ရုရှားသမ္မတပူတင်က စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ လိုလားနေကြောင်း တူရကီသမ္မတ ပြော

 588

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲကို လျင်မြန်စွာအဆုံးသတ်ဖို့ လိုလားနေကြောင်း တူရကီသမ္မတ အာဒိုဂမ် က ထုတ်ဖော်ပြောကြားလာပါတယ်။

တူရကီဝန်ကြီးချုပ် အာဒိုဂမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက PBS NewsHour သတင်းဌာနနဲ့အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုး ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တူရကီသမ္မတဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး (SCO) မှာ ရုရှားသမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တူရကီသမ္မတက "ရုရှားတို့ဟာ စစ်ပွဲကိုအမြန်ဆုံးအသတ်စေဖို့ လိုလားနေတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အခြေအနေတွေက ကြီးမားတဲ့ပြဿနာတွေဖြစ်နေတယ်" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခတွေ အဆုံးသတ်နိုင်အောင် အဖြေရှာစေလိုကြောင်း တူရကီသမ္မတ က ပြောပါတယ်။

တူရကီသမ္မတက "ကျွန်တော်တို့ဟာ ရုရှား နဲ့ ယူကရိန်းသမ္မတတို့နှစ်ဦးစလုံးကို မျက်နှာချင်းတွေ့ဆုံဆွေးနွေးစေလိုတယ်။ သူတို့နှစ်ဦးတွေ့ဆုံဆွေးနွေးတာမျိုး ကြားလိုနေတယ်။ သူတို့နှစ်ဦးတွေ့ဆုံဆွေးနွေးမှုမရှိဘူးဆိုရင် အောင်မြင်မှုရမှာမဟုတ်ဘူး။ မျှော်လင့်ချက်တွေလည်း ရှိမှာမဟုတ်ဘူး" လို့ပြောပါတယ်။

စစ်ပွဲမှာ ဘယ်သူမှ အနိုင်ရမှာမဟုတ်တဲ့အတွက် ယူကရိန်းသမ္မတဇီလန်စကီး နဲ့ ရုရှားသမ္မတ
ပူတင်တို့တွေ့ဆုံဆွေးနွေးပြီး စစ်ပွဲကို အဆုံးသတ်စေလိုကြောင်း တူရကီသမ္မတ က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ပွဲများ စတင်ခဲ့ပါတယ်။ ရုရှားအစိုးရက သမ္မတပူတင်ဟာ ယူကရိန်းနဲ့ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်များအတွက် လက်မှတ်ရေးထိုးချိန်ရောက်မှသာတွေ့ဆုံဆွေးနွေးမှဖြစ်ကြောင်း အရင်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

Zawgyi Version;
႐ုရွားသမၼတပူတင္က စစ္ပြဲကိုအျမန္ဆုံးအဆုံးသတ္ဖို႔ လိုလားေနေၾကာင္း တူရကီသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

႐ုရွားသမၼတပူတင္ဟာ ယူကရိန္းစစ္ပြဲကို လ်င္ျမန္စြာအဆုံးသတ္ဖို႔ လိုလားေနေၾကာင္း တူရကီသမၼတ အာဒိုဂမ္ က ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

တူရကီဝန္ႀကီးခ်ဳပ္ အာဒိုဂမ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက PBS NewsHour သတင္းဌာနနဲ႔အင္တာဗ်ဴးအစီအစဥ္မွာ အခုလိုမ်ိဳး ေျပာၾကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တူရကီသမၼတဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ဥဇဘက္ကစၥတန္ႏိုင္ငံမွာ က်င္းပတဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအစည္းအေဝး (SCO) မွာ ႐ုရွားသမၼတပူတင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

တူရကီသမၼတက "႐ုရွားတို႔ဟာ စစ္ပြဲကိုအျမန္ဆုံးအသတ္ေစဖို႔ လိုလားေနတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေျခအေနေတြက ႀကီးမားတဲ့ျပႆနာေတြျဖစ္ေနတယ္" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္နဲ႔ ယူကရိန္းသမၼတ ဇီလန္စကီးတို႔ကို တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးၿပီး ပဋိပကၡေတြ အဆုံးသတ္ႏိုင္ေအာင္ အေျဖရွာေစလိုေၾကာင္း တူရကီသမၼတ က ေျပာပါတယ္။

တူရကီသမၼတက "ကြၽန္ေတာ္တို႔ဟာ ႐ုရွား နဲ႔ ယူကရိန္းသမၼတတို႔ႏွစ္ဦးစလုံးကို မ်က္ႏွာခ်င္းေတြ႕ဆုံေဆြးေႏြးေစလိုတယ္။ သူတို႔ႏွစ္ဦးေတြ႕ဆုံေဆြးေႏြးတာမ်ိဳး ၾကားလိုေနတယ္။ သူတို႔ႏွစ္ဦးေတြ႕ဆုံေဆြးေႏြးမႈမရွိဘူးဆိုရင္ ေအာင္ျမင္မႈရမွာမဟုတ္ဘူး။ ေမွ်ာ္လင့္ခ်က္ေတြလည္း ရွိမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

စစ္ပြဲမွာ ဘယ္သူမွ အႏိုင္ရမွာမဟုတ္တဲ့အတြက္ ယူကရိန္းသမၼတဇီလန္စကီး နဲ႔ ႐ုရွားသမၼတ
ပူတင္တို႔ေတြ႕ဆုံေဆြးေႏြးၿပီး စစ္ပြဲကို အဆုံးသတ္ေစလိုေၾကာင္း တူရကီသမၼတ က ေျပာပါတယ္။

႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား စစ္ပြဲမ်ား စတင္ခဲ့ပါတယ္။ ႐ုရွားအစိုးရက သမၼတပူတင္ဟာ ယူကရိန္းနဲ႔ေဆြးေႏြးထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားအတြက္ လက္မွတ္ေရးထိုးခ်ိန္ေရာက္မွသာေတြ႕ဆုံေဆြးေႏြးမွျဖစ္ေၾကာင္း အရင္တုန္းက ေျပာၾကားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.