အမေရိကန်နိုင်ငံမှာ စစ်ပြန်ဟောင်းများ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများ ပိုမိုမြင့်တက်လာ

 528

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

အမေရိကန်နိုင်ငံရှိ စစ်ပြန်ဟောင်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများ မြင့်တက်ခဲ့ကြောင်း အမေရိကန်အငြိမ်းစားစစ်သားများရေးရာဌာန (VA) က ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ စစ်ပြန်ဟောင်းများရဲ့ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုက ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်ပါက ၂ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်ကို ပျှမ်းမျှ စစ်ပြန်ဟောင်း ၂၄ ဦးခန့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများရှိနေခဲ့ကြောင်း (VA) က ဆိုပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်း စစ်ပြန်ဟောင်းတွေရဲ့သေဆုံးမှုအားလုံးရဲ့ ၃၇ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ရက်ကို စစ်ပြန်ဟောင်း ၂ဝ ဦးဟာ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုများကတဆင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရကာ သေဆုံးမှုတွေလည်းရှိနေခဲ့ကြောင်း (VA) က ဆိုပါတယ်။ ဒါ့အပြင် ဒဏ်ရာရမှုတွေ၊ အက်ဆီဒန့်ဖြစ်ပွားမှုများကြောင့် အမေရိကန်စစ်ပြန်ဟောင်းတွေ နေ့စဉ်သေဆုံးနေရတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။

(VA) ဟာ Alabama တက္ကသိုလ်၊ Duke တက္ကသိုလ်တို့နဲ့ပူးပေါင်းပြီး ၂ဝ၁၄-၂ဝ၁၈ခုနှစ်အထိ စစ်တမ်းကောက်ယူခဲ့ဖူးရာ အဲဒီအချိန်က အမေရိကန်စစ်ပြန်ဟောင်းတွေရဲ့ တစ်ရက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းက ၁၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

America’s War Partnership (AWP) အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jim Lorraine က "အမေရိကန်နိုင်ငံအတွင်း စစ်ပြန်ဟောင်းများ သေဆုံးမှုနှုန်းတွေ မြင့်တက်လာခဲ့တယ်။ ကျွန်တော်ဟာ စစ်ပြန်ဟောင်းတစ်ဦးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့သားက စစ်သားဖြစ်သလို ယောက္ခမဖြစ်သူက စစ်သားတစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော် သိရသလောက်ဆိုရင် စစ်ပြန်ဟောင်းတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ပိုမိုများပြားလာခဲ့တယ်" လို့ပြောပါတယ်။

လေ့လာမှုစစ်တမ်းများအရ စစ်သားတစ်ဦးဟာ စစ်သားဘဝကနေ အနားယူပြီးနောက် သုံးနှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်ပြန်ဟောင်းတွေထဲ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအများဆုံး စစ်သားတွေဟာ ကမ်းခြေစောင့်အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဒါ့အပြင် မရိန်းတပ်သား၊ ရေတပ်တပ်ဖွဲ့ဝင်များနဲ့ လေတပ်တပ်ဖွဲ့ဝင်များ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းလည်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ စစ္ျပန္ေဟာင္းမ်ား ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္မႈမ်ား ပိုမိုျမင့္တက္လာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

အေမရိကန္ႏိုင္ငံရွိ စစ္ျပန္ေဟာင္းေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္မႈမ်ား ျမင့္တက္ခဲ့ေၾကာင္း အေမရိကန္အၿငိမ္းစားစစ္သားမ်ားေရးရာဌာန (VA) က ဆိုပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းမွာ စစ္ျပန္ေဟာင္းမ်ားရဲ႕ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္မႈက ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔ႏႈိင္းယွဥ္ပါက ၂ ဒသမ ၄ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး တစ္ရက္ကို ပွ်မ္းမွ် စစ္ျပန္ေဟာင္း ၂၄ ဦးခန႔္ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္မႈမ်ားရွိေနခဲ့ေၾကာင္း (VA) က ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံအတြင္း စစ္ျပန္ေဟာင္းေတြရဲ႕ေသဆုံးမႈအားလုံးရဲ႕ ၃၇ ဒသမ ၇ ရာခိုင္ႏႈန္းအထိ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ တစ္ရက္ကို စစ္ျပန္ေဟာင္း ၂ဝ ဦးဟာ မူးယစ္ေဆးဝါးအလြန္အကြၽံသုံးစြဲမႈမ်ားကတဆင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္ဒဏ္ရာရကာ ေသဆုံးမႈေတြလည္းရွိေနခဲ့ေၾကာင္း (VA) က ဆိုပါတယ္။ ဒါ့အျပင္ ဒဏ္ရာရမႈေတြ၊ အက္ဆီဒန႔္ျဖစ္ပြားမႈမ်ားေၾကာင့္ အေမရိကန္စစ္ျပန္ေဟာင္းေတြ ေန႔စဥ္ေသဆုံးေနရတာမ်ိဳးေတြရွိေနတယ္လို႔ ဆိုပါတယ္။

(VA) ဟာ Alabama တကၠသိုလ္၊ Duke တကၠသိုလ္တို႔နဲ႔ပူးေပါင္းၿပီး ၂ဝ၁၄-၂ဝ၁၈ခုႏွစ္အထိ စစ္တမ္းေကာက္ယူခဲ့ဖူးရာ အဲဒီအခ်ိန္က အေမရိကန္စစ္ျပန္ေဟာင္းေတြရဲ႕ တစ္ရက္မွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈႏႈန္းက ၁၇ ဒသမ ၇ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ သိရပါတယ္။

America’s War Partnership (AWP) အဖြဲ႕ရဲ႕ ဥကၠ႒ျဖစ္သူ Jim Lorraine က "အေမရိကန္ႏိုင္ငံအတြင္း စစ္ျပန္ေဟာင္းမ်ား ေသဆုံးမႈႏႈန္းေတြ ျမင့္တက္လာခဲ့တယ္။ ကြၽန္ေတာ္ဟာ စစ္ျပန္ေဟာင္းတစ္ဦးေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ရဲ႕သားက စစ္သားျဖစ္သလို ေယာကၡမျဖစ္သူက စစ္သားတစ္ဦးျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ သိရသေလာက္ဆိုရင္ စစ္ျပန္ေဟာင္းေတြ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈေတြ ပိုမိုမ်ားျပားလာခဲ့တယ္" လို႔ေျပာပါတယ္။

ေလ့လာမႈစစ္တမ္းမ်ားအရ စစ္သားတစ္ဦးဟာ စစ္သားဘဝကေန အနားယူၿပီးေနာက္ သုံးႏွစ္အတြင္းမွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာမ်ိဳးေတြ ပိုမိုျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။
အေမရိကန္စစ္ျပန္ေဟာင္းေတြထဲ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈအမ်ားဆုံး စစ္သားေတြဟာ ကမ္းေျခေစာင့္အဖြဲ႕ဝင္ေတြျဖစ္ေၾကာင္း၊ ဒါ့အျပင္ မရိန္းတပ္သား၊ ေရတပ္တပ္ဖြဲ႕ဝင္မ်ားနဲ႔ ေလတပ္တပ္ဖြဲ႕ဝင္မ်ား ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈႏႈန္းလည္း ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.