ထိုင်ဝမ်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူရာချီ ထိခိုက်ဒဏ်ရာရရှိခဲ့

 585

ထိုင်ဝမ်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူရာချီ ထိခိုက်ဒဏ်ရာရရှိခဲ့
ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၉

ထိုင်ဝမ်အရှေ့တောင်ပိုင်းတွင် စက်တင်ဘာ (၁၈) ရက်နေ့က ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ အဆင့်ရှိ ငလျင်ကြီး တစ်ခု လှုပ်ခတ်မှု နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် ရထားတွဲများလမ်းချော်ကာ ကုန်စုံဆိုင်တစ်ဆိုင်ပြိုကျခဲ့ပြီး တောင်ပေါ်လမ်းများတွင် လူများရာနှင့်ချီ ပိတ်မိနေခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါငလျင်ဗဟိုချက်သည် Taitung ခရိုင်တွင်ရှိပြီး စက်တင်ဘာ(၁၇)ရက်နေ့ ညနေပိုင်းတွင် ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့တွင် ငလျင်ကြီးတစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လူအသေအပျောက်မရှိခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်မီးသတ်ဌာနက အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံးပြီး (၁၄၆) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ယုလီမြို့တွင် ပြိုကျခဲ့သောအဆောက်အဦးတစ်ခု၏အောက်မှ လူ(၄)ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ပျက်စီးသွားခဲ့သော တံတားပေါ်မှ ပြုတ်ကျသွားသောယာဉ်များနှင့်အတူပါသွားသည့် လူ(၃)ဦး ကို ထပ်မံကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်၊၊

အဆိုပါငလျင်လှုပ်ခတ်ပြီးချိန်တွင် ထိုင်ဝမ်အရှေ့ပိုင်းရှိ ဒွန်လီဘူတာရုံတွင် ရထားတွဲခြောက်တွဲသည် လမ်းချော်ခဲ့ ကြောင်း ထိုင်ဝမ်မီးရထားစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါရထားတွဲများ လမ်းချော်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမရှိခဲ့ကြောင်း မီးသတ်ဌာနကပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူများမရှိသော်လည်း လမ်းများပိတ်ဆို့နေသည့် Chike နှင့် Liushishi တောင်တန်းဒေသများ ပေါ်တွင် လူပေါင်း(၆ဝဝ)ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားများက လမ်းများပြန်ဖွင့်နိုင်ရန် လုပ်ဆောင်နေရ ကြောင်း ထိုင်ဝမ်မီးရထားစီမံခန့်ခွဲရေးဌာနက ပြောသည်။

အဆိုပါငလျင်သည် ထိုင်ဝမ်တစ်ဝှမ်းလုံးတွင် လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသဌာနကပြောကြားခဲ့ပြီး တိုင်ပေမြို့ ပေါ်တွင် အဆောက်အဦးများ ခဏတာလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထိုင်ဝမ်ကျွန်း‌ပေါ်တွင် ဆက်လက်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုင်ဝမ်တောင်ပိုင်းတွင် (၂ဝ၁၆)ခုနှစ်က ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း(၁ဝဝ)ကျော် သေဆုံးခဲ့ပြီး (၁၉၉၉) ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၃ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ် မှုကြောင့် လူပေါင်း(၂ဝဝဝ) ကျော် သေဆုံးခဲ့ကြောင်းသိရသည်။

Zawgyi Version;
ထိုင္ဝမ္တြင္ အင္အားျပင္းငလ်င္လႈပ္ခတ္မႈေၾကာင့္ လူရာခ်ီ ထိခိုက္ဒဏ္ရာရရွိခဲ့
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၁၉

ထိုင္ဝမ္အေရွ႕ေတာင္ပိုင္းတြင္ စက္တင္ဘာ (၁၈) ရက္ေန႔က ျပင္းအား ၆ ဒသမ ၈ မဂၢနီက်ဴ အဆင့္ရွိ ငလ်င္ႀကီး တစ္ခု လႈပ္ခတ္မႈ ႏွစ္ႀကိမ္လႈပ္ခတ္ခဲ့ၿပီးေနာက္ ရထားတြဲမ်ားလမ္းေခ်ာ္ကာ ကုန္စုံဆိုင္တစ္ဆိုင္ၿပိဳက်ခဲ့ၿပီး ေတာင္ေပၚလမ္းမ်ားတြင္ လူမ်ားရာႏွင့္ခ်ီ ပိတ္မိေနခဲ့ေၾကာင္း မိုးေလဝသဌာနက ေျပာၾကားခဲ့သည္။

အဆိုပါငလ်င္ဗဟိုခ်က္သည္ Taitung ခ႐ိုင္တြင္ရွိၿပီး စက္တင္ဘာ(၁၇)ရက္ေန႔ ညေနပိုင္းတြင္ ျပင္းအား ၆ ဒသမ ၄ မဂၢနီက်ဴ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ၿပီးေနာက္ စက္တင္ဘာ ၁၈ ရက္ေန႔တြင္ ငလ်င္ႀကီးတစ္ခု ထပ္မံ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

စက္တင္ဘာလ ၁၇ ရက္ေန႔က လႈပ္ခတ္ခဲ့သည့္ငလ်င္ေၾကာင့္ လူအေသအေပ်ာက္မရွိခဲ့ေၾကာင္း မိုးေလဝသဌာနက ေျပာၾကားခဲ့သည္။ ထိုင္ဝမ္မီးသတ္ဌာနက အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ လူ(၁)ဦးေသဆုံးၿပီး (၁၄၆) ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ ယုလီၿမိဳ႕တြင္ ၿပိဳက်ခဲ့ေသာအေဆာက္အဦးတစ္ခု၏ေအာက္မွ လူ(၄)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ကာ ပ်က္စီးသြားခဲ့ေသာ တံတားေပၚမွ ျပဳတ္က်သြားေသာယာဥ္မ်ားႏွင့္အတူပါသြားသည့္ လူ(၃)ဦး ကို ထပ္မံကယ္ဆယ္ႏိုင္ခဲ့ၿပီးေနာက္ ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္၊၊

အဆိုပါငလ်င္လႈပ္ခတ္ၿပီးခ်ိန္တြင္ ထိုင္ဝမ္အေရွ႕ပိုင္းရွိ ဒြန္လီဘူတာ႐ုံတြင္ ရထားတြဲေျခာက္တြဲသည္ လမ္းေခ်ာ္ခဲ့ ေၾကာင္း ထိုင္ဝမ္မီးရထားစီမံခန႔္ခြဲေရးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါရထားတြဲမ်ား လမ္းေခ်ာ္မႈ ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားမရွိခဲ့ေၾကာင္း မီးသတ္ဌာနကေျပာၾကားခဲ့သည္။ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ထိခိုက္ဒဏ္ရာရသူမ်ားမရွိေသာ္လည္း လမ္းမ်ားပိတ္ဆို႔ေနသည့္ Chike ႏွင့္ Liushishi ေတာင္တန္းေဒသမ်ား ေပၚတြင္ လူေပါင္း(၆ဝဝ)ေက်ာ္ပိတ္မိေနၿပီး ကယ္ဆယ္ေရးသမားမ်ားက လမ္းမ်ားျပန္ဖြင့္ႏိုင္ရန္ လုပ္ေဆာင္ေနရ ေၾကာင္း ထိုင္ဝမ္မီးရထားစီမံခန႔္ခြဲေရးဌာနက ေျပာသည္။

အဆိုပါငလ်င္သည္ ထိုင္ဝမ္တစ္ဝွမ္းလုံးတြင္ လႈပ္ခတ္ႏိုင္ေၾကာင္း မိုးေလဝသဌာနကေျပာၾကားခဲ့ၿပီး တိုင္ေပၿမိဳ႕ ေပၚတြင္ အေဆာက္အဦးမ်ား ခဏတာလႈပ္ခတ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ထိုင္ဝမ္ကြၽန္း‌ေပၚတြင္ ဆက္လက္လႈပ္ခတ္ခဲ့ေၾကာင္းသိရသည္။ ထိုင္ဝမ္ေတာင္ပိုင္းတြင္ (၂ဝ၁၆)ခုႏွစ္က ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူေပါင္း(၁ဝဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး (၁၉၉၉) ခုႏွစ္တြင္ ျပင္းအား ၇ ဒသမ ၃ မဂၢနီက်ဴအဆင့္ရွိ ငလ်င္လႈပ္ခတ္ မႈေၾကာင့္ လူေပါင္း(၂ဝဝဝ) ေက်ာ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.