ထိုင်း ယာယီဝန်ကြီးချုပ်အဖြစ် ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ပရာဝစ် ဝေါင်ဆူဝမ် တာဝန်ယူဖွယ်ရှိနေ

 781

ဂျန်ဇက် (NP News) - သြဂုတ် ၂၄

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ရာထူးတာဝန်များဆိုင်းငံ့ထားဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံးက ဆုံးဖြတ် လိုက်ပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပရာဝစ် ဝေါင်ဆူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ချန်အိုချာရဲ့ဝန်ကြီးချုပ်သက်တမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ပြီးနောက် အတိုက်ခံအုပ်စု က ချန်အိုချာရဲ့ဝန်ကြီးချုပ်သက်တမ်းကို စစ်ဆေးဆုံးဖြတ်ပေးဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတိုက်ခံအုပ်စုရဲ့တင်ပြချက်တွေကိုလက်ခံရယူခဲ့ပြီးနောက် ချန်အိုချာကို ဝန်ကြီးချုပ်တာဝန်များကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာမျိုးဖြစ်ပါတယ်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရှိ တရားသူကြီး ၉ ဦးအနက် ၅ ဦးက ချန်အိုချာကိုဝန်ကြီးချုပ်တာဝန်ကို ယာယီ ဆိုင်းငံ့ထားဖို့ မဲပေးဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ဝစ်ဆာနု ကီရာအမ်ဂမ်က ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ဝေါင်ဆူဝမ်က ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာဖြစ်သလို ဝန်ကြီးချုပ်တာဝန်ကဆိုင်းငံ့ခံလိုက်ရတဲ့ ချန်အိုချာဟာ အစိုးအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပါဝင်နေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ချန်အိုချာဟာ ထိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ ထိုင်းနိုင်ငံကိုအာဏာသိမ်းခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့် ဝေါင်ဆူဝမ်ဟာလည်း ထိုင်း နိုင်ငံမှာ ၂ဝ၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ကာ အစိုးရ အဖွဲ့အတွင်း ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။

https://dap--news-com.translate.goog/international/2022/08/24/273380/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Zawgyi Version;
ထိုင္း ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ပရာဝစ္ ေဝါင္ဆူဝမ္ တာဝန္ယူဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၄

ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ ရာထူးတာဝန္မ်ားဆိုင္းငံ့ထားဖို႔ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံး႐ုံးက ဆုံးျဖတ္ လိုက္ၿပီးေနာက္ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သူ ပရာဝစ္ ေဝါင္ဆူဝမ္က ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္သက္တမ္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီးေနာက္ အတိုက္ခံအုပ္စု က ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္သက္တမ္းကို စစ္ေဆးဆုံးျဖတ္ေပးဖို႔ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ တင္ျပခဲ့ၾကတယ္လို႔ သိရပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက အတိုက္ခံအုပ္စုရဲ႕တင္ျပခ်က္ေတြကိုလက္ခံရယူခဲ့ၿပီးေနာက္ ခ်န္အိုခ်ာကို ဝန္ႀကီးခ်ဳပ္တာဝန္မ်ားကို ဆိုင္းငံ့ထားဖို႔ ဆုံးျဖတ္ခဲ့တာမ်ိဳးျဖစ္ပါတယ္။

ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးရွိ တရားသူႀကီး ၉ ဦးအနက္ ၅ ဦးက ခ်န္အိုခ်ာကိုဝန္ႀကီးခ်ဳပ္တာဝန္ကို ယာယီ ဆိုင္းငံ့ထားဖို႔ မဲေပးဆုံးျဖတ္ခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္သူ ဝစ္ဆာႏု ကီရာအမ္ဂမ္က ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ေဝါင္ဆူဝမ္က ယာယီ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူသြားမွာျဖစ္သလို ဝန္ႀကီးခ်ဳပ္တာဝန္ကဆိုင္းငံ့ခံလိုက္ရတဲ့ ခ်န္အိုခ်ာဟာ အစိုးအဖြဲ႕မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ဆက္လက္ပါဝင္ေနမွာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

ခ်န္အိုခ်ာဟာ ထိုင္းစစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္ၿပီး ၂ဝ၁၄ ခုႏွစ္မွာ ထိုင္းႏိုင္ငံကိုအာဏာသိမ္းခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူမယ့္ ေဝါင္ဆူဝမ္ဟာလည္း ထိုင္း ႏိုင္ငံမွာ ၂ဝ၁၄ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အာဏာသိမ္းမႈမွာပါဝင္ခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္ကာ အစိုးရ အဖြဲ႕အတြင္း ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနသူျဖစ္ပါတယ္။

https://dap--news-com.translate.goog/international/2022/08/24/273380/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Picture

Ko Moe

24/08/2022 21:20

လူလည် နိုင်ငံဆိုတာ ဒါပါပဲ ပြည်သူက အရမ်းလည်တယ်။အစိုးရကလည်း နပ်တယိ လက်နက်ကိုင် တော်လှန်သူမရှိတာကလည်း သူတို့အတွက် ချမ်းသာ တိုးတက်ဖို့ လျှင်မြန်လွယ်ကူနေတော့တာပေါ့

Related news

© 2021. All rights reserved.