ဂျပန်ကျွန်းမကြီးများ တည်နေပုံအတိုင်း ရွေ့လျားလျက်ရှိသည့် မုန်တိုင်းအတွင်း လွတ်ကင်းသည့် နယ်မြေ အနည်းငယ်သာ ရှိနိုင်

 536

Htay Oung (NP News) - စက်တင်ဘာ ၁၉

စူပါ တိုင်ဖွန်းမုန်တိုင်း "နမ်မာဒို" ဖြတ်သန်းလျက်ရှိတဲ့ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုတ်ခတ်နေတဲ့အတွက် လူပေါင်း ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်းနဲ့ မီးရထားဝန်ဆောင်မှုများကို ဖျက်သိမ်းခဲ့ရပြီး အိမ်ခြေ (၃)သိန်းခန့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိတယ်လို့ Al Jazeera က ယနေ့ (စက်တင်ဘာလ ၁၉ ရက်)မှာ ရေးသားပါတယ်။

ယခုနှစ် ဂျပန်နိုင်ငံ၏ တိုင်ဖွန်းရာသီအတွက် (၁၄)ခုမြောက်မုန်တိုင်းဟာ လက်ရှိအချိန်မှာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းမကြီးတစ်လျှောက် အရှေ့ဘက်ကို ရွေ့လျားနေပြီး အိုဆာကာနဲ့ ကျိုတိုမြို့များသို့ ဦးတည်ရွေ့လျားနေပါတယ်။ အင်္ဂါနေ့( စက်တင်ဘာလ ၂ဝ ရက်) မှာ မြို့တော်တိုကျိုသို့ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

“ဒီတိုင်ဖွန်းမုန်တိုင်းက လွတ်ကင်းတဲ့ဧရိယာဆိုတာ ဂျပန်မှာ နည်းနည်းပဲရှိပါလိမ့်မယ်” ဟု အိမ်နီးချင်းတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မိုးလေသပညာရှင်က Al Jazeera ကို ပြောပြပါတယ်။

တိုင်ဖွန်း “နမ်မာဒို”ဟာ တစ်နာရီလျှင် လေတိုက်နှုန်း ၁ဝ၈ ကီလိုမီတာ(၆၇ မိုင်) မှ ၁၆၂ ကီလိုမီတာ (၁ဝဝ မိုင်)အထိ တိုက်ခတ်နေကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သ တင်းထုတ်ပြန်ထားပါတယ်။

ရေကြီးရေလျှံမှုနဲ့ မြေပြိုနိုင်ကြောင်း သတိပေးချက်များအကြား လူထောင်သောင်းများစွာတို့ဟာ ကြိုတင်ကာကွယ်မှုအဖြစ် အားကစားစင်တာများနဲ့ အခြားအဆောက်အအုံများအတွင်း တစ်ညတာ နေထိုင်ခဲ့ကြရပါတယ်။

ပြည်သူအများရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့လုံခြုံရေးအတွက် ဖြစ်နိုင်သမျှ အစီအမံများကို အရေးတကြီး အလေးထားဆောင်ရွက်ကြဖို့ တိုင်ဖွန်းမုန်တိုင်းတုံ့ပြန်ကယ်ဆယ်ရေးတာဝန်ခံဝန်ကြီးများ၊ အကြီးတန်းအရာရှိများနဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာလ ၁၈ ရက်) တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ညွှန်ကြားလိုက်ပါတယ်။

ဂျပန်မီဒီယာများရဲ့ ဖော်ပြချက်အရ မိုးရွာသွန်းမှုအတွင်း လဲကျခြင်း သို့မဟုတ် ဖန်မှန်ကွဲများစူးရှခံရသူများ အပါအဝင် လူ ၆ဝ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

မုန်တိုင်းကြောင့် လမ်းမများပေါ်မှာ ရေလျှံခြင်း၊ ဆိုင်းဘုတ်များ ကျိုးကျခြင်းနဲ့ ပြတင်း ပေါက်များ ကျိုးပျက်ပြီး လယ်ကွင်းတွေကိုလည်း ရေဖုံးလွှမ်းသွားရပါတယ်။

ကျူးရှူးကျွန်းနေ အများစုဖြစ်တဲ့ အိမ်ထောင်စုပေါင်း ၃၄ဝဝဝဝ ခန့်ဟာ တနင်္လာနေ့ နံနက်စောစောပိုင်းအထိ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနထံမှ သိရှိရပါတယ်။

မုန်တိုင်းဟာ ဒါးလွယ်ခုတ်သဏ္ဍာန် ဂျပန်ကျွန်းမကြီးများ တည်နေပုံအတိုင်း အရှေ့ မြောက်ဘက်ကို ရွေ့လျားပြီးနောက် ၂၄ နာရီ အတွင်း နိုင်ငံ့အလယ်ပိုင်းဒေသမှာ မိုးရေချိန် ၄ဝဝ မီလီမီတာ (၁၅.၇၅ လက်မ) အထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုကျိုနှင့် အိမ်နီးချင်း ကာနာဂါဝါစီရင်စုအတွက် ရေကြီးရေလျှံမယ်လို့ ခန့်မှန်းထားပြီးမိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းနဲ့ မုန်တိုင်းဒီ ရေမြင့်တက်ခြင်းအလားအလာများအတွက် အထူးသတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါတယ်။

ယခုနောက်ဆုံးသတင်းများအရ တိုင်ဖွန်းနမ်မာဒိုကြောင့် ဂျပန်နိုင်ငံနေ လူပေါင်း (၈) သန်းကို ဘေးလွတ်ကင်းရာ ရွှေ့ပြောင်းပေးထားရပြီး လူတစ်ဦး သေဆုံးကြောင်း သိရှိရပါတယ်။

zawgyi version
ဂ်ပန္ကြၽန္းမႀကီးမ်ား တည္ေနပုံအတိုင္း ေ႐ြ႕လ်ားလ်က္ရွိသည့္ မုန္တိုင္းအတြင္း လြတ္ကင္းသည့္ နယ္ေျမ အနည္းငယ္သာ ရွိႏိုင္
Htay Oung (NP News) - စက္တင္ဘာ ၁၉

စူပါ တိုင္ဖြန္းမုန္တိုင္း "နမ္မာဒို" ျဖတ္သန္းလ်က္ရွိတဲ့ ဂ်ပန္ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းမ်ားတိုတ္ခတ္ေနတဲ့အတြက္ လူေပါင္း ဒါဇင္နဲ႔ခ်ီၿပီး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ေလေၾကာင္းနဲ႔ မီးရထားဝန္ေဆာင္မႈမ်ားကို ဖ်က္သိမ္းခဲ့ရၿပီး အိမ္ေျခ (၃)သိန္းခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္လ်က္ရွိတယ္လို႔ Al Jazeera က ယေန႔ (စက္တင္ဘာလ ၁၉ ရက္)မွာ ေရးသားပါတယ္။

ယခုႏွစ္ ဂ်ပန္ႏိုင္ငံ၏ တိုင္ဖြန္းရာသီအတြက္ (၁၄)ခုေျမာက္မုန္တိုင္းဟာ လက္ရွိအခ်ိန္မွာ ဂ်ပန္ႏိုင္ငံရဲ႕ အဓိကကြၽန္းမႀကီးတစ္ေလွ်ာက္ အေရွ႕ဘက္ကို ေ႐ြ႕လ်ားေနၿပီး အိုဆာကာနဲ႔ က်ိဳတိုၿမိဳ႕မ်ားသို႔ ဦးတည္ေ႐ြ႕လ်ားေနပါတယ္။ အဂၤါေန႔( စက္တင္ဘာလ ၂ဝ ရက္) မွာ ၿမိဳ႕ေတာ္တိုက်ိဳသို႔ ေရာက္ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

“ဒီတိုင္ဖြန္းမုန္တိုင္းက လြတ္ကင္းတဲ့ဧရိယာဆိုတာ ဂ်ပန္မွာ နည္းနည္းပဲရွိပါလိမ့္မယ္” ဟု အိမ္နီးခ်င္းေတာင္ကိုရီးယားႏိုင္ငံမွာရွိတဲ့ မိုးေလသပညာရွင္က Al Jazeera ကို ေျပာျပပါတယ္။

တိုင္ဖြန္း “နမ္မာဒို”ဟာ တစ္နာရီလွ်င္ ေလတိုက္ႏႈန္း ၁ဝ၈ ကီလိုမီတာ(၆၇ မိုင္) မွ ၁၆၂ ကီလိုမီတာ (၁ဝဝ မိုင္)အထိ တိုက္ခတ္ေနေၾကာင္း ဂ်ပန္မိုးေလဝသေအဂ်င္စီက သ တင္းထုတ္ျပန္ထားပါတယ္။

ေရႀကီးေရလွ်ံမႈနဲ႔ ေျမၿပိဳႏိုင္ေၾကာင္း သတိေပးခ်က္မ်ားအၾကား လူေထာင္ေသာင္းမ်ားစြာတို႔ဟာ ႀကိဳတင္ကာကြယ္မႈအျဖစ္ အားကစားစင္တာမ်ားနဲ႔ အျခားအေဆာက္အအုံမ်ားအတြင္း တစ္ညတာ ေနထိုင္ခဲ့ၾကရပါတယ္။

ျပည္သူအမ်ားရဲ႕ေဘးအႏၲရာယ္ကင္းရွင္းေရးနဲ႔လုံၿခဳံေရးအတြက္ ျဖစ္ႏိုင္သမွ် အစီအမံမ်ားကို အေရးတႀကီး အေလးထားေဆာင္႐ြက္ၾကဖို႔ တိုင္ဖြန္းမုန္တိုင္းတုံ႔ျပန္ကယ္ဆယ္ေရးတာဝန္ခံဝန္ႀကီးမ်ား၊ အႀကီးတန္းအရာရွိမ်ားနဲ႔ တနဂၤေႏြေန႔ (စက္တင္ဘာလ ၁၈ ရက္) ေတြ႕ဆုံစဥ္ ဝန္ႀကီးခ်ဳပ္ ဖူမီအို ကီရွီဒါက ၫႊန္ၾကားလိုက္ပါတယ္။

ဂ်ပန္မီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ မိုး႐ြာသြန္းမႈအတြင္း လဲက်ျခင္း သို႔မဟုတ္ ဖန္မွန္ကြဲမ်ားစူးရွခံရသူမ်ား အပါအဝင္ လူ ၆ဝ ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရပါတယ္။

မုန္တိုင္းေၾကာင့္ လမ္းမမ်ားေပၚမွာ ေရလွ်ံျခင္း၊ ဆိုင္းဘုတ္မ်ား က်ိဳးက်ျခင္းနဲ႔ ျပတင္း ေပါက္မ်ား က်ိဳးပ်က္ၿပီး လယ္ကြင္းေတြကိုလည္း ေရဖုံးလႊမ္းသြားရပါတယ္။

က်ဴးရႉးကြၽန္းေန အမ်ားစုျဖစ္တဲ့ အိမ္ေထာင္စုေပါင္း ၃၄ဝဝဝဝ ခန႔္ဟာ တနလၤာေန႔ နံနက္ေစာေစာပိုင္းအထိ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ေနေၾကာင္း ကုန္သြယ္ေရးဝန္ႀကီးဌာနထံမွ သိရွိရပါတယ္။

မုန္တိုင္းဟာ ဒါးလြယ္ခုတ္သ႑ာန္ ဂ်ပန္ကြၽန္းမႀကီးမ်ား တည္ေနပုံအတိုင္း အေရွ႕ ေျမာက္ဘက္ကို ေ႐ြ႕လ်ားၿပီးေနာက္ ၂၄ နာရီ အတြင္း ႏိုင္ငံ့အလယ္ပိုင္းေဒသမွာ မိုးေရခ်ိန္ ၄ဝဝ မီလီမီတာ (၁၅.၇၅ လက္မ) အထိ ႐ြာသြန္းမယ္လို႔ ခန႔္မွန္းထားေၾကာင္း ဂ်ပန္မိုးေလဝသေအဂ်င္စီက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက်ိဳႏွင့္ အိမ္နီးခ်င္း ကာနာဂါဝါစီရင္စုအတြက္ ေရႀကီးေရလွ်ံမယ္လို႔ ခန႔္မွန္းထားၿပီးမိုးသည္းထန္စြာ ႐ြာသြန္းျခင္း၊ ေလျပင္းမ်ားတိုက္ခတ္ျခင္း၊ လႈိင္းႀကီးျခင္းနဲ႔ မုန္တိုင္းဒီ ေရျမင့္တက္ျခင္းအလားအလာမ်ားအတြက္ အထူးသတိျပဳေနထိုင္ၾကရန္ လိုအပ္ေၾကာင္း ေအဂ်င္စီရဲ႕ တာဝန္ရွိသူတစ္ဦးက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားပါတယ္။

ယခုေနာက္ဆုံးသတင္းမ်ားအရ တိုင္ဖြန္းနမ္မာဒိုေၾကာင့္ ဂ်ပန္ႏိုင္ငံေန လူေပါင္း (၈) သန္းကို ေဘးလြတ္ကင္းရာ ေ႐ႊ႕ေျပာင္းေပးထားရၿပီး လူတစ္ဦး ေသဆုံးေၾကာင္း သိရွိရပါတယ္။

Related news

© 2021. All rights reserved.