ရုရှားကို ကူညီပေးမယ်ဆိုရင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံ့မှုနဲ့ စီးပွားရေးထိခိုက်ပျက်စီးမယ်လို့ အမေရိကန်သမ္မတ သတိပေး

 637

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို ထောက်ခံကူညီနေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု နဲ့ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတဟာ စက်တင်ဘာလ ၁၈ ရက်နေ့က CBS သတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ အခုလိုမျိုးထည့်သွင်းပြောဆိုရင်း သတိပေးခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုနိုင်ငံများကချမှတ်ထားတဲ့ပိတ်ဆို့မှုများကို ချိုးဖောက်မယ်ဆိုရင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်ဘက်က သတိပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ က "တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ရုရှားအပေါ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အဲဒါဟာ ကြီးမားတဲ့အမှားကြီးတစ်ခု လုပ်လိုက်တာဖြစ်တယ်" လို့ပြောပါတယ်။

လက်ရှိအချိန်အထိတော့ တရုတ်နိုင်ငံဟာ ရုရှားကို စစ်လက်နက်ပစ္စည်းများရောင်းချဖို့ ကြိုးပမ်းတာမျိုး မရှိသေးကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်သမ္မတဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဖုန်းဆက်ဆွေးနွေးချိန်မှာ ရှီကျင့်ဖျင်ကို သတိပေးပြောဆိုမှုတွေရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ က "တရုတ်သမ္မတကို သိစေလိုတယ်။ တရုတ်နိုင်ငံအတွင်းမှာ အမေရိကန် နဲ့ အခြားနိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ရှိ/မရှိဆိုတာ ရုရှားအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ တရုတ်ဘက်က ချိုးဖောက်မှုရှိ/မရှိ ဆိုတဲ့အပေါ် မူတည်နေတယ်။ ရုရှားအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို တရုတ်ဘက်က ချိုးဖောက်ခဲ့ရင်တော့ ကြီးမားတဲ့အမှားလုပ်လိုက်သလိုဖြစ်စေမယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်အထိတော့ ရုရှားကို စစ်လက်နက် ပစ္စည်းများ ရောင်းချကူညီပေးတာ ဒါမှမဟုတ် ရုရှားဘက်က လိုချင်တာတွေကိုပေးတာမျိုးတွေ မရှိသေးဘူး" လို့ပြောပါတယ်။

တရုတ် နဲ့ ရုရှားတို့ရဲ့ မဟာမိတ်ဖြစ်မှုတွေဟာ အမေရိကန် နဲ့ ယှဉ်ပြိုင်ကြိုးပမ်းမယ့် စစ်အေးခေတ်တိုက်ပွဲအသစ်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေကို အမေရိကန်သမ္မတက ငြင်းဆန်ထားပါတယ်။

Zawgyi Version;
႐ုရွားကို ကူညီေပးမယ္ဆိုရင္ တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံ႔မႈနဲ႔ စီးပြားေရးထိခိုက္ပ်က္စီးမယ္လို႔ အေမရိကန္သမၼတ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားကို ေထာက္ခံကူညီေနမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ နဲ႔ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္ပ်က္စီးဖြယ္ရွိေနေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က သတိေပးေျပာဆိုလိုက္ပါတယ္။

အေမရိကန္သမၼတဟာ စက္တင္ဘာလ ၁၈ ရက္ေန႔က CBS သတင္းဌာနနဲ႔ျပဳလုပ္တဲ့အင္တာဗ်ဴးမွာ အခုလိုမ်ိဳးထည့္သြင္းေျပာဆိုရင္း သတိေပးခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအေပၚ အေနာက္အုပ္စုႏိုင္ငံမ်ားကခ်မွတ္ထားတဲ့ပိတ္ဆို႔မႈမ်ားကို ခ်ိဳးေဖာက္မယ္ဆိုရင္ တ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ထိခိုက္ပ်က္စီးမႈေတြျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္ဘက္က သတိေပးခဲ့တာျဖစ္ပါတယ္။

အေမရိကန္သမၼတ က "တ႐ုတ္သမၼတရွီက်င့္ဖ်င္ဟာ ႐ုရွားအေပၚ ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ အဲဒါဟာ ႀကီးမားတဲ့အမွားႀကီးတစ္ခု လုပ္လိုက္တာျဖစ္တယ္" လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ဖို႔ ႀကိဳးပမ္းတာမ်ိဳး မရွိေသးေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။

အေမရိကန္သမၼတဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ေပက်င္း ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဖုန္းဆက္ေဆြးေႏြးခ်ိန္မွာ ရွီက်င့္ဖ်င္ကို သတိေပးေျပာဆိုမႈေတြရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။

အေမရိကန္သမၼတ က "တ႐ုတ္သမၼတကို သိေစလိုတယ္။ တ႐ုတ္ႏိုင္ငံအတြင္းမွာ အေမရိကန္ နဲ႔ အျခားႏိုင္ငံေတြရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဆက္လက္ရွိ/မရွိဆိုတာ ႐ုရွားအေပၚ ခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြ တ႐ုတ္ဘက္က ခ်ိဳးေဖာက္မႈရွိ/မရွိ ဆိုတဲ့အေပၚ မူတည္ေနတယ္။ ႐ုရွားအေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြကို တ႐ုတ္ဘက္က ခ်ိဳးေဖာက္ခဲ့ရင္ေတာ့ ႀကီးမားတဲ့အမွားလုပ္လိုက္သလိုျဖစ္ေစမယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္အထိေတာ့ ႐ုရွားကို စစ္လက္နက္ ပစၥည္းမ်ား ေရာင္းခ်ကူညီေပးတာ ဒါမွမဟုတ္ ႐ုရွားဘက္က လိုခ်င္တာေတြကိုေပးတာမ်ိဳးေတြ မရွိေသးဘူး" လို႔ေျပာပါတယ္။

တ႐ုတ္ နဲ႔ ႐ုရွားတို႔ရဲ႕ မဟာမိတ္ျဖစ္မႈေတြဟာ အေမရိကန္ နဲ႔ ယွဥ္ၿပိဳင္ႀကိဳးပမ္းမယ့္ စစ္ေအးေခတ္တိုက္ပြဲအသစ္ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သုံးသပ္မႈေတြကို အေမရိကန္သမၼတက ျငင္းဆန္ထားပါတယ္။

Related news

© 2021. All rights reserved.