ဆင်းရဲ‌နွမ်းပါးမှု ပိုမိုတိုးပွားမလာစေရေးအတွက် စီးပွားရေးဆိုင်ရာမူဝါဒများကို ပါးစပ်ဖြင့် အားပေးရုံသာမက လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်နေ

 865

ယွန်း (NP News) - ဇွန် ၂၈

ပြည်တွင်း၌ ဆင်းရဲနွမ်းပါးမှု တိုးပွားမလာစေရေးအတွက် စီးပွားရေးဆိုင်ရာမူဝါဒများကို ပါးစပ်ဖြင့် အားပေးရုံသာမက လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က NP News မှတစ်ဆင့် သုံးသပ်ပြောကြားထားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များအပြီး ဖြစ်ပေါ်လာခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံလူဦးရေ၏ (၃၂)ရာခိုင်နှုန်းကျော်ဖြစ်သည့် ပြည်သူ (၁၇)သန်းကျော်သည် ဆင်းရဲတွင်းထဲသို့ ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

အလုပ်အကိုင်ရှားပါးမှုအပါအဝင် လုပ်ခလစာ၊ ကုန်ဈေးနှုန်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌ အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအခက်အခဲကို ပိုမိုရင်ဆိုင်လာရပြီး စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ရန် ပိုမိုလိုအပ်လာကြောင်း သိရသည်။

“ ကမ္ဘာ့ဘဏ်က သုံးသပ်ချက်ဆိုတာ အခြေခံအချက်အလက်တွေ အများကြီးရှိတယ်။ အလုပ်အကိုင်၊ လုပ်ခလစာ၊ ကုန်ဈေးနှုန်း၊ နယ်မြေငြိမ်သက်မှုရှိ မရှိတွေအားလုံးကို ခြုံငုံပြီးတော့ သုံးသပ်တာပေါ့။ အမှန်တိုင်းပြောရရင် ကိုဗစ်ဖြစ်တည်းက ဒေတာတွေက အကုန်လုံးဆင်းနေတာလေ။ တကယ်လည်း ကျဆင်းတဲ့အထဲမှာ ပါတယ်။ ရာဇဝတ်မှုတွေလည်း ပါတယ်။ အဲဒါတွေအကုန်လုံးကို တွက်ချက်တာ ဖြစ်တဲ့အတွက် မလွဲဘူးအမှန်ပဲ။ ဒီအတိုင်း ဆက်သွားရင်တော့ဆိုးမှာ။ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်ဖို့ဆိုတာတော့ အစိုးရ တစ်ရပ်မှာ တာဝန်ရှိတယ်။ အဲဒီဟာတွေရဖို့ဆိုတာကလည်း လုပ်ငန်းတွေ လည်ပတ်နိုင်စွမ်းရှိ မရှိဆိုတဲ့အပေါ်မှာ အများကြီး မူတည်တယ်။ အခုအနေအထားက သွင်းကုန်၊ ထုတ်ကုန်တွေမှာ ပြဿနာတွေရှိတယ်။ မငြိမ်သက်တော့ စိုက်ပျိုးလို့မရဘူး။ နောက်ပြီး ဒေါ်လာဈေးနှုန်းတက်တဲ့အတွက် ဓာတ်မြေဩဇာ တို့ဘာတို့ သွင်းကုန်တွေ လည်း တက်နေတယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စီးပွား‌ရေးကဏ္ဍပြန်လည်ကောင်းမွန်စေရေးအတွက် အလုပ် အကိုင် အခွင့်အလမ်းများ ဖွံဖြိုးရေးကို မည်သို့အားပေးရမည်ကို ဦးစားပေးစဉ်စားသင့်ကြောင့် စီးပွားရေး လုပ်ငန်းရှင်များက ဆိုထားသည်။ ထို့ပြင် ဆင်းရဲမွဲတေသူဦးရေ တိုးပွားမလာစေရေးအတွက် စီးပွားရေးနှင့် သက်ဆိုင်သည့်မူဝါဒ များကို လက်တွေ့အကောင် အထည်ဖော်သင့်ကြောင်း အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

“ အလုပ်လုပ်တာကို အားပေးတယ်ဆိုတာ ပါးစပ်နဲ့အားပေးလို့မရဘူး။ နောက်တစ်ခုက ပြည်တွင်း ထုတ်ကုန်ကို အရမ်းပြောလို့လည်းမရဘူး။ လျှပ်စစ်ကလည်း မလုံလောက်ဘူး။ နောက်ပြီး တော့ နယ်မြေတွေက ငြိမ်းချမ်းရေးတွေလည်းရဖို့လိုတယ်။ မငြိမ်းချမ်းရင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးက ဘာမှသေချာလုပ်လို့ မရဘူး။ အခုဖြစ်နေတဲ့နေရာတွေက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်တဲ့နေရာတွေ များတယ်လေ။ ပြီးရင် လုပ်မယ့် လူငယ်တွေမရှိဘူး။ စစ်ဘေးရှောင်‌တွေ များတယ်။ အဓိကကတော့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့မူဝါဒတွေက ပါးစပ် အားပေးလုပ်ရုံနဲ့ မရဘူး။ လက်တွေ့ မြန်မြန်ဆန်ဆန်နဲ့ ဆုံးဖြတ်ပြီး အကောင် အထည်ဖော်မှရမှာ” ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ငွေကြေးဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်မှု ကြောင့် နိုင်ငံအနှံ့တွင် ဆင်းရဲနွမ်းပါးမှု ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။ ထိုသို့ ဆင်းရဲနွမ်းပါးမှုမြင့်တက်လာခြင်းသည် ရွှေဈေးနှင့် ဒေါ်လာ ဈေးကစားသူများကြောင့် လည်း ပါဝင်ပြီး လူသားချင်းစာနာမှုထားရန်လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုထားသည်။

“ ကမ္ဘာ့ဘဏ်က လူ(၁၇)သန်းက ဒီလိုမျိုးဖြစ်တယ်လို့ပြောရအောင် ဘယ်လိုမျိုး ကောက်ထား တာလဲဆိုတာ မေးဖို့လိုအပ်တယ်။ လက်ရှိအခြေအနေအရတော့ ရှိနေမှာပဲ။ မြန်မာနိုင်ငံကတင် မဟုတ်ဘူး နိုင်ငံတိုင်း လိုလို အနည်းနဲ့အများရှိတယ်။ မြန်မာနိုင်ငံလိုမျိုး ရွှေကစားမယ်။ ငွေကစားမယ်။ ဒီလိုမျိုး ဖြစ်ရင်တော့ အခြေခံ လူတန်းစားတွေက နိမ့်သထက် နိမ့်သွားမှာပဲ။ လူကိုလူလိုမြင်ပြီးတော့ လူသားချင်း စာနာမှုထားဖို့လိုတယ်။ ရွှေကစား၊ ဒေါ်လာကစား၊ အိမ်ခြံမြေကစားမယ်။ ကစားစရာ မဟုတ်တာတွေကို ကစားမယ်ဆိုရင်တော့ လူတန်းစားက ကွာဟသထက် ကွာဟလာမှာပဲ။ သူပြော တဲ့ပုံစံအတိုင်းဆို (၁၇)သန်းဆိုတာ အကြမ်းဖျင်းပြောရရင် နည်းတောင် နည်းသေးတယ်။ လက်ရှိမှာ ဘယ်လိုမျိုးအနေ အထားလူတွေက စားနိုင်သောက်နိုင်တာလဲ။ ဘယ်လို မျိုးလူတွေက အလုပ်ဖြစ် နေတာလဲ။ အကယ်၍သာ အရမ်းကြီးဆင်းရဲမွဲတေပြီး လူ(၁၇)သန်းတင်မဟုတ်ဘူး ထပ်ပြီးတော့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို‌‌တွေ၊ အလုပ်မလုပ်နိုင်သူတွေပါ ထပ်ပေါင်း လိုက်မယ်ဆိုရင် ဒီထက်များသွားမှာ‌ပေါ့” ဟု အထက်ပါ ပို့ကုန်လုပ်ငန်းရှင်က ဆိုသည်။

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက်ရှိပြီး ဆင်းသုခ ဆန်တစ်အိတ် လျှင် ငွေကျပ်(၈၅၀ဝဝ)ကျပ်နှင့် ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ်(၂၀ဝဝဝ၀)ကျော်အထိ ရောက်ရှိနေပြီး အခြေခံ လူတန်းစားများမှာ စားဝတ်နေရေးကျပ်တည်းလျက်ရှိနေသည်။ ထို့ပြင် နိုင်ငံရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ ပမာဏဆက်လက်မြင့်တက်နေပြီး အရေအတွက် ၂ ဒသမ ၉ သန်းအထိ ရှိလာကြောင်း မြန်မာနိုင်ငံရှိ The UN Office for the Coordination of Humanitarian Affairs (OCHA) က ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်ထားသည်။

zawgyi version
ဆင္းရဲ‌ႏြမ္းပါးမႈ ပိုမိုတိုးပြားမလာေစေရးအတြက္ စီးပြားေရးဆိုင္ရာမူဝါဒမ်ားကို ပါးစပ္ျဖင့္ အားေပး႐ုံသာမက လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ လိုအပ္ေန
ယြန္း (NP News) - ဇြန္ ၂၈

ျပည္တြင္း၌ ဆင္းရဲႏြမ္းပါးမႈ တိုးပြားမလာေစေရးအတြက္ စီးပြားေရးဆိုင္ရာမူဝါဒမ်ားကို ပါးစပ္ျဖင့္ အားေပး႐ုံသာမက လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ လိုအပ္ေနေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News မွတစ္ဆင့္ သုံးသပ္ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံ၌ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီး ျဖစ္ေပၚလာခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ ႏိုင္ငံလူဦးေရ၏ (၃၂)ရာခိုင္ႏႈန္းေက်ာ္ျဖစ္သည့္ ျပည္သူ (၁၇)သန္းေက်ာ္သည္ ဆင္းရဲတြင္းထဲသို႔ ေရာက္ရွိခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။

အလုပ္အကိုင္ရွားပါးမႈအပါအဝင္ လုပ္ခလစာ၊ ကုန္ေဈးႏႈန္းႏွင့္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ ျပည္တြင္း၌ အေျခခံလူတန္းစားမ်ားအေနျဖင့္ စားဝတ္ေနေရးအခက္အခဲကို ပိုမိုရင္ဆိုင္လာရၿပီး စီးပြားေရး အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ရန္ ပိုမိုလိုအပ္လာေၾကာင္း သိရသည္။

“ ကမာၻ႔ဘဏ္က သုံးသပ္ခ်က္ဆိုတာ အေျခခံအခ်က္အလက္ေတြ အမ်ားႀကီးရွိတယ္။ အလုပ္အကိုင္၊ လုပ္ခလစာ၊ ကုန္ေဈးႏႈန္း၊ နယ္ေျမၿငိမ္သက္မႈရွိ မရွိေတြအားလုံးကို ၿခဳံငုံၿပီးေတာ့ သုံးသပ္တာေပါ့။ အမွန္တိုင္းေျပာရရင္ ကိုဗစ္ျဖစ္တည္းက ေဒတာေတြက အကုန္လုံးဆင္းေနတာေလ။ တကယ္လည္း က်ဆင္းတဲ့အထဲမွာ ပါတယ္။ ရာဇဝတ္မႈေတြလည္း ပါတယ္။ အဲဒါေတြအကုန္လုံးကို တြက္ခ်က္တာ ျဖစ္တဲ့အတြက္ မလြဲဘူးအမွန္ပဲ။ ဒီအတိုင္း ဆက္သြားရင္ေတာ့ဆိုးမွာ။ စီးပြားေရး အလုပ္အကိုင္အခြင့္အလမ္းကို ေဖာ္ေဆာင္ဖို႔ဆိုတာေတာ့ အစိုးရ တစ္ရပ္မွာ တာဝန္ရွိတယ္။ အဲဒီဟာေတြရဖို႔ဆိုတာကလည္း လုပ္ငန္းေတြ လည္ပတ္ႏိုင္စြမ္းရွိ မရွိဆိုတဲ့အေပၚမွာ အမ်ားႀကီး မူတည္တယ္။ အခုအေနအထားက သြင္းကုန္၊ ထုတ္ကုန္ေတြမွာ ျပႆနာေတြရွိတယ္။ မၿငိမ္သက္ေတာ့ စိုက္ပ်ိဳးလို႔မရဘူး။ ေနာက္ၿပီး ေဒၚလာေဈးႏႈန္းတက္တဲ့အတြက္ ဓာတ္ေျမဩဇာ တို႔ဘာတို႔ သြင္းကုန္ေတြ လည္း တက္ေနတယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ စီးပြား‌ေရးက႑ျပန္လည္ေကာင္းမြန္ေစေရးအတြက္ အလုပ္ အကိုင္ အခြင့္အလမ္းမ်ား ဖြံၿဖိဳးေရးကို မည္သို႔အားေပးရမည္ကို ဦးစားေပးစဥ္စားသင့္ေၾကာင့္ စီးပြားေရး လုပ္ငန္းရွင္မ်ားက ဆိုထားသည္။ ထို႔ျပင္ ဆင္းရဲမြဲေတသူဦးေရ တိုးပြားမလာေစေရးအတြက္ စီးပြားေရးႏွင့္ သက္ဆိုင္သည့္မူဝါဒ မ်ားကို လက္ေတြ႕အေကာင္ အထည္ေဖာ္သင့္ေၾကာင္း အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

“ အလုပ္လုပ္တာကို အားေပးတယ္ဆိုတာ ပါးစပ္နဲ႔အားေပးလို႔မရဘူး။ ေနာက္တစ္ခုက ျပည္တြင္း ထုတ္ကုန္ကို အရမ္းေျပာလို႔လည္းမရဘူး။ လွ်ပ္စစ္ကလည္း မလုံေလာက္ဘူး။ ေနာက္ၿပီး ေတာ့ နယ္ေျမေတြက ၿငိမ္းခ်မ္းေရးေတြလည္းရဖို႔လိုတယ္။ မၿငိမ္းခ်မ္းရင္လည္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးက ဘာမွေသခ်ာလုပ္လို႔ မရဘူး။ အခုျဖစ္ေနတဲ့ေနရာေတြက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး လုပ္တဲ့ေနရာေတြ မ်ားတယ္ေလ။ ၿပီးရင္ လုပ္မယ့္ လူငယ္ေတြမရွိဘူး။ စစ္ေဘးေရွာင္‌ေတြ မ်ားတယ္။ အဓိကကေတာ့ စီးပြားေရးနဲ႔ သက္ဆိုင္တဲ့မူဝါဒေတြက ပါးစပ္ အားေပးလုပ္႐ုံနဲ႔ မရဘူး။ လက္ေတြ႕ ျမန္ျမန္ဆန္ဆန္နဲ႔ ဆုံးျဖတ္ၿပီး အေကာင္ အထည္ေဖာ္မွရမွာ” ဟု ၎က ေျပာသည္။

ကမာၻ႔ဘဏ္၏ထုတ္ျပန္ခ်က္အရ ေငြေၾကးေဖာင္းပြမႈႏႈန္းႏွင့္ အလုပ္လက္မဲ့ႏႈန္း ျမင့္တက္မႈ ေၾကာင့္ ႏိုင္ငံအႏွံ႔တြင္ ဆင္းရဲႏြမ္းပါးမႈ ဆက္လက္ျမင့္တက္လာႏိုင္ေၾကာင္း သိရသည္။ ထိုသို႔ ဆင္းရဲႏြမ္းပါးမႈျမင့္တက္လာျခင္းသည္ ေ႐ႊေဈးႏွင့္ ေဒၚလာ ေဈးကစားသူမ်ားေၾကာင့္ လည္း ပါဝင္ၿပီး လူသားခ်င္းစာနာမႈထားရန္လိုအပ္ေၾကာင္း ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ဆိုထားသည္။

“ ကမာၻ႔ဘဏ္က လူ(၁၇)သန္းက ဒီလိုမ်ိဳးျဖစ္တယ္လို႔ေျပာရေအာင္ ဘယ္လိုမ်ိဳး ေကာက္ထား တာလဲဆိုတာ ေမးဖို႔လိုအပ္တယ္။ လက္ရွိအေျခအေနအရေတာ့ ရွိေနမွာပဲ။ ျမန္မာႏိုင္ငံကတင္ မဟုတ္ဘူး ႏိုင္ငံတိုင္း လိုလို အနည္းနဲ႔အမ်ားရွိတယ္။ ျမန္မာႏိုင္ငံလိုမ်ိဳး ေ႐ႊကစားမယ္။ ေငြကစားမယ္။ ဒီလိုမ်ိဳး ျဖစ္ရင္ေတာ့ အေျခခံ လူတန္းစားေတြက နိမ့္သထက္ နိမ့္သြားမွာပဲ။ လူကိုလူလိုျမင္ၿပီးေတာ့ လူသားခ်င္း စာနာမႈထားဖို႔လိုတယ္။ ေ႐ႊကစား၊ ေဒၚလာကစား၊ အိမ္ၿခံေျမကစားမယ္။ ကစားစရာ မဟုတ္တာေတြကို ကစားမယ္ဆိုရင္ေတာ့ လူတန္းစားက ကြာဟသထက္ ကြာဟလာမွာပဲ။ သူေျပာ တဲ့ပုံစံအတိုင္းဆို (၁၇)သန္းဆိုတာ အၾကမ္းဖ်င္းေျပာရရင္ နည္းေတာင္ နည္းေသးတယ္။ လက္ရွိမွာ ဘယ္လိုမ်ိဳးအေန အထားလူေတြက စားႏိုင္ေသာက္ႏိုင္တာလဲ။ ဘယ္လို မ်ိဳးလူေတြက အလုပ္ျဖစ္ ေနတာလဲ။ အကယ္၍သာ အရမ္းႀကီးဆင္းရဲမြဲေတၿပီး လူ(၁၇)သန္းတင္မဟုတ္ဘူး ထပ္ၿပီးေတာ့ ကေလးသူငယ္ေတြ၊ သက္ႀကီး႐ြယ္အို‌‌ေတြ၊ အလုပ္မလုပ္ႏိုင္သူေတြပါ ထပ္ေပါင္း လိုက္မယ္ဆိုရင္ ဒီထက္မ်ားသြားမွာ‌ေပါ့” ဟု အထက္ပါ ပို႔ကုန္လုပ္ငန္းရွင္က ဆိုသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိအေျခအေနတြင္ ကုန္ေဈးႏႈန္းမ်ားမွာ ႀကီးျမင့္လ်က္ရွိၿပီး ဆင္းသုခ ဆန္တစ္အိတ္ လွ်င္ ေငြက်ပ္(၈၅၀ဝဝ)က်ပ္ႏွင့္ ေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္(၂၀ဝဝဝ၀)ေက်ာ္အထိ ေရာက္ရွိေနၿပီး အေျခခံ လူတန္းစားမ်ားမွာ စားဝတ္ေနေရးက်ပ္တည္းလ်က္ရွိေနသည္။ ထို႔ျပင္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာသူဦးေရ ပမာဏဆက္လက္ျမင့္တက္ေနၿပီး အေရအတြက္ ၂ ဒသမ ၉ သန္းအထိ ရွိလာေၾကာင္း ျမန္မာႏိုင္ငံရွိ The UN Office for the Coordination of Humanitarian Affairs (OCHA) က ၿပီးခဲ့သည့္ ဧၿပီလက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.