ခြံအမှတ်(၅၄) အမွေဆိုင်အမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချမှတ်

 1185

မျိုးကြီး (NP News) - သြဂုတ် ၂၃
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)အမွေဆိုင်အမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ သြဂုတ်လ ၂၂ ရက်က ၎င်းအမွေဆိုင်အမှုနှင့်ပတ်သက်၍ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ တရားသူကြီးများဖြစ်သော ဦးအောင်ဇော်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ပါသည့် အထူးအယူခံခုံရုံးက စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“အဲဒီခြံမှာ တစ်စုကို စာချုပ်စာတမ်းနဲ့ ဒေါ်ခင်ကြည်က သူ့တူကို ခွဲပေးခဲ့တာရှိတယ်။ အဲဒီခွဲပေးထားတဲ့ တစ်စုကို ဖယ်ထုတ်ပြီးတော့ တစ်ယောက်တစ်ဝက်စီ ယူဖို့ မူလက အမိန့်ချမှတ်ထားတာ။ အဲဒီဟာမှာ တစ်စုကို သူရဲ့တူကို မပေးဘဲနဲ့ နှစ်ယောက်အညီ အမျှ ခွဲပေးဖို့ဆိုပြီးတော့ ဦးအောင်ဆန်းဦးက ထပ်လျှောက်တာ ထပ်လျှောက်တဲ့အခါမှာ အဲဒီလျှောက်လိုက်တဲ့အတိုင်း ခွင့်ပြုလိုက်တာ။ အခုဟာက တူကို မပေးတော့ဘဲနဲ့ နှစ်ယောက်အညီအမျှ အဲဒီခြံဝန်းကို ခွဲယူဆိုပြီးတော့ ပြည်ထောင်စုက အမိန့်ချပေးလိုက်တာ” တရားရေးအသိုင်းအဝိုင်းမှ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြော သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သော ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ခြံအမှတ်(၅၄) အမွေခွဲဝေမှုနှင့်ပတ်သက်၍ အထူး အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အယူခံတင်သွင်းမှုအပေါ် ယခုနှစ် ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ ပြည် ထောင်စုတရားလွှတ်တော်ချုပ်၌ တရား သူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ကာ ကြားနာစစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ စီရင်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

ခြံအမှတ်(၅၄)နှင့်ပတ်သက်၍ ဒေါ်ခင်ကြည်က မကွယ်လွန်မီအချိန်တွင် သူမ၏ တူဖြစ်သူ ဦးခင်မောင်အေးကို ခြံဝန်းအတွင်းရှိ အိမ်အသေး(၁)လုံးနှင့်မြေကွက်တစ်ခုကို စာ ချုပ်စာတမ်းဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းခြံဝန်းအတွင်း ကျန်ရှိသော ပင်မအိမ်ကြီး(၁)လုံးနှင့် မြေကွက်ကို ဒေါ်ခင်ကြည်၏ သား၊ သမီးဖြစ်သော ဦးအောင်ဆန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တစ်ယောက်တစ်ဝက်စီ ခွဲဝေယူကြရန် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

သို့သော် အထက်ပါဆုံးဖြတ်ချက်အပေါ် လက်ခံမှုမရှိဘဲ ဦးအောင်ဆန်းဦးက ပြည် ထောင်စုတရားလွှတ်တော်ချုပ်သို့ အထူးအယူခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။

zawgyi version
ၿခံအမွတ္(၅၄) အေမြဆိုင္အမႈႏွင့္ပတ္သက္၍ ဦးေအာင္ဆန္းဦး၏ ေလွ်ာက္ထားခ်က္အတိုင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ အမိန႔္ခ်မွတ္
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၃

ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)အေမြဆိုင္အမႈႏွင့္ပတ္သက္၍ ဦးေအာင္ဆန္းဦး၏ ေလွ်ာက္ထားခ်က္အတိုင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အမိန႔္ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၌ ၾသဂုတ္လ ၂၂ ရက္က ၎အေမြဆိုင္အမႈႏွင့္ပတ္သက္၍ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးႏွင့္အတူ တရားသူႀကီးမ်ားျဖစ္ေသာ ဦးေအာင္ေဇာ္သိန္း၊ ဦးတင္ဟုန္၊ ဦးေသာင္းႏိုင္၊ ဦးသိန္းကိုကိုတို႔ပါသည့္ အထူးအယူခံခုံ႐ုံးက စီရင္ခ်က္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

“အဲဒီၿခံမွာ တစ္စုကို စာခ်ဳပ္စာတမ္းနဲ႔ ေဒၚခင္ၾကည္က သူ႔တူကို ခြဲေပးခဲ့တာရွိတယ္။ အဲဒီခြဲေပးထားတဲ့ တစ္စုကို ဖယ္ထုတ္ၿပီးေတာ့ တစ္ေယာက္တစ္ဝက္စီ ယူဖို႔ မူလက အမိန႔္ခ်မွတ္ထားတာ။ အဲဒီဟာမွာ တစ္စုကို သူရဲ႕တူကို မေပးဘဲနဲ႔ ႏွစ္ေယာက္အညီ အမွ် ခြဲေပးဖို႔ဆိုၿပီးေတာ့ ဦးေအာင္ဆန္းဦးက ထပ္ေလွ်ာက္တာ ထပ္ေလွ်ာက္တဲ့အခါမွာ အဲဒီေလွ်ာက္လိုက္တဲ့အတိုင္း ခြင့္ျပဳလိုက္တာ။ အခုဟာက တူကို မေပးေတာ့ဘဲနဲ႔ ႏွစ္ေယာက္အညီအမွ် အဲဒီၿခံဝန္းကို ခြဲယူဆိုၿပီးေတာ့ ျပည္ေထာင္စုက အမိန႔္ခ်ေပးလိုက္တာ” တရားေရးအသိုင္းအဝိုင္းမွ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာ သည္။

ေဒၚေအာင္ဆန္းစုၾကည္၏ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦးက ၿပီးခဲ့ေသာ ၂ဝ၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္တြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးထံ ၿခံအမွတ္(၅၄) အေမြခြဲေဝမႈႏွင့္ပတ္သက္၍ အထူး အယူခံတင္သြင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ အယူခံတင္သြင္းမႈအေပၚ ယခုႏွစ္ ဇြန္လ ၂၇ ရက္က ေနျပည္ေတာ္ရွိ ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၌ တရား သူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး ဦးေဆာင္ကာ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ စီရင္ခ်က္ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ၿခံအမွတ္(၅၄)ႏွင့္ပတ္သက္၍ ေဒၚခင္ၾကည္က မကြယ္လြန္မီအခ်ိန္တြင္ သူမ၏ တူျဖစ္သူ ဦးခင္ေမာင္ေအးကို ၿခံဝန္းအတြင္းရွိ အိမ္အေသး(၁)လုံးႏွင့္ေျမကြက္တစ္ခုကို စာ ခ်ဳပ္စာတမ္းျဖင့္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

၎ၿခံဝန္းအတြင္း က်န္ရွိေသာ ပင္မအိမ္ႀကီး(၁)လုံးႏွင့္ ေျမကြက္ကို ေဒၚခင္ၾကည္၏ သား၊ သမီးျဖစ္ေသာ ဦးေအာင္ဆန္းဦး ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔က တစ္ေယာက္တစ္ဝက္စီ ခြဲေဝယူၾကရန္ ၂ဝ၁၆ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ရန္ကုန္ၿမိဳ႕ရွိ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့သည္။

သို႔ေသာ္ အထက္ပါဆုံးျဖတ္ခ်က္အေပၚ လက္ခံမႈမရွိဘဲ ဦးေအာင္ဆန္းဦးက ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ အထူးအယူခံေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

Picture

U Myo Myat

23/08/2022 15:03

👍👍👍👍👍

Related news

© 2021. All rights reserved.