတဲ့ ၁၉ ကီလိုမီတာအရွည္ရွိတံတားကို ဖ်က္ဆီးပစ္မယ္လို႔ ယူကရိန္းစစ္ဘက္တာဝန္ရွိသူေတြက ေျပာပါတယ္။

https://www.rt.com/russia/560594-zelensky-crimea-ukraine-liberation/

Related news

© 2021. All rights reserved.