ရုရှားနဲ့ တရုတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူ

 673

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

အမေရိကန်အစိုးရ သတိပေးမှုများရှိနေတဲ့ကြားမှ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်များပိုမိုလုပ်ဆောင်နိုင်ဖို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီက ပြောပါတယ်။

ရုရှားလုံခြုံရေးကောင်စီက "တရုတ်နဲ့ ရုရှားနိုင်ငံကြား စစ်ဘက်တာဝန်ရှိသူများ အပြန်အလှန် ဆက်ဆံရေးပိုမို ကောင်းမွန်စေဖို့အပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ၊ ပူးတွဲကင်းလှည့်မှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်” လို့ပြောပါတယ်။

ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolai Patrushev ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်အစိုးရတာဝန်ရှိသူများနဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တရုတ်နဲ့ ရုရှားတို့ဟာ ပြီးခဲ့တဲ့နှစ်တွေတည်းက ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်ခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေက အကန့်အသတ်မရှိဘဲ ဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားသမ္မတပူတင် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံပြီး နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့စစ်ပွဲဖြစ်နေရာ အမေရိကန်ဦးဆောင်တဲ့အနောက် အုပ်စုနိုင်ငံများက ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားအပေါ်ပိတ်ဆို့ထားတဲ့ပိတ်ဆို့မှုများကိုချိုးဖောက်ပြီး တရုတ်က ရုရှားကို ကူညီမှာလည်း စိုးရိမ်နေကာ ရုရှားကိုကူညီခဲ့မယ်ဆိုရင် တရုတ်ရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံ့မှုတွေ ထိခိုက်အောင်လုပ်ဆောင်မယ်လို့ သတိပေးထားပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်ဟာ ရုရှားနိုင်ငံထံမှ ရေနံ နဲ့ ရေနံထွက်ပစ္စည်းများ ပိုမိုတိုးမြှင့်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ တ႐ုတ္တို႔ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ဖို႔ သေဘာတူ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

အေမရိကန္အစိုးရ သတိေပးမႈမ်ားရွိေနတဲ့ၾကားမွ ႐ုရွားႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔က ပူးတြဲစစ္ေရးေလ့က်င့္မ်ားပိုမိုလုပ္ေဆာင္ႏိုင္ဖို႔ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ႐ုရွားလုံၿခဳံေရးေကာင္စီက ေျပာပါတယ္။

႐ုရွားလုံၿခဳံေရးေကာင္စီက "တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ဘက္တာဝန္ရွိသူမ်ား အျပန္အလွန္ ဆက္ဆံေရးပိုမို ေကာင္းမြန္ေစဖို႔အျပင္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ၊ ပူးတြဲကင္းလွည့္မႈေတြ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္တယ္” လို႔ေျပာပါတယ္။

႐ုရွား လုံၿခဳံေရးေကာင္စီအတြင္းေရးမႉး Nikolai Patrushev ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့ၿပီး တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားနဲ႔ လုံၿခဳံေရးဆိုင္ရာကိစၥမ်ား ေဆြးေႏြးခဲ့တယ္လို႔သိရပါတယ္။

တ႐ုတ္နဲ႔ ႐ုရွားတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတည္းက ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုေကာင္းမြန္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြက အကန႔္အသတ္မရွိဘဲ ျဖစ္လာေစခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က ႐ုရွားသမၼတပူတင္ နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ား အဓိကထားေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

႐ုရွားဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔စစ္ပြဲျဖစ္ေနရာ အေမရိကန္ဦးေဆာင္တဲ့အေနာက္ အုပ္စုႏိုင္ငံမ်ားက ႐ုရွားကို စီးပြားေရးပိတ္ဆို႔မႈေတြ ျပဳလုပ္ထားပါတယ္။ အေမရိကန္အစိုးရဟာ ႐ုရွားအေပၚပိတ္ဆို႔ထားတဲ့ပိတ္ဆို႔မႈမ်ားကိုခ်ိဳးေဖာက္ၿပီး တ႐ုတ္က ႐ုရွားကို ကူညီမွာလည္း စိုးရိမ္ေနကာ ႐ုရွားကိုကူညီခဲ့မယ္ဆိုရင္ တ႐ုတ္ရဲ႕စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံ႔မႈေတြ ထိခိုက္ေအာင္လုပ္ေဆာင္မယ္လို႔ သတိေပးထားပါတယ္။

ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ဟာ ႐ုရွားႏိုင္ငံထံမွ ေရနံ နဲ႔ ေရနံထြက္ပစၥည္းမ်ား ပိုမိုတိုးျမႇင့္ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.