ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ရပြီးနောက် မန်စီးတီးအသင်းကို ယခုထက် ပိုမိုကောင်းမွန်သည့်ခြေစွမ်းမျိုးဖြင့် တွေ့မြင်ရဦးမည်ဟု ဒီဘရိုင်းဆို

113

ဖြိုးခန့် (NP News) - သြဂုတ် ၁၅
မန်စီးတီးအသင်းသည် သြဂုတ်(၁၃) ရက်နေ့က ဘုန်းမောက်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး (၄)ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ကွင်းလယ်ကစားသမား ဒီဘရိုင်းက မန်စီးတီးအသင်းအနေဖြင့် ယခုထက်ပိုပြီး လုပ်နိုင်စွမ်းတွေ ထပ်မံပြသသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်၊၊
ဘုန်းမောက်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဟာလန်းပေးလိုက်သော ဘောလုံးကိုဂမ်ဒိုဂမ် က ဂိုးထဲသို့ ကန်သွင်းခဲ့ပြီး မန်စီးတီးအသင်းအတွက် အဖွင့်ဂိုး ကို သွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်၊၊
ဂမ်ဒိုဂမ် အဖွင့်ဂိုးသွင်းယူပြီးနောက် မကြာမီ ဒီဘရိုင်းသည် မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူ ပေးနိုင်ခဲ့ သိရသည်၊၊ ဒီဘရိုင်းသည် ဒုတိယပိုင်းမတိုင်မီ ဖိုဒန်အတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး တတိယမြောက် သွင်း ဂိုးကို ဖိုဒန်က သွင်းယူနိုင်ခဲ့ကြောင်းသိရသည်၊၊
ပွဲမပြီးခင် မိနစ်ပိုင်းအလိုတွင် ဘုန်းမောက်ကစားသမား ဂျက်ဖာဆန်လာမာက ကိုယ်ဂိုးကိုယ် သွင်းယူခဲ့ရာ မန်စီးတီး အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲလုံးတွင် ဒုတိယမြောက် နိုင်ပွဲကို ထပ်မံရယူနိုင်ခဲ့ကြောင်းသိရသည်၊၊
ဒီဘရိုင်းက “နေကလည်းအရမ်းပူနေတော့ ကစားရတဲ့အခြေအနေတွေက အရမ်းခက်တယ်၊၊ ပထမပိုင်းမှာတင် ဘုန်းမောက်အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့က တော်တော်လေးကို ကောင်းမွန်တဲ့ ခံစစ်ပုံစံနဲ့ ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ဒီထက်ပိုပြီးကောင်းတဲ့ နောက်ထပ်ခြေစွမ်း အဆင့် အတန်းတစ်ခုနဲ့ထပ်မြင်ရဦးမှာပါ။ ကျွန်တော်တို့အသင်းဟာ ဒီပွဲစဉ်မှာ မျှော်လင့်သလောက် အများကြီး အားထုတ် မကစားနိုင်ခဲ့ဘူး။ ထပ်တက်နိုင်ဦးမယ်လို့ထင်တယ်၊၊ ကျွန်တော်ငယ်ငယ်တည်းက အရာရာတိုင်းကို ရယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်ခြေ၊ ညာခြေ နှစ်ဖက်စလုံးနဲ့ ဘောလုံးကစားနိုင်ခြင်းက ဘောလုံးသမားတစ်ဦးအတွက် အဓိက အရေးပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်ဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ အကောင်းဆုံးကစားနိုင်ခဲ့သလို အသင်းကို ကူညီပေးနိုင်ခဲ့တယ်" ဟုဆိုသည်။
https://www.mancity.com/news/mens/kevin-de-bruyne-post-bournemouth-63796004
Zawgyi Version;
ဘုန္းေမာက္ကို ဂိုးျပတ္အႏိုင္ရၿပီးေနာက္ မန္စီးတီးအသင္းကို ယခုထက္ ပိုမိုေကာင္းမြန္သည့္ေျခစြမ္းမ်ိဳးျဖင့္ ေတြ႕ျမင္ရဦးမည္ဟု ဒီဘ႐ိုင္းဆို
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၅
မန္စီးတီးအသင္းသည္ ၾသဂုတ္(၁၃) ရက္ေန႔က ဘုန္းေမာက္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး (၄)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ ရရွိခဲ့ၿပီးေနာက္ ကြင္းလယ္ကစားသမား ဒီဘ႐ိုင္းက မန္စီးတီးအသင္းအေနျဖင့္ ယခုထက္ပိုၿပီး လုပ္ႏိုင္စြမ္းေတြ ထပ္မံျပသသြားမည္ျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့သည္၊၊
ဘုန္းေမာက္ႏွင့္ယွဥ္ၿပိဳင္ကစားခဲ့သည့္ပြဲတြင္ ဟာလန္းေပးလိုက္ေသာ ေဘာလုံးကိုဂမ္ဒိုဂမ္ က ဂိုးထဲသို႔ ကန္သြင္းခဲ့ၿပီး မန္စီးတီးအသင္းအတြက္ အဖြင့္ဂိုး ကို သြင္းယူေပးႏိုင္ခဲ့ေၾကာင္းသိရသည္၊၊
ဂမ္ဒိုဂမ္ အဖြင့္ဂိုးသြင္းယူၿပီးေနာက္ မၾကာမီ ဒီဘ႐ိုင္းသည္ မန္စီးတီးအသင္းအတြက္ ဒုတိယဂိုးကို ထပ္မံသြင္းယူ ေပးႏိုင္ခဲ့ သိရသည္၊၊ ဒီဘ႐ိုင္းသည္ ဒုတိယပိုင္းမတိုင္မီ ဖိုဒန္အတြက္ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့ၿပီး တတိယေျမာက္ သြင္း ဂိုးကို ဖိုဒန္က သြင္းယူႏိုင္ခဲ့ေၾကာင္းသိရသည္၊၊
ပြဲမၿပီးခင္ မိနစ္ပိုင္းအလိုတြင္ ဘုန္းေမာက္ကစားသမား ဂ်က္ဖာဆန္လာမာက ကိုယ္ဂိုးကိုယ္ သြင္းယူခဲ့ရာ မန္စီးတီး အသင္းက ၄ ဂိုးျပတ္ျဖင့္ အႏိုင္ရခဲ့ၿပီး မန္စီးတီးအသင္းသည္ ပရီးမီးယားလိဂ္ပြဲစဥ္ ႏွစ္ပြဲလုံးတြင္ ဒုတိယေျမာက္ ႏိုင္ပြဲကို ထပ္မံရယူႏိုင္ခဲ့ေၾကာင္းသိရသည္၊၊
ဒီဘ႐ိုင္းက “ေနကလည္းအရမ္းပူေနေတာ့ ကစားရတဲ့အေျခအေနေတြက အရမ္းခက္တယ္၊၊ ပထမပိုင္းမွာတင္ ဘုန္းေမာက္အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ သူတို႔က ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့ ခံစစ္ပုံစံနဲ႔ ကစားခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ကို ဒီထက္ပိုၿပီးေကာင္းတဲ့ ေနာက္ထပ္ေျခစြမ္း အဆင့္ အတန္းတစ္ခုနဲ႔ထပ္ျမင္ရဦးမွာပါ။ ကြၽန္ေတာ္တို႔အသင္းဟာ ဒီပြဲစဥ္မွာ ေမွ်ာ္လင့္သေလာက္ အမ်ားႀကီး အားထုတ္ မကစားႏိုင္ခဲ့ဘူး။ ထပ္တက္ႏိုင္ဦးမယ္လို႔ထင္တယ္၊၊ ကြၽန္ေတာ္ငယ္ငယ္တည္းက အရာရာတိုင္းကို ရယူႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္။ ဘယ္ေျခ၊ ညာေျခ ႏွစ္ဖက္စလုံးနဲ႔ ေဘာလုံးကစားႏိုင္ျခင္းက ေဘာလုံးသမားတစ္ဦးအတြက္ အဓိက အေရးပါတယ္။ ဒီေန႔ပြဲစဥ္မွာ ကြၽန္ေတာ္ဟာ ေျခေထာက္ႏွစ္ဖက္စလုံးနဲ႔ အေကာင္းဆုံးကစားႏိုင္ခဲ့သလို အသင္းကို ကူညီေပးႏိုင္ခဲ့တယ္" ဟုဆိုသည္။
https://www.mancity.com/news/mens/kevin-de-bruyne-post-bournemouth-63796004