အင်ဒိုနီးရှားမှာ ဓါတ်ဆီ နဲ့ ဒီဇယ်စျေးနှုန်းမြင့်တက်မှုကြောင့် လေးရက်ဆက်တိုက် ဆန္ဒပြခဲ့ကြ

 546

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

အင်ဒိုနီးရှားနိုင်ငံမှာ ဓါတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းမြင့်တက်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြို့တော် ဂျာကာ တာ အပါအဝင် မြို့များမှာ လေးရက်ဆက်တိုက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဓါတ်ဆီစျေးနှုန်းဟာ ၅၁ ဆင့် (အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ဆင့် ၁ဝဝ) ကနေ ရာခိုင်နှုန်းကနေ ၆၇ ဆင့်အထိမြင့်တက်ခဲ့သလို ဒီဇယ်စျေးနှုန်းကလည်း ၃၅ ဆင့်ကနေ ၄၆ ဆင့်အထိ မြင့်တက်ခဲ့ရာ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဓါတ်ဆီ နဲ့ ဒီဇယ်စျေးနှုန်းများ မြင့်တက်လာခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်တွင်းငွေကြေး ရူပီးတန်ဖိုး ကျဆင်းနေချိန်မှာ ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက် လာတာကြောင့် အင်ဒိုနိးရှားအစိုးရဟာ ပြည်သူများကို စွမ်းအင်နဲ့ အခြား ကုန်စည်စျေးနှုန်းများ မြင့်တက် မှုမှကာကွယ်ပေးဖို့ ဒေါ်လာဘီလျံချီ သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနိးရှားသမ္မတ ဂျိုကိုဝီဟာ ပြီးခဲ့တဲ့လအတွင်း နိုင်ငံတော်ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂ ဘီလျံမှ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်အထိ တိုးမြှင့်သုံးစွဲဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားပြည်သူများက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ခဲ့ရပြီးနောက် စွမ်းအင်စျေးနှုန်းမြင့်တက်ခြင်း နဲ့ စီးပွားရေးကျဆင်းများကြောင့် ပြည်သူများအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ် စေခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ စွမ်းအင်စျေးနှုန်းမြင့်တက်ခြင်းပြဿနာနဲ့ရင်ဆိုင်နေရတဲ့ပြည်သူများကို အကူ အညီပေးနိုင်ဖို့ ငွေကြေးတိုက်ရိုက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ အင်ဒိုနိးရှားအစိုးရ စွမ်းအင်စျေးနှုန်းမြှင့်တက်ခြင်း နဲ့ ငွေကြေးဖောင်းပွမှုမြှင့်တက်ခြင်းများကိုကုစားနိုင်ဖို့ အိမ်ထောင်စုပေါင်း သန်း ၂ဝ ကို ငွေကြေးပံ့ပိုးပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာ ၁ဝ ရက်နေ့အထိ ရေနံစိမ်းတစ်လီတာဟာ အင်ဒိုနီးရှားနိုင်ငံသုံးငွေကြေး ရူပီး ၈ဝ၆ဝ ဒသမ ၆၅ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အင်ဒိုနီးရှားမှာ ဓါတ်ဆီ နဲ့ ဒီဇယ်ဈေးနှုန်းမြင့်တက်မှုကြောင့် လေးရက်ဆက်တိုက် ဆန္ဒပြခဲ့ကြ

အင်ဒိုနီးရှားနိုင်ငံမှာ ဓါတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြို့တော် ဂျာကာ တာ အပါအဝင် မြို့များမှာ လေးရက်ဆက်တိုက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဓါတ်ဆီဈေးနှုန်းဟာ ၅၁ ဆင့် (အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ဆင့် ၁ဝဝ) ကနေ ရာခိုင်နှုန်းကနေ ၆၇ ဆင့်အထိမြင့်တက်ခဲ့သလို ဒီဇယ်ဈေးနှုန်းကလည်း ၃၅ ဆင့်ကနေ ၄၆ ဆင့်အထိ မြင့်တက်ခဲ့ရာ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဓါတ်ဆီ နဲ့ ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်တွင်းငွေကြေး ရူပီးတန်ဖိုး ကျဆင်းနေချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက် လာတာကြောင့် အင်ဒိုနိးရှားအစိုးရဟာ ပြည်သူများကို စွမ်းအင်နဲ့ အခြား ကုန်စည်ဈေးနှုန်းများ မြင့်တက် မှုမှကာကွယ်ပေးဖို့ ဒေါ်လာဘီလျံချီ သုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။


အင်ဒိုနီးရှားပြည်သူများက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ခဲ့ရပြီးနောက် စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း နဲ့ စီးပွားရေးကျဆင်းများကြောင့် ပြည်သူများအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ် စေခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းပြဿနာနဲ့ရင်ဆိုင်နေရတဲ့ပြည်သူများကို အကူ အညီပေးနိုင်ဖို့ ငွေကြေးတိုက်ရိုက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ အင်ဒိုနိးရှားအစိုးရ စွမ်းအင်ဈေးနှုန်းမြှင့်တက်ခြင်း နဲ့ ငွေကြေးဖောင်းပွမှုမြှင့်တက်ခြင်းများကိုကုစားနိုင်ဖို့ အိမ်ထောင်စုပေါင်း သန်း ၂ဝ ကို ငွေကြေးပံ့ပိုးပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။


Related news

© 2021. All rights reserved.