နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များက တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ရဲချုပ် တိုက်တွန်း

 5928

Pearl (NP News) - မေ ၄
နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များက တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တိုက်တွန်းပြောကြားသည်။

၎င်းက ယမန်နေ့ (မေလ ၃ရက်)တွင် မန္တလေးတိုင်းဒေသကြီး။ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၌ ကျင်းပသော ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်းဆင်းပွဲတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်ထဲရေးဒုဝန်ကြီးက သင်တန်းဆင်းဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီး၌ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့်အညီ နေထိုင်ပြီး ဥပဒေနှင့်ညီညွတ်သောအမိန့်၊ မျှတသောဆုံးဖြတ်ချက်များနှင့် အဂတိတရားကင်းရှင်းစွာဖြင့် မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်ရန် ပြောကြားခဲ့သည်။

အလားတူ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြရသည်ဖြစ်သည့်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာများအောင်မြင်ရန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အသက်နှင့်ခန္ဓာကိုယ် စွန့်လွတ်စွန့်စားရဲသည့် ရဲစွမ်းသတ္တိများနှင့် ပြည့်စုံနေရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏အခြေအနေကို တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရန်လည်း ပြည်ထဲရေးဒုဝန်ကြီးက တိုက်တွန်း ပြောကြားသည်။

အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၆) ရဲသီဟ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၃၂ ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား နှစ်ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး ၁၁၀၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦး စုစုပေါင်း ၃၄၅ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်းသိရသည်။

Zawgyi Version

ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားက တပ္မေတာ္ႏွင့္အတူ လက္တြဲေဆာင္႐ြက္ရန္ ရဲခ်ဳပ္ တိုက္တြန္း

Pearl (NP News) - ေမ ၄
ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားက တပ္မေတာ္ႏွင့္အတူ လက္တြဲေဆာင္႐ြက္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး နီလင္းေအာင္က တိုက္တြန္းေျပာၾကားသည္။

၎က ယမန္ေန႔ (ေမလ ၃ရက္)တြင္ မႏၲေလးတိုင္းေဒသႀကီး။ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရဲအရာရွိေလ့က်င့္ေရးေက်ာင္း၌ က်င္းပေသာ ျပည္ထဲေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲအုပ္ေလာင္းသင္တန္းဆင္းပြဲတြင္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါသင္တန္းဆင္းပြဲတြင္ ျပည္ထဲေရးဒုဝန္ႀကီးက သင္တန္းဆင္းဒုတိယရဲအုပ္ေလာင္းမ်ားအေနျဖင့္ တပ္ဖြဲ႕အသီးသီး၌ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ စတင္တာဝန္ထမ္းေဆာင္ၾကရမည့္သူမ်ားျဖစ္သည့္အတြက္ ေခါင္းေဆာင္မႈအဂၤါရပ္ (၁၆)ရပ္ႏွင့္အညီ ေနထိုင္ၿပီး ဥပေဒႏွင့္ညီၫြတ္ေသာအမိန႔္၊ မွ်တေသာဆုံးျဖတ္ခ်က္မ်ားႏွင့္ အဂတိတရားကင္းရွင္းစြာျဖင့္ မိမိလက္ေအာက္ကို ကြပ္ကဲအုပ္ခ်ဳပ္ရန္ ေျပာၾကားခဲ့သည္။

အလားတူ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ျပည္တြင္းလုံၿခဳံေရးကို တပ္မေတာ္ႏွင့္အတူ ေဆာင္႐ြက္ေနၾကရသည္ျဖစ္သည့္အတြက္ စစ္ဆင္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာမ်ားေအာင္ျမင္ရန္ ေဆာင္႐ြက္ရမည္ျဖစ္သကဲ့သို႔ ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အတြက္ အသက္ႏွင့္ခႏၶာကိုယ္ စြန႔္လြတ္စြန႔္စားရဲသည့္ ရဲစြမ္းသတၱိမ်ားႏွင့္ ျပည့္စုံေနရန္လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ တပ္မေတာ္ႏွင့္အတူ လက္တြဲ၍ လက္ရွိႏိုင္ငံေတာ္၏အေျခအေနကို တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္ရန္လည္း ျပည္ထဲေရးဒုဝန္ႀကီးက တိုက္တြန္း ေျပာၾကားသည္။

အဆိုပါ ဒုတိယရဲအုပ္ေလာင္း သင္တန္းအမွတ္စဥ္(၁၁၆) ရဲသီဟ တပ္ခြဲတြင္ တပ္တြင္းဘြဲ႕ရ အမ်ိဳးသား ၂၃၂ ဦး၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနမွ အမ်ိဳးသား ႏွစ္ဦး၊ တပ္တြင္းဘြဲ႕ရအမ်ိဳးသမီး ၁၁၀၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနမွ အမ်ိဳးသမီးတစ္ဦး စုစုေပါင္း ၃၄၅ ဦးတို႔ကို သင္တန္းဆင္းေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.