အာဖရိကတိုက်မှာ တရုတ်ကိုရင်ဆိုင်ဖို့ ဂျပန်ရဲ့အခန်းကဏ္ဍချဲ့ထွင်ရေး ဂျပန်ဝန်ကြီးချုပ် ကြိုးပမ်းမယ်

 545

ဂျန်ဇက် (NP News) - သြဂုတ် ၂၁

ဂျပန်ဝန်ကြီးချုပ်ဟာ သြဂုတ်လနောက်ပိုင်းမှာ ဂျပန်နိုင်ငံက ဦးဆောင်တဲ့ နိုင်ငံတကာညီလာခံတစ်ခုမှာ အာဖရိက တိုးတက်ရေးပိုမိုတွန်းအားပေးတဲ့အစီအစဉ်တစ်ရပ် ချမှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၇ ရက် နဲ့ ၂၈ ရက်နေ့တွေမှာ တူနီးရှားနိုင်ငံမှာ ကျင်းပမယ့် ၈ ကြိမ်မြောက် အာဖရိက တိုးတက် ဖွံ့ဖြိုးရေးဆိုင်ရာ တိုကျိုနိုင်ငံတကာညီလာခံ (TICAD) ကို ဝန်ကြီးချုပ် ကီရှီဒါနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa ဟာယာရှိ ယိုရှိိမာဆာတို့ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ အာဖရိကမှာ သြဇာလွှမ်းမိုးဖို့ချဲ့ထွင်နေတဲ့ တရုတ်ကို ရည်ရွယ်လုပ်ဆောင်နေတာဖြစ် တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အာဖရိကမှာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ကြိုးပမ်းလာခဲ့ ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ (TICAD) မှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့စွမ်းအင်သုံးစွဲမှုကို တွန်းအားပေးမယ့်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တစ်ရပ်ကို ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံဟာ အာဖရိကနိုင်ငံတွေကို စိုက်ပျိုးရေးနဲ့ တခြားစက်မှုလုပ်ငန်းနယ်ပယ်တွေမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေအပြင် ကူးစက်ရောဂါတွေလို ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းရေးအတွက်လည်း ပံ့ပိုးကူညီသွားဖို့ စီစဉ်ဆောင်ရွက်ဖွယ် ရှိနေပါတယ်။

(TICAD) ညီလာခံ တက်ရောက်လာသူတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကြားမှာ အာဖရိကရဲ့ စိုက်ပျိုး ရေးစွမ်းရည်မြှင့်တင်ဖို့နည်းလမ်းတွေကို အဓိကဆွေးနွေးဖွယ်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးနည်းလမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

https://www3.nhk.or.jp/nhkworld/en/news/20220820_03/

Zawgyi Version;
အာဖရိကတိုက္မွာ တ႐ုတ္ကိုရင္ဆိုင္ဖို႔ ဂ်ပန္ရဲ႕အခန္းက႑ခ်ဲ႕ထြင္ေရး ဂ်ပန္ဝန္ႀကီးခ်ဳပ္ ႀကိဳးပမ္းမယ္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၁

ဂ်ပန္ဝန္ႀကီးခ်ဳပ္ဟာ ၾသဂုတ္လေနာက္ပိုင္းမွာ ဂ်ပန္ႏိုင္ငံက ဦးေဆာင္တဲ့ ႏိုင္ငံတကာညီလာခံတစ္ခုမွာ အာဖရိက တိုးတက္ေရးပိုမိုတြန္းအားေပးတဲ့အစီအစဥ္တစ္ရပ္ ခ်မွတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဩဂုတ္လ ၂၇ ရက္ နဲ႔ ၂၈ ရက္ေန႔ေတြမွာ တူနီးရွားႏိုင္ငံမွာ က်င္းပမယ့္ ၈ ႀကိမ္ေျမာက္ အာဖရိက တိုးတက္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ တိုက်ိဳႏိုင္ငံတကာညီလာခံ (TICAD) ကို ဝန္ႀကီးခ်ဳပ္ ကီရွီဒါနဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Hayashi Yoshimasa ဟာယာရွိ ယိုရွိိမာဆာတို႔ တက္ေရာက္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ဟာ အာဖရိကမွာ ၾသဇာလႊမ္းမိုးဖို႔ခ်ဲ႕ထြင္ေနတဲ့ တ႐ုတ္ကို ရည္႐ြယ္လုပ္ေဆာင္ေနတာျဖစ္ တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အာဖရိကမွာ ၾသဇာလႊမ္းမိုးမႈကို ခ်ဲ႕ထြင္ဖို႔ႀကိဳးပမ္းလာခဲ့ ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ဟာ (TICAD) မွာ ျပန္လည္ျဖည့္တင္းႏိုင္တဲ့စြမ္းအင္သုံးစြဲမႈကို တြန္းအားေပးမယ့္အစိုးရနဲ႔ ပုဂၢလိကက႑ ရင္းႏွီးျမႇဳပ္ႏွံမႈအစီအစဥ္တစ္ရပ္ကို ေၾကညာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ဂ်ပန္ႏိုင္ငံဟာ အာဖရိကႏိုင္ငံေတြကို စိုက္ပ်ိဳးေရးနဲ႔ တျခားစက္မႈလုပ္ငန္းနယ္ပယ္ေတြမွာ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ တရားဝင္ ဖြံ႕ၿဖိဳးတိုးတက္ေရးအကူအညီေတြအျပင္ ကူးစက္ေရာဂါေတြလို က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာကိစၥရပ္ေတြ ကိုင္တြယ္ေျဖရွင္းေရးအတြက္လည္း ပံ့ပိုးကူညီသြားဖို႔ စီစဥ္ေဆာင္႐ြက္ဖြယ္ ရွိေနပါတယ္။

(TICAD) ညီလာခံ တက္ေရာက္လာသူေတြဟာ ကမာၻ႔စားနပ္ရိကၡာအက်ပ္အတည္းၾကားမွာ အာဖရိကရဲ႕ စိုက္ပ်ိဳး ေရးစြမ္းရည္ျမႇင့္တင္ဖို႔နည္းလမ္းေတြကို အဓိကေဆြးေႏြးဖြယ္ရွိေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း နယ္ပယ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈ တိုးတက္ေရးနည္းလမ္းေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအစီအမံေတြ ပါဝင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

https://www3.nhk.or.jp/nhkworld/en/news/20220820_03/

Related news

© 2021. All rights reserved.