ကာဂျစ္စတန်နဲ့ တာဂျစ်ကစတန် နယ်စပ်တိုက်ပွဲများအကြား သေဆုံးသူ ၈၁ ဦးအထိ မြင့်တက်လာ

 529

ရောင်နီ (NP News) - စက်တင်ဘာ ၁၉

တာဂျစ်ကစတန်မှာ နယ်စပ်တိုက်ပွဲများကြောင့် နိုင်ငံသား အမျိုးသမီးများနဲ့ ကလေးငယ်များ အပါအဝင်လူ ၃၅ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၈၁ ဦးအထိ တိုးလာခဲ့ကြောင်း တာဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အနောက်တောင်ဘက် နယ်စပ်တိုက်ပွဲများအတွင်း နောက်ထပ် လူ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုပါ တယ်။ တစ်ချိန်တည်းမှာပဲ ကာဂျစ္စတန်ဘက်ခြမ်းမှာလည်း သေဆုံးသူအရေအတွက် ၄၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒေသခံ ၁၃၆ဝဝဝ နီးပါးကို တာဂျစ်ကစတန်အနီးရှိ ကျေးရွာများမှ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာဂျစ္စတန်နဲ့ တာဂျစ်ကစတန်တို့ကြား တိုက်ပွဲများ “နောက်ထပ် အရှိန်မမြှင့်ရန်” တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဗဟိုအာရှနိုင်ငံ ခေါင်းဆောင်များနဲ့ ဖုန်းခေါ်ဆိုမှုမှာ ပူတင်က ၎င်းတို့ကို “ငြိမ်းချမ်းသော၊ နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းများဖြင့် အခြေအနေကိုအမြန်ဆုံးဖြေရှင်းရန်” လည်း တိုက်တွန်းခဲ့ တယ်လို့ သိရပါတယ်။



ယခင်က ဆိုဗီယက်ယူနီယံနိုင်ငံ နှစ်ခုစလုံးဟာ အခုအခါ ရုရှားဦးဆောင်သော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့်လည်း ၎င်းတို့အကြား ပုံမှန်တင်းမာမှုများ မြင့်တက်လျက်ရှိပါတယ်။ စက်တင်ဘာလ ၁၆ ရက်၊ သောကြာနေ့က နှစ်ဘက် အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ နှစ်ဖက်စလုံးက သဘောတူညီချက်ကိုချိုးဖောက်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်ဖက် ခေါင်းဆောင်ပိုင်းတွေကို “ထာဝရ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လုပ်ဖို့ တောင်းဆိုထားပါတယ်။ နယ်နိမိတ် အငြင်းပွား မှုများဟာ ယခင်ဆိုဗီယက်သမ္မတနိုင်ငံများ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်သုံးစုကြာအောင် တည်ရှိနေခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ နှစ်နိုင်ငံကြား မကြုံစဖူး ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ပြီး လူ ၅ဝ ထက်မနည်းသေဆုံးကာ ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါတယ်။

Zawgyi Version;
ကာဂ်စၥတန္နဲ႔ တာဂ်စ္ကစတန္ နယ္စပ္တိုက္ပြဲမ်ားအၾကား ေသဆုံးသူ ၈၁ ဦးအထိ ျမင့္တက္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၉

တာဂ်စ္ကစတန္မွာ နယ္စပ္တိုက္ပြဲမ်ားေၾကာင့္ ႏိုင္ငံသား အမ်ိဳးသမီးမ်ားနဲ႔ ကေလးငယ္မ်ား အပါအဝင္လူ ၃၅ ဦး ထပ္မံေသဆုံးခဲ့ၿပီး စုစုေပါင္းေသဆုံးသူ ၈၁ ဦးအထိ တိုးလာခဲ့ေၾကာင္း တာဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ခဲ့ပါတယ္။

အေနာက္ေတာင္ဘက္ နယ္စပ္တိုက္ပြဲမ်ားအတြင္း ေနာက္ထပ္ လူ ၁၃၉ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ၎က ဆိုပါ တယ္။ တစ္ခ်ိန္တည္းမွာပဲ ကာဂ်စၥတန္ဘက္ျခမ္းမွာလည္း ေသဆုံးသူအေရအတြက္ ၄၆ ဦးအထိ ျမင့္တက္လာခဲ့ၿပီး ေဒသခံ ၁၃၆ဝဝဝ နီးပါးကို တာဂ်စ္ကစတန္အနီးရွိ ေက်း႐ြာမ်ားမွ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာပူတင္က ကာဂ်စၥတန္နဲ႔ တာဂ်စ္ကစတန္တို႔ၾကား တိုက္ပြဲမ်ား “ေနာက္ထပ္ အရွိန္မျမႇင့္ရန္” ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ဗဟိုအာရွႏိုင္ငံ ေခါင္းေဆာင္မ်ားနဲ႔ ဖုန္းေခၚဆိုမႈမွာ ပူတင္က ၎တို႔ကို “ၿငိမ္းခ်မ္းေသာ၊ ႏိုင္ငံေရးနဲ႔ သံတမန္နည္းလမ္းမ်ားျဖင့္ အေျခအေနကိုအျမန္ဆုံးေျဖရွင္းရန္” လည္း တိုက္တြန္းခဲ့ တယ္လို႔ သိရပါတယ္။



ယခင္က ဆိုဗီယက္ယူနီယံႏိုင္ငံ ႏွစ္ခုစလုံးဟာ အခုအခါ ႐ုရွားဦးေဆာင္ေသာ စုေပါင္းလုံၿခဳံေရးစာခ်ဳပ္အဖြဲ႕ (CSTO) ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ေပမယ့္လည္း ၎တို႔အၾကား ပုံမွန္တင္းမာမႈမ်ား ျမင့္တက္လ်က္ရွိပါတယ္။ စက္တင္ဘာလ ၁၆ ရက္၊ ေသာၾကာေန႔က ႏွစ္ဘက္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ႏွစ္ဖက္စလုံးက သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ကာ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။

ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ႏွစ္ဖက္ ေခါင္းေဆာင္ပိုင္းေတြကို “ထာဝရ အပစ္အခတ္ရပ္စဲေရးအတြက္ ေတြ႕ဆုံေဆြးေႏြးေရး” လုပ္ဖို႔ ေတာင္းဆိုထားပါတယ္။ နယ္နိမိတ္ အျငင္းပြား မႈမ်ားဟာ ယခင္ဆိုဗီယက္သမၼတႏိုင္ငံမ်ား လြတ္လပ္ေရးရၿပီး ဆယ္စုႏွစ္သုံးစုၾကာေအာင္ တည္ရွိေနခဲ့ပါတယ္။ ၂ဝ၂၁ ခုႏွစ္မွာ ႏွစ္ႏိုင္ငံၾကား မႀကဳံစဖူး ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ျဖစ္ပြားခဲ့ၿပီး လူ ၅ဝ ထက္မနည္းေသဆုံးကာ ပိုမိုက်ယ္ျပန႔္လာတဲ့ ပဋိပကၡျဖစ္လာမလားဆိုတဲ့ စိုးရိမ္မႈမ်ား ျမင့္တက္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.