မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲပြောဆိုမှုများကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၂)ခုက ကန့်ကွက်ကြောင်း ထုတ်ပြန်

 870

ယွန်း (NP News) - သြဂုတ် ၁၅
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ၏ စွပ်စွဲပြောဆိုမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၂)ပါတီက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ကာ နိုင်ငံရေးပါတီ (၂၂)ပါတီက သြဂုတ်လ ၁၄ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန် ကြေညာကာ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက သြဂုတ်လ (၈)ရက်၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသော အာဆီယံနေ့အခမ်းအနား နှင့် သြဂုတ်လ (၁၀)ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲများတွင် မြန်မာနိုင်ငံအား အာဆီယံ၏ လူသားချင်းစာနာမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင် ရွက်ခြင်း မရှိကြောင်း စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ မလေးရှားဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများကို တရားဝင်အား ပေးရာရောက်သည့်အပြင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေမည့် စွပ်စွဲပြောဆိုမှုများအား ရှောင်ရှားသင့်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု ပျက်ပြားအောင်နှောင့်ယှက်နေသည့် မလေးရှားဝန်ကြီး ၏မမှန်မကန် စွပ်စွဲပြောကြားချက်များကို ၎င်းတို့အနေဖြင့် နိုင်ငံတော်အကျိုးအတွက် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး၏ စြပ္စြဲေျပာဆိုမႈမ်ားကို ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ (၂၂)ခုက ကန႔္ကြက္ေၾကာင္း ထုတ္ျပန္
ယြန္း (NP News) - ၾသဂုတ္ ၁၅

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္အဗၺဒူလာ၏ စြပ္စြဲေျပာဆိုမႈမ်ားကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီ (၂၂)ပါတီက ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

ျပည္ခိုင္ၿဖိဳးပါတီေခါင္းေဆာင္ကာ ႏိုင္ငံေရးပါတီ (၂၂)ပါတီက ၾသဂုတ္လ ၁၄ ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ ေၾကညာကာ ကန႔္ကြက္ခဲ့ျခင္းျဖစ္သည္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္အဗၺဒူလာက ၾသဂုတ္လ (၈)ရက္၌ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕တြင္ က်င္းပေသာ အာဆီယံေန႔အခမ္းအနား ႏွင့္ ၾသဂုတ္လ (၁၀)ရက္တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲမ်ားတြင္ ျမန္မာႏိုင္ငံအား အာဆီယံ၏ လူသားခ်င္းစာနာမႈ လုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းေဆာင္ ႐ြက္ျခင္း မရွိေၾကာင္း စြပ္စြဲေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ မေလးရွားဝန္ႀကီးအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းရွိ မၿငိမ္သက္မႈမ်ားႏွင့္ အၾကမ္းဖက္မႈမ်ားကို တရားဝင္အား ေပးရာေရာက္သည့္အျပင္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံ၏ ျပည္တြင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ရာေရာက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ျမန္မာႏိုင္ငံ၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ေစမည့္ စြပ္စြဲေျပာဆိုမႈမ်ားအား ေရွာင္ရွားသင့္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ၿပီး ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္မႈ ပ်က္ျပားေအာင္ေႏွာင့္ယွက္ေနသည့္ မေလးရွားဝန္ႀကီး ၏မမွန္မကန္ စြပ္စြဲေျပာၾကားခ်က္မ်ားကို ၎တို႔အေနျဖင့္ ႏိုင္ငံေတာ္အက်ိဳးအတြက္ ကန႔္ကြက္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Picture

U Myint Thein

16/08/2022 16:41

Very good

Related news

© 2021. All rights reserved.