ယူကရိန်းမှာ အီရန်မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး အမေရိကန် ကုမ္ပဏီတွေက အီရန်ကို ဒဏ်ခတ်ပိတ်ဆို့
758
ရောင်နီ (NP News) - စက်တင်ဘာ ၁ဝ
အီရန်မှ မောင်းသူမဲ့ လေယာဉ်များ ထုတ်လုပ်ရေးဟာ ရုရှားအပါအဝင် အခြားကုမ္ပဏီ ၃ ခုနဲ့ ပူးပေါင်းကာ မောင်းသူမဲ့လေယာဉ်များ ရုရှားကို ပို့ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် အီရန်က မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားဆီ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး တီဟီရန်ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနဟာ ကြာသပတေးနေ့ (စက်တင်ဘာလ ၈ ရက်)က ထုတ်ပြန်ချက်တစ်ခုမှာ တီဟီရန် အခြေစိုက် ဆာဖီရန် လေဆိပ်ဝန်ဆောင်မှုများဟာ မောင်းသူမဲ့လေယာဉ်များ၊ လူပုဂ္ဂိုလ်များနဲ့ ဆက်စပ်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကိစ္စများ အပါအဝင် ရုရှားကို စစ်လေယာဉ်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း စွပ်စွဲပြော ဆိုခဲ့ပါတယ်။ Treasury က Paravar Pars ကုမ္ပဏီ (လေယာဉ်အင်ဂျင်များ ဒီဇိုင်းနဲ့ ထုတ်လုပ်ရေး)နဲ့ Baharestan Kish ကုမ္ပဏီတို့ကို အီရန်ဒရုန်းများ သုတေသနပြုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေးနဲ့ ဝယ်ယူရေးတို့မှာ ပါဝင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။
အီရန်ရဲ့ ဒရုန်းအချို့ဟာ ၂ဝ၁၁ ခုနှစ်က အမေရိကန် RQ-170 Sentinel ကင်းထောက်ဒရုန်းအပါအဝင် အခြားနိုင်ငံများမှဒရုန်းများကို အခြေခံထားကြောင်း သိရပါတယ်။"ရုရှား ဟာ ယူကရိန်းစစ်မြေပြင်မှာ ဝေဟင်ကနေ မြေပြင်တိုက်ခိုက်မှုနဲ့ အီလက်ထရွန်းနစ်စစ် ပွဲကို ပစ်မှတ်ထားနိုင်ဖို့အတွက် ဒီအီရန် UAV တွေကို အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်တို့ အကဲဖြတ်ပါတယ်"လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။
ရုရှားဟာ ရာနဲချီသော Mohajer-6 နဲ့ Shahed-series uncrewed ဝေဟင်ယာဉ်များ (UAV) ကို ထပ်မံဝယ်ယူဖို့ အလားအလာရှိတယ်လို့ အမေရိကန် အရာရှိက ဆိုပါတယ်။
zawgyi version
ယူကရိန္းမွာ အီရန္ေမာင္းသူမဲ့ ေလယာဥ္ေတြ အသုံးျပဳမႈနဲ႔ပတ္သက္ၿပီး အေမရိကန္ ကုမၸဏီေတြက အီရန္ကို ဒဏ္ခတ္ပိတ္ဆို႔
ေရာင္နီ (NP News) - စက္တင္ဘာ ၁ဝ
အီရန္မွ ေမာင္းသူမဲ့ ေလယာဥ္မ်ား ထုတ္လုပ္ေရးဟာ ႐ုရွားအပါအဝင္ အျခားကုမၸဏီ ၃ ခုနဲ႔ ပူးေပါင္းကာ ေမာင္းသူမဲ့ေလယာဥ္မ်ား ႐ုရွားကို ပို႔ေဆာင္ဖို႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ဆိုၿပီး အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္လိုက္ပါတယ္။
ယူကရိန္းစစ္ပြဲမွာ အသုံးျပဳဖို႔အတြက္ အီရန္က ေမာင္းသူမဲ့ ေလယာဥ္ေတြကို ႐ုရွားဆီ ေထာက္ပံ့ေပးေနတယ္လို႔ အေမရိကန္က စြပ္စြဲထားၿပီး တီဟီရန္ကေတာ့ ျငင္းဆိုထားပါတယ္။ အေမရိကန္ ဘ႑ာေရးဌာနဟာ ၾကာသပေတးေန႔ (စက္တင္ဘာလ ၈ ရက္)က ထုတ္ျပန္ခ်က္တစ္ခုမွာ တီဟီရန္ အေျခစိုက္ ဆာဖီရန္ ေလဆိပ္ဝန္ေဆာင္မႈမ်ားဟာ ေမာင္းသူမဲ့ေလယာဥ္မ်ား၊ လူပုဂၢိဳလ္မ်ားနဲ႔ ဆက္စပ္ပစၥည္း သယ္ယူပို႔ေဆာင္ေရး ကိစၥမ်ား အပါအဝင္ ႐ုရွားကို စစ္ေလယာဥ္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း စြပ္စြဲေျပာ ဆိုခဲ့ပါတယ္။ Treasury က Paravar Pars ကုမၸဏီ (ေလယာဥ္အင္ဂ်င္မ်ား ဒီဇိုင္းနဲ႔ ထုတ္လုပ္ေရး)နဲ႔ Baharestan Kish ကုမၸဏီတို႔ကို အီရန္ဒ႐ုန္းမ်ား သုေတသနျပဳေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ထုတ္လုပ္ေရးနဲ႔ ဝယ္ယူေရးတို႔မွာ ပါဝင္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။
အီရန္ရဲ႕ ဒ႐ုန္းအခ်ိဳ႕ဟာ ၂ဝ၁၁ ခုႏွစ္က အေမရိကန္ RQ-170 Sentinel ကင္းေထာက္ဒ႐ုန္းအပါအဝင္ အျခားႏိုင္ငံမ်ားမွဒ႐ုန္းမ်ားကို အေျခခံထားေၾကာင္း သိရပါတယ္။"႐ုရွား ဟာ ယူကရိန္းစစ္ေျမျပင္မွာ ေဝဟင္ကေန ေျမျပင္တိုက္ခိုက္မႈနဲ႔ အီလက္ထ႐ြန္းနစ္စစ္ ပြဲကို ပစ္မွတ္ထားႏိုင္ဖို႔အတြက္ ဒီအီရန္ UAV ေတြကို အသုံးျပဳဖို႔ ရည္႐ြယ္ထားတယ္လို႔ ကြၽန္ေတာ္တို႔ အကဲျဖတ္ပါတယ္"လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က ၾကာသပေတးေန႔မွာ ေျပာၾကားပါတယ္။
႐ုရွားဟာ ရာနဲခ်ီေသာ Mohajer-6 နဲ႔ Shahed-series uncrewed ေဝဟင္ယာဥ္မ်ား (UAV) ကို ထပ္မံဝယ္ယူဖို႔ အလားအလာရွိတယ္လို႔ အေမရိကန္ အရာရွိက ဆိုပါတယ္။