အာမေးနီးယားကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်ကို အမေရိကန်လွှတ်တော်ဥက္ကဋ္ဌနန်စီပီလိုစီ ဝေဖန်ပြစ်တင်

 517

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီဟာ လက်ရှိအချိန်မှာ အာမေးနီးယားနိုင်ငံကိုရောက်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာမေးနီးယားနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက ရုရှားရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားနိုင်ငံကို လုံခြုံရေးအကူအညီပေးဖို့ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ အာမေးနီးယားနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ အာမေးနီးယားပိုင်နက်ကို အဇာဘိုင်ဂျန်တပ်ဖွဲ့တွေ တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး အဓိကရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက "ကျွန်တော်တို့ဟာ အဇာဘိုင် ဂျန် ရဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချတယ်" လို့ပြောပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်၊ အင်္ဂါနေ့က နယ်စပ်ဒေသမှာ အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ဝေဖန်နေတယ်လို့ သိရပါတယ်။

အာမေးနီးယားအစိုးရက အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ၄င်းတို့ တပ်ဖွဲဝင်ပေါင်း ၁၃၅ ဦး သေဆုံးခဲ့တယ်လို့ဆိုထားသလို အဇာဘိုင်ဂျန်ကလည်း ၄င်းတို့တပ်ဖွဲ့ဝင်ပေါင်း ၇၉ ဦးသေဆုံးခဲ့တယ်လို့ပြောထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စုအဖွဲ့နိုင်ငံဟောင်းတွေဖြစ်တဲ့ အဇာဘိုင်ဂျန် နဲ့ အာမေးနီးယားတို့ဟာ Nagorno-Karabakh နယ်စပ်ဒေသအငြင်းပွားမှုများဖြစ်နေခဲ့ပြီး အဲဒီဒေသကို လက်ရှိအချိန်မှာ အာမေးနီးယားနိုင်ငံက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၂ဝ၂ဝ ပြည့်နှစ်ကလည်း အဆိုပါဒေသအငြင်းပွားမှုများနဲ့ပတ်သက်ပြီး ၄၄ ရက်ကြာအပြန်အလှန်တိုက်ပွဲများဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

အဆိုပါနှစ်နိုင်ငံကြားဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေဟာ ရုရှားနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုများကြောင့် အပစ်ခတ်ရပ်စဲခဲ့ပါတယ်။ အာမေးနီးယားပြည်သူတွေဟာ လက်ရှိအချိန်မှာ ရုရှားဦးဆောင်ဖွဲ့စည်းထားတဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်အဖွဲ့ (CSTO) ကနေ အာမေးနီးယားနိုင်ငံကိုထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

အားမေးနီးယားပြည်သူတွေဟာ (CSTO) ကနေ အာမေးနီးယားနိုင်ငံကိုထွက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ပြီး အမေရိကန်အလံနဲ့ အာမေးနီးယားအလံတွေ အတူယှဉ်တွဲကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

Zawgyi Version;
အာေမးနီးယားကိုတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အဇာဘိုင္ဂ်န္ကို အေမရိကန္လႊတ္ေတာ္ဥကၠ႒နန္စီပီလိုစီ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီဟာ လက္ရွိအခ်ိန္မွာ အာေမးနီးယားႏိုင္ငံကိုေရာက္ရွိေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အာေမးနီးယားနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ခဲ့တဲ့ အဇာဘိုင္ဂ်န္ႏိုင္ငံကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒က ႐ုရွားရဲ႕မဟာမိတ္ႏိုင္ငံျဖစ္တဲ့ အာေမးနီးယားႏိုင္ငံကို လုံၿခဳံေရးအကူအညီေပးဖို႔ကမ္းလွမ္းခဲ့တယ္လို႔ ဆိုပါတယ္။ အာေမးနီးယားႏိုင္ငံကို လာေရာက္တဲ့ခရီးစဥ္ဟာ အာေမးနီးယားပိုင္နက္ကို အဇာဘိုင္ဂ်န္တပ္ဖြဲ႕ေတြ တိုက္ခိုက္မႈမ်ားနဲ႔ပတ္သက္ၿပီး အဓိကရည္႐ြယ္တာျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒က "ကြၽန္ေတာ္တို႔ဟာ အဇာဘိုင္ ဂ်န္ ရဲ႕တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်တယ္" လို႔ေျပာပါတယ္။ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တပ္ဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္၊ အဂၤါေန႔က နယ္စပ္ေဒသမွာ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ရာ ႏွစ္ဖက္စလုံးက တိုက္ခိုက္မႈမ်ားနဲ႔ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ေဝဖန္ေနတယ္လို႔ သိရပါတယ္။

အာေမးနီးယားအစိုးရက အျပန္အလွန္တိုက္ခိုက္မႈမ်ားေၾကာင့္ ၄င္းတို႔ တပ္ဖြဲဝင္ေပါင္း ၁၃၅ ဦး ေသဆုံးခဲ့တယ္လို႔ဆိုထားသလို အဇာဘိုင္ဂ်န္ကလည္း ၄င္းတို႔တပ္ဖြဲ႕ဝင္ေပါင္း ၇၉ ဦးေသဆုံးခဲ့တယ္လို႔ေျပာထားပါတယ္။

ဆိုဗီယက္ျပည္ေထာင္စုအဖြဲ႕ႏိုင္ငံေဟာင္းေတြျဖစ္တဲ့ အဇာဘိုင္ဂ်န္ နဲ႔ အာေမးနီးယားတို႔ဟာ Nagorno-Karabakh နယ္စပ္ေဒသအျငင္းပြားမႈမ်ားျဖစ္ေနခဲ့ၿပီး အဲဒီေဒသကို လက္ရွိအခ်ိန္မွာ အာေမးနီးယားႏိုင္ငံက ထိန္းခ်ဳပ္ထားတယ္လို႔ သိရပါတယ္။ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ဟာ ၂ဝ၂ဝ ျပည့္ႏွစ္ကလည္း အဆိုပါေဒသအျငင္းပြားမႈမ်ားနဲ႔ပတ္သက္ၿပီး ၄၄ ရက္ၾကာအျပန္အလွန္တိုက္ပြဲမ်ားျဖစ္ေပၚခဲ့ဖူးတယ္လို႔ သိရပါတယ္။

အဆိုပါႏွစ္ႏိုင္ငံၾကားျဖစ္ေပၚခဲ့တဲ့တိုက္ပြဲေတြဟာ ႐ုရွားႏိုင္ငံရဲ႕ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ အပစ္ခတ္ရပ္စဲခဲ့ပါတယ္။ အာေမးနီးယားျပည္သူေတြဟာ လက္ရွိအခ်ိန္မွာ ႐ုရွားဦးေဆာင္ဖြဲ႕စည္းထားတဲ့လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္အဖြဲ႕ (CSTO) ကေန အာေမးနီးယားႏိုင္ငံကိုထြက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အားေမးနီးယားျပည္သူေတြဟာ (CSTO) ကေန အာေမးနီးယားႏိုင္ငံကိုထြက္ဖို႔ ဆႏၵျပေတာင္းဆိုခဲ့ၿပီး အေမရိကန္အလံနဲ႔ အာေမးနီးယားအလံေတြ အတူယွဥ္တြဲကိုင္ေဆာင္ကာ ဆႏၵျပခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.