ဆီးရီးယား၊ ဒမတ်စကတ်လေဆိပ်မှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံး

330

ရောင်နီ (NP News) - စက်တင်ဘာ ၁၈
အစ္စရေးဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မြို့တော်တောင်ဘက်ရှိ အခြားနေရာများကို လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဆီးရီးယားလေကြောင်း ကာကွယ်ရေးတပ်များဟာ စီးနင်းတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဒုံးကျည်အများစုကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက်၊ စနေနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဒမတ်စကတ်လေဆိပ်မှာ လေယာဉ်ပျံသန်းမှုဆိုင်ရာ ထိခိုက်မှု ရှိ၊ မရှိ ချက်ခြင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် နံနက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်မှာ Tiberias Lake အရှေ့မြောက်ဘက်သို့ဦးတည်ကာ ဒုံးကျည်တစ်စင်းနဲ့တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်နဲ့ မြို့တောင်ဘက်ရှိ အခြားပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။
“ကျူးကျော်တိုက်ခိုက်မှုကြောင့် စစ်သားငါးဦး သေဆုံးပြီး ပစ္စည်းအချို့ ပျက်စီးသွားခဲ့ပါတယ်” လို့ ဆီးရီးယားအစိုးရသတင်းအေဂျင်စီ Sana က ဆိုပါတယ်။ ဟစ်ဇ်ဘိုလာ အပါအဝင် ဆီးရီးယားနဲ့ လက်ဘနွန်ရှိ မဟာမိတ်များထံ လက်နက်တွေပို့ဆောင်ဖို့ တီဟီရန်ရဲ့ လေကြောင်းထောက်ပံ့ရေးလမ်းကြောင်းများ တိုးမြှင့်အသုံးပြုမှုကို နှောင့်ယှက်လိုသော ကြောင့် ဆီးရီးယားရှိလေဆိပ်များကို အစ္စရေးက ပြင်းထန်စွာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဒေသတွင်း သံတမန်နဲ့ထောက်လှမ်းရေးသတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
မြို့တော် ဒမတ်စကတ်နဲ့ ကမ်းရိုးတန်း တာတိုစ့်ပြည်နယ် တောင်ဘက်ရှိ ကျေးလက်ဒေသများမှာလည်း ပြီးခဲ့တဲ့လက အစ္စရေးရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လက အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒမတ်စကတ်လေဆိပ်ကို နှစ်ပတ်နီးပါး ရပ်နားခဲ့ရပါတယ်။
ဆီးရီးယားနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်မှစ နိုင်ငံခြားအာဏာများ လွှမ်းမိုးလာကာ သမ္မတ ဘက်ရှာအဲလ် အက်ဆက်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်းပဋိပက္ခများ ပေါက်ဖွားလာခဲ့ပြီး နောက်ပိုင်း လူပေါင်းသိန်းနဲ့ချီ သေဆုံးကာ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

Zawgyi Version;
ဆီးရီးယား၊ ဒမတ္စကတ္ေလဆိပ္မွာ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ လူ ၅ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၈
အစၥေရးဟာ ဆီးရီးယားႏိုင္ငံ ဒမတ္စကတ္ အျပည္ျပည္ဆိုင္ရာေလဆိပ္နဲ႔ ၿမိဳ႕ေတာ္ေတာင္ဘက္ရွိ အျခားေနရာမ်ားကို ေလေၾကာင္းမွတိုက္ခိုက္မႈျပဳလုပ္ခဲ့ရာ စစ္သား ၅ ဦး ေသဆုံးၿပီး ပစၥည္းမ်ား ပ်က္စီးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဆီးရီးယားေလေၾကာင္း ကာကြယ္ေရးတပ္မ်ားဟာ စီးနင္းတိုက္ခိုက္မႈကို ၾကားျဖတ္ဟန႔္တားခဲ့ၿပီး ဒုံးက်ည္အမ်ားစုကို ပစ္ခ်ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ဝန္ႀကီးဌာနက စက္တင္ဘာလ ၁၇ ရက္၊ စေနေန႔အေစာပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။ တိုက္ခိုက္မႈေၾကာင့္ ဒမတ္စကတ္ေလဆိပ္မွာ ေလယာဥ္ပ်ံသန္းမႈဆိုင္ရာ ထိခိုက္မႈ ရွိ၊ မရွိ ခ်က္ျခင္း အတည္ျပဳႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။
တိုက္ခိုက္မႈဟာ ေဒသစံေတာ္ခ်ိန္ နံနက္အေစာပိုင္း ၁၂ နာရီ ၄၅ မိနစ္မွာ Tiberias Lake အေရွ႕ေျမာက္ဘက္သို႔ဦးတည္ကာ ဒုံးက်ည္တစ္စင္းနဲ႔တိုက္ခိုက္ခဲ့ၿပီးေနာက္ ေလဆိပ္နဲ႔ ၿမိဳ႕ေတာင္ဘက္ရွိ အျခားပစ္မွတ္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ၎ရဲ႕ဝက္ဘ္ဆိုက္မွာ ေျပာၾကားခဲ့ပါတယ္။
“က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ စစ္သားငါးဦး ေသဆုံးၿပီး ပစၥည္းအခ်ိဳ႕ ပ်က္စီးသြားခဲ့ပါတယ္” လို႔ ဆီးရီးယားအစိုးရသတင္းေအဂ်င္စီ Sana က ဆိုပါတယ္။ ဟစ္ဇ္ဘိုလာ အပါအဝင္ ဆီးရီးယားနဲ႔ လက္ဘႏြန္ရွိ မဟာမိတ္မ်ားထံ လက္နက္ေတြပို႔ေဆာင္ဖို႔ တီဟီရန္ရဲ႕ ေလေၾကာင္းေထာက္ပံ့ေရးလမ္းေၾကာင္းမ်ား တိုးျမႇင့္အသုံးျပဳမႈကို ေႏွာင့္ယွက္လိုေသာ ေၾကာင့္ ဆီးရီးယားရွိေလဆိပ္မ်ားကို အစၥေရးက ျပင္းထန္စြာတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေဒသတြင္း သံတမန္နဲ႔ေထာက္လွမ္းေရးသတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့ပါတယ္။
ၿမိဳ႕ေတာ္ ဒမတ္စကတ္နဲ႔ ကမ္း႐ိုးတန္း တာတိုစ့္ျပည္နယ္ ေတာင္ဘက္ရွိ ေက်းလက္ေဒသမ်ားမွာလည္း ၿပီးခဲ့တဲ့လက အစၥေရးရဲ႕ဒုံးက်ည္နဲ႔တိုက္ခိုက္မႈေၾကာင့္ စစ္သား ၃ ဦး ေသဆုံးခဲ့ပါတယ္။ ဇြန္လက အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ ဒမတ္စကတ္ေလဆိပ္ကို ႏွစ္ပတ္နီးပါး ရပ္နားခဲ့ရပါတယ္။
ဆီးရီးယားႏိုင္ငံမွာ ၂ဝ၁၁ ခုႏွစ္မွစ ႏိုင္ငံျခားအာဏာမ်ား လႊမ္းမိုးလာကာ သမၼတ ဘက္ရွာအဲလ္ အက္ဆက္ကိုဆန႔္က်င္တဲ့ဆႏၵျပပြဲေတြျဖစ္ေပၚခဲ့ပါတယ္။ အဲဒီေနာက္ ျပည္တြင္းပဋိပကၡမ်ား ေပါက္ဖြားလာခဲ့ၿပီး ေနာက္ပိုင္း လူေပါင္းသိန္းနဲ႔ခ်ီ ေသဆုံးကာ သန္းႏွင့္ခ်ီ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။