အမေရိကန်က ဥရောပသမဂ္ဂရဲ့စီးပွားရေးကိုဖျက်ဆီးဖို့ စီစဉ်နေဟု ဆွီဒင်သတင်းစာဖော်ပြ

 802

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

အမေရိကန်အစိုးရဟာ ဥရောပသမဂ္ဂရဲ့စီးပွားရေးကို ဖျက်ဆီးဖို့အစီအစဉ်တွေရှိနေကြောင်း ဆွီဒင်သတင်းစာဖြစ်တဲ့ Nya Dagbladet က ဖော်ပြထားပါတယ်။

အဆိုပါသတင်းစာရဲ့ဖော်ပြချက်အရ အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပစီးပွားရေးကိုဖျက်ဆီးဖို့ နဲ့ ဥရောပမှာ စွမ်းအင်အခက်အခဲဖြစ်အောင်လှုံ့ဆော်ပေးဖို့ အစီအစဉ်တွေရှိနေကြောင်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနိုင်ငံတွေထဲမှာ စီးပွားရေးဦးဆောင်နိုင်ငံဖြစ်တဲ့ဂျာမနီဟာ အခက်အခဲတွေဖြစ်နေရကြောင်း၊ အမေရိကန်အစိုးရရဲ့အဓိကအစီအစဉ်တွေထဲမှာ ရုရှားနဲ့ ပြင်သစ်တို့ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဂျာမနီ နဲ့ ရုရှားတို့ပူးပေါင်းဆောင်ရွက်မှုများကိုဖျက်ဆီးဖို့ အကြံစည်တွေရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနဲ့ အနောက်အုပ်စုနိုင်ငံများရဲ့စီးပွားရေး ပိတ်ဆို့မှုများကြောင့် ရုရှားဟာ ပြန်လည်တုံ့ပြန်မှုအဖြစ် ဥရောပတိုက်ရှိနိုင်ငံများကို စွမ်းအင်ပေးပို့မှုတွေ ကန့်သတ်ခဲ့ရာ ဂျာမနီမှာ စွမ်းအင်အခက်အခဲတွေဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဂျာမနီဟာ ရုရှားထံမှ စွမ်းအင်နဲ့ စွမ်းအင်ထွက်ကုန်တွေရယူဖို့ ဖျက်သိမ်းလိုက်တာကြောင့် စီးပွားရေးအခက်အခဲများဖြစ်နေပြီး ထိခိုက်ဆုံးရှုံးမှုတွေက ယူရို ၂ဝဝ ဘီလျံနဲ့ ၃ဝဝ ဘီလျံကြားအထိ ရှိနိုင်ကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။

ရုရှားရဲ့စွမ်းအင်ပေးပို့မှုတွေ ကန့်သတ်လိုက်တာကြောင့် ဥရောပစီးပွားရေးလုပ်ငန်းထိခိုက်ပျက်စီးသလိုမျိုးဖြစ်နေပြီး အလုပ်လက်မဲ့ဖြစ်ပွားသူအရေအတွက်မြင့်တက်လာခဲ့သလို ဥရောပရဲ့ပညာတတ်လူတန်းစားတွေဟာ အမေရိကန်နိုင်ငံကိုထွက်ခွာတာမျိုးတွေ ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ခြေစိုက် ဝါရှင်တန်ပိုစ့်သတင်းစာက ဥရောပတိုက်မှာ စီးပွားရေးကျဆင်းခြင်းများက အမေရိကန်ကို အကျိုးစီးပွားများဖြစ်လာစေခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ရုရှားထံကနေ စွမ်းအင်မရတဲ့အတွက် ဥရောပသမဂ္ဂနိုင်ငံတွေမှာဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေက ငွေကြေးဖောင်းပွမှုတွေကိုတိုက်ဖျက်ဖို့ကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံကို အကူအညီများစွာဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေဟာ ရုရှားထံမှ စွမ်းအင်အလုံအလောက်မရတာကြောင့် လာမယ့်ဆောင်းရာသီမှာ အခက်အခဲများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။ ရုရှားဟာ ဥရောပကို စွမ်းအင်ပေးပို့မှုတွေကန့်သတ်လိုက်ပြီးနောက် စျေးကွက်ပြောင်းလဲဖို့ ကြိုးပမ်းနေကြပြီး၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံထံ စွမ်းအင်ပစ္စည်းများ ပိုမိုတင်ပို့ပေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္က ဥေရာပသမဂၢရဲ႕စီးပြားေရးကိုဖ်က္ဆီးဖို႔ စီစဥ္ေနဟု ဆြီဒင္သတင္းစာေဖာ္ျပ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

အေမရိကန္အစိုးရဟာ ဥေရာပသမဂၢရဲ႕စီးပြားေရးကို ဖ်က္ဆီးဖို႔အစီအစဥ္ေတြရွိေနေၾကာင္း ဆြီဒင္သတင္းစာျဖစ္တဲ့ Nya Dagbladet က ေဖာ္ျပထားပါတယ္။

အဆိုပါသတင္းစာရဲ႕ေဖာ္ျပခ်က္အရ အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပစီးပြားေရးကိုဖ်က္ဆီးဖို႔ နဲ႔ ဥေရာပမွာ စြမ္းအင္အခက္အခဲျဖစ္ေအာင္လႈံ႕ေဆာ္ေပးဖို႔ အစီအစဥ္ေတြရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢႏိုင္ငံေတြထဲမွာ စီးပြားေရးဦးေဆာင္ႏိုင္ငံျဖစ္တဲ့ဂ်ာမနီဟာ အခက္အခဲေတြျဖစ္ေနရေၾကာင္း၊ အေမရိကန္အစိုးရရဲ႕အဓိကအစီအစဥ္ေတြထဲမွာ ႐ုရွားနဲ႔ ျပင္သစ္တို႔ပူးေပါင္းေဆာင္႐ြက္မႈေတြအျပင္ ဂ်ာမနီ နဲ႔ ႐ုရွားတို႔ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုဖ်က္ဆီးဖို႔ အႀကံစည္ေတြရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢနဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕စီးပြားေရး ပိတ္ဆို႔မႈမ်ားေၾကာင့္ ႐ုရွားဟာ ျပန္လည္တုံ႔ျပန္မႈအျဖစ္ ဥေရာပတိုက္ရွိႏိုင္ငံမ်ားကို စြမ္းအင္ေပးပို႔မႈေတြ ကန႔္သတ္ခဲ့ရာ ဂ်ာမနီမွာ စြမ္းအင္အခက္အခဲေတြျဖစ္ပြားလ်က္ရွိေနတယ္လို႔ သိရပါတယ္။

ဂ်ာမနီဟာ ႐ုရွားထံမွ စြမ္းအင္နဲ႔ စြမ္းအင္ထြက္ကုန္ေတြရယူဖို႔ ဖ်က္သိမ္းလိုက္တာေၾကာင့္ စီးပြားေရးအခက္အခဲမ်ားျဖစ္ေနၿပီး ထိခိုက္ဆုံးရႈံးမႈေတြက ယူ႐ို ၂ဝဝ ဘီလ်ံနဲ႔ ၃ဝဝ ဘီလ်ံၾကားအထိ ရွိႏိုင္ေၾကာင္း သုံးသပ္မႈေတြရွိေနပါတယ္။

႐ုရွားရဲ႕စြမ္းအင္ေပးပို႔မႈေတြ ကန႔္သတ္လိုက္တာေၾကာင့္ ဥေရာပစီးပြားေရးလုပ္ငန္းထိခိုက္ပ်က္စီးသလိုမ်ိဳးျဖစ္ေနၿပီး အလုပ္လက္မဲ့ျဖစ္ပြားသူအေရအတြက္ျမင့္တက္လာခဲ့သလို ဥေရာပရဲ႕ပညာတတ္လူတန္းစားေတြဟာ အေမရိကန္ႏိုင္ငံကိုထြက္ခြာတာမ်ိဳးေတြ ပိုမိုမ်ားျပားလာခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ေျခစိုက္ ဝါရွင္တန္ပိုစ့္သတင္းစာက ဥေရာပတိုက္မွာ စီးပြားေရးက်ဆင္းျခင္းမ်ားက အေမရိကန္ကို အက်ိဳးစီးပြားမ်ားျဖစ္လာေစခဲ့ေၾကာင္း စက္တင္ဘာ ၁၂ ရက္ေန႔က ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။

႐ုရွားထံကေန စြမ္းအင္မရတဲ့အတြက္ ဥေရာပသမဂၢႏိုင္ငံေတြမွာျဖစ္လာတဲ့ စီးပြားေရးက်ဆင္းမႈေတြက ေငြေၾကးေဖာင္းပြမႈေတြကိုတိုက္ဖ်က္ဖို႔ႀကိဳးပမ္းေနတဲ့ အေမရိကန္ႏိုင္ငံကို အကူအညီမ်ားစြာျဖစ္လာေစခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပသမဂၢႏိုင္ငံေတြဟာ ႐ုရွားထံမွ စြမ္းအင္အလုံအေလာက္မရတာေၾကာင့္ လာမယ့္ေဆာင္းရာသီမွာ အခက္အခဲမ်ား ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သုံးသပ္မႈေတြရွိေနပါတယ္။ ႐ုရွားဟာ ဥေရာပကို စြမ္းအင္ေပးပို႔မႈေတြကန႔္သတ္လိုက္ၿပီးေနာက္ ေစ်းကြက္ေျပာင္းလဲဖို႔ ႀကိဳးပမ္းေနၾကၿပီး၊ အိႏၵိယ နဲ႔ တ႐ုတ္ႏိုင္ငံထံ စြမ္းအင္ပစၥည္းမ်ား ပိုမိုတင္ပို႔ေပးေနတယ္လို႔ သိရပါတယ္။

Picture

Htun Aung Kyaw

19/09/2022 15:41

သူတို့လဲ Yankees တွေရဲ့ စိတ်ဓာတ်ကို တဖြေးဖြေးသိလာပီထင်တယ် 🥴

Picture

Kyaw Kyaw

19/09/2022 17:11

ကမ္ဘာပတ်မွှေနေတဲ့ ငပွကြီး

Related news

© 2021. All rights reserved.