ဂိုးမိုးခေါင်မှုကို ဟက်ထရစ်ဂိုးနှင့် အဆုံးသတ်ခဲ့တဲ့ စပါးအသင်းတိုက်စစ်မှူးဆွန်ဟောင်မင်

 517

ဖြိုးခန့် (NP News) - စက်တင်ဘာ ၁၈

စပါးအသင်းတိုက်စစ်မှူးဆွန်ဟောင်မင်သည် စက်တင်ဘာ(၁၇)ရက်နေ့က လက်စတာစီးတီးအသင်းကို (၆)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် (၁၃)မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး စပါးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်၊၊

ဆွန်ဟောင်မင်သည် လက်ရှိရာသီတွင် ပြိုင်ပွဲစုံ(၈)ပွဲ ဝင်ရောက်ကစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သောကြောင့် နည်းပြကွန်တီသည် စက်တင်ဘာ(၁၇)ရက်နေ့က ကစားခဲ့သော လက်စတာစီးတီးအသင်းနှင့်ပွဲတွင် ဆွန်ကို ဒုတိယပိုင်းမှ ထည့်သွင်းကစားခဲ့သည်။

လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူထားသော ရစ်ချာလီဆန်သည် ဒုတိယပိုင်းတွင် ဆွန်ဟောင်မင်နှင့် လူစားလဲခံခဲ့ရပြီး ဆွန်ဟောင်မင်က (၁၄)မိနစ်အတွင်း ၃ ဂိုးသွင်းယူကာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည်၊၊

နည်းပြကွန်တီက "ဒီနေ့ဆွန်အတွက် ကျွန်တော်တကယ်ကို ပျော်ရွှင်မိပါတယ်၊၊ ကစားသမားတွေကို ကျွန်တော်ဘယ်လိုထင်လဲဆိုတာ အားလုံးသိမှာပါ၊၊ တခါတလေကြရင် ကစားသမားတွေက အကောင်းဆုံးကစားနိုင်မယ်ထင်ပေမယ့် ခြေစွမ်းပြမကစားနိုင်တာမျိုးတွေ ရှိတတ်ပါတယ်၊၊ အလှည့်ကျကစားတာက အသင်းအတွက်ကော ကစားသမားတွေအတွက်ကော မျှတပြီး ကောင်းမွန်ပါတယ်၊၊ ဆွန်ကစားခဲ့တဲ့ပုံစံလိုမျိုး ကစားကြမယ်ဆိုရင် အားလုံးက ပျော်ရွှင်ကြရမှာပါ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

ဆွန်ဟောင်မင်သည် အကောင်းဆုံးပုံစံနှင့်ပြန်လာခဲ့ပြီး ဟယ်ရီကိန်းသည် လက်ရှိရာသီတွင် ၎င်း၏ပရီးမီးယားလိဂ်ဂိုး ၆ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ အသစ်ခေါ်ယူထားသော ရစ်ချာလီဆန်သည် အကောင်းဆုံးခြေစွမ်းပြကစားနိုင်နေပြီး လူကပ်မော်ရာသည် ဒဏ်ရာမှပြန်လည်ကောင်းမွန်နေပြီဖြစ်သောကြောင့် နည်းပြကွန်တီတွင် ပြိုင်ဖက်အသင်းကို ခြိမ်းခြောက်မှုများပြုလုပ်နိုင်သော တိုက်စစ်မှူးများစွာရှိနေပြီဖြစ်ကြောင်း သိရသည်၊၊

ဆွန်ဟောင်မင်က “ဒီရာသီမှာ ကျွန်တော်အကောင်းဆုံးခြေစွမ်းပြ မကစားနိုင်ခဲ့ပါဘူး၊၊ကျွန်တော် အနည်းငယ် ကံမကောင်းတာဖြစ်မှာပါ၊၊ ပြီးခဲ့တဲ့ပွဲတွေက ဂိုးမသွင်းယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တကယ်ကို စိတ်ပျက်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းယူနိုင်မယ်ဆိုတာ ကျွန်တော်သိနေခဲ့ပါတယ်၊၊ ဒါကြောင့် စိုးရိမ်မှုတွေတော့ မရှိခဲ့ပါဘူး၊၊ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး အသင်းကို အမြဲကူညီပံ့ပိုးနေချင်တာပါ။ ကျွန်တော့်မှာ အကောင်းဆုံးပံ့ပိုးသူတွေ ရှိပါတယ်၊၊ သူတို့ကြောင့် အခုလိုကြမ်းတမ်းတဲ့အခြေအနေမျိုးမှာတောင် ကျွန်တော်အကောင်းဆုံးကစားနိုင်ခဲ့တာပါ” ဟု ဆိုသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်(၇)ပွဲကစားခဲ့ကာ (၅)ပွဲမြောက်အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းကိုကျော်၍ အမှတ်ပေးဇယားထိပ်ဆုံးရှိ မန်စီးတီးအသင်း အမှတ်နှင့်တူကာ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်၊၊

Zawgyi Version;
ဂိုးမိုးေခါင္မႈကို ဟက္ထရစ္ဂိုးႏွင့္ အဆုံးသတ္ခဲ့တဲ့ စပါးအသင္းတိုက္စစ္မႉးဆြန္ေဟာင္မင္
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၁၈

စပါးအသင္းတိုက္စစ္မႉးဆြန္ေဟာင္မင္သည္ စက္တင္ဘာ(၁၇)ရက္ေန႔က လက္စတာစီးတီးအသင္းကို (၆)ဂိုး (၂)ဂိုးျဖင့္အႏိုင္ရရွိခဲ့သည့္ပြဲတြင္ (၁၃)မိနစ္အတြင္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး စပါးအသင္းကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးသို႔ေရာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သည္၊၊

ဆြန္ေဟာင္မင္သည္ လက္ရွိရာသီတြင္ ၿပိဳင္ပြဲစုံ(၈)ပြဲ ဝင္ေရာက္ကစားခဲ့ေသာ္လည္း ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိခဲ့ေသာေၾကာင့္ နည္းျပကြန္တီသည္ စက္တင္ဘာ(၁၇)ရက္ေန႔က ကစားခဲ့ေသာ လက္စတာစီးတီးအသင္းႏွင့္ပြဲတြင္ ဆြန္ကို ဒုတိယပိုင္းမွ ထည့္သြင္းကစားခဲ့သည္။

လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ေခၚယူထားေသာ ရစ္ခ်ာလီဆန္သည္ ဒုတိယပိုင္းတြင္ ဆြန္ေဟာင္မင္ႏွင့္ လူစားလဲခံခဲ့ရၿပီး ဆြန္ေဟာင္မင္က (၁၄)မိနစ္အတြင္း ၃ ဂိုးသြင္းယူကာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့သည္၊၊

နည္းျပကြန္တီက "ဒီေန႔ဆြန္အတြက္ ကြၽန္ေတာ္တကယ္ကို ေပ်ာ္႐ႊင္မိပါတယ္၊၊ ကစားသမားေတြကို ကြၽန္ေတာ္ဘယ္လိုထင္လဲဆိုတာ အားလုံးသိမွာပါ၊၊ တခါတေလၾကရင္ ကစားသမားေတြက အေကာင္းဆုံးကစားႏိုင္မယ္ထင္ေပမယ့္ ေျခစြမ္းျပမကစားႏိုင္တာမ်ိဳးေတြ ရွိတတ္ပါတယ္၊၊ အလွည့္က်ကစားတာက အသင္းအတြက္ေကာ ကစားသမားေတြအတြက္ေကာ မွ်တၿပီး ေကာင္းမြန္ပါတယ္၊၊ ဆြန္ကစားခဲ့တဲ့ပုံစံလိုမ်ိဳး ကစားၾကမယ္ဆိုရင္ အားလုံးက ေပ်ာ္႐ႊင္ၾကရမွာပါ" ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊

ဆြန္ေဟာင္မင္သည္ အေကာင္းဆုံးပုံစံႏွင့္ျပန္လာခဲ့ၿပီး ဟယ္ရီကိန္းသည္ လက္ရွိရာသီတြင္ ၎၏ပရီးမီးယားလိဂ္ဂိုး ၆ ဂိုးေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့သည္။ အသစ္ေခၚယူထားေသာ ရစ္ခ်ာလီဆန္သည္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ေနၿပီး လူကပ္ေမာ္ရာသည္ ဒဏ္ရာမွျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေသာေၾကာင့္ နည္းျပကြန္တီတြင္ ၿပိဳင္ဖက္အသင္းကို ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ႏိုင္ေသာ တိုက္စစ္မႉးမ်ားစြာရွိေနၿပီျဖစ္ေၾကာင္း သိရသည္၊၊

ဆြန္ေဟာင္မင္က “ဒီရာသီမွာ ကြၽန္ေတာ္အေကာင္းဆုံးေျခစြမ္းျပ မကစားႏိုင္ခဲ့ပါဘူး၊၊ကြၽန္ေတာ္ အနည္းငယ္ ကံမေကာင္းတာျဖစ္မွာပါ၊၊ ၿပီးခဲ့တဲ့ပြဲေတြက ဂိုးမသြင္းယူႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္တကယ္ကို စိတ္ပ်က္ခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးသြင္းယူႏိုင္မယ္ဆိုတာ ကြၽန္ေတာ္သိေနခဲ့ပါတယ္၊၊ ဒါေၾကာင့္ စိုးရိမ္မႈေတြေတာ့ မရွိခဲ့ပါဘူး၊၊ ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားၿပီး အသင္းကို အၿမဲကူညီပံ့ပိုးေနခ်င္တာပါ။ ကြၽန္ေတာ့္မွာ အေကာင္းဆုံးပံ့ပိုးသူေတြ ရွိပါတယ္၊၊ သူတို႔ေၾကာင့္ အခုလိုၾကမ္းတမ္းတဲ့အေျခအေနမ်ိဳးမွာေတာင္ ကြၽန္ေတာ္အေကာင္းဆုံးကစားႏိုင္ခဲ့တာပါ” ဟု ဆိုသည္။

စပါးအသင္းသည္ ပရီးမီးယားလိဂ္(၇)ပြဲကစားခဲ့ကာ (၅)ပြဲေျမာက္အႏိုင္ရရွိခဲ့ၿပီး အာဆင္နယ္အသင္းကိုေက်ာ္၍ အမွတ္ေပးဇယားထိပ္ဆုံးရွိ မန္စီးတီးအသင္း အမွတ္ႏွင့္တူကာ ဒုတိယေနရာတြင္ ရပ္တည္ႏိုင္ခဲ့သည္၊၊

Related news

© 2021. All rights reserved.