အချိုရည်ဘူးအတွင်းထောင်ထားသည့် လက်လုပ်မိုင်းအား ကောက်ယူခဲ့မိသဖြင့် ဘူးခွံကောက်သည့် အသက် (၁၁) နှစ်အရွယ် မိန်းကလေးနှင့် မိခင်ဖြစ်သူတို့သေဆုံး

996

NP News စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် အချိုရည်ဘူးခွံဖြင့် ထောင်ထားသည့် လက်လုပ်မိုင်းအား ကောက်ယူခဲ့မိသဖြင့် ဘူးခွံ ကောက်သည့် အသက်(၁၁) နှစ်အရွယ် မိန်းကလေးနှင့် မိခင်ဖြစ်သူတို့သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ကသာမြို့၊စေတီကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ကသာမြို့၊ သူဌေးကုန်းရပ်ကွက်နေ ဘူးခွံ၊ ပုလင်းခွံမျာ ကောက်ယူသည့် မခင်မာဝင်း(၂၇)နှစ် နှင့် ၎င်း၏သမီးဖြစ်သူ မပိစိမ(၁၁)နှစ်တို့သည် စေတီကုန်းရွာ၊ ဘုန်းကြီးကျောင်းရှေ့ရှိ နားနေဆောင်အနီးအရောက် တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
၎င်းပေါက်ကွဲမှုမှာ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ပြီးထောင်ထားသော လက်လုပ်မိုင်းအား မပိစိမသည် ဘူးခွံထင်၍ ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မပိစိမ၏ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထို့အတူ မိခင်ဖြစ်သူ မခင်မာဝင်းမှာ နောက်ကျော၊ ခြေသလုံးနှင့် လက်ဖျံတို့တွင် မိုင်းစထိမှန်ဒဏ်ရာ (၉)ချက်ရရှိခဲ့ ၍ ကသာမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာများကြောင့် ထပ်မံသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
အခ်ိဳရည္ဘူးအတြင္းေထာင္ထားသည့္ လက္လုပ္မိုင္းအား ေကာက္ယူခဲ့မိသျဖင့္ ဘူးခြံေကာက္သည့္ အသက္ (၁၁) ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ မိခင္ျဖစ္သူတို႔ေသဆုံး
NP News စက္တင္ဘာ ၂
စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕တြင္ အခ်ိဳရည္ဘူးခြံျဖင့္ ေထာင္ထားသည့္ လက္လုပ္မိုင္းအား ေကာက္ယူခဲ့မိသျဖင့္ ဘူးခြံ ေကာက္သည့္ အသက္(၁၁) ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ မိခင္ျဖစ္သူတို႔ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၃၁ ရက္ နံနက္ ၁၁ နာရီအခ်ိန္တြင္ ကသာၿမိဳ႕၊ေစတီကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ကသာၿမိဳ႕၊ သူေဌးကုန္းရပ္ကြက္ေန ဘူးခြံ၊ ပုလင္းခြံမ်ာ ေကာက္ယူသည့္ မခင္မာဝင္း(၂၇)ႏွစ္ ႏွင့္ ၎၏သမီးျဖစ္သူ မပိစိမ(၁၁)ႏွစ္တို႔သည္ ေစတီကုန္း႐ြာ၊ ဘုန္းႀကီးေက်ာင္းေရွ႕ရွိ နားေနေဆာင္အနီးအေရာက္ တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
၎ေပါက္ကြဲမႈမွာ အခ်ိဳရည္ဘူးခြံျဖင့္ ျပဳလုပ္ၿပီးေထာင္ထားေသာ လက္လုပ္မိုင္းအား မပိစိမသည္ ဘူးခြံထင္၍ ေကာက္ယူရာမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ မပိစိမ၏ ဝမ္းဗိုက္ႏွင့္ ေျခေထာက္မ်ားတြင္ မိုင္းစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔အတူ မိခင္ျဖစ္သူ မခင္မာဝင္းမွာ ေနာက္ေက်ာ၊ ေျခသလုံးႏွင့္ လက္ဖ်ံတို႔တြင္ မိုင္းစထိမွန္ဒဏ္ရာ (၉)ခ်က္ရရွိခဲ့ ၍ ကသာၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနစဥ္ ဒဏ္ရာမ်ားေၾကာင့္ ထပ္မံေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။