၂ဝ၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန်ယှဉ်ပြိုင်ဖို့ ဂျိုးဘိုင်ဒန် ပစ်မှတ်ထားနေ

 497

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက် ပွဲကို တစ်ကျော့ပြန် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြောင်း၊ လက်ရှိအချိန်မှာ သမ္မတ ရွေးကောက် ပွဲပြိုင်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ဖို့ စောလွန်းသေးကြောင်း ဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူရမယ့် တာဝန်များကိုအပြည့်အဝထမ်းရွက်နိုင်ရေးကို အာရုံစိုက်နေကြောင်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ က "ကျွန်တော်အနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲကိုယှဉ်ပြိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲဝင်မယ့်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုထုတ်ပြောဖို့ စောသေးတယ်။ ကျွန်တေ့မှာ ရည်ရွယ်ချက်ကတော့ ရှိနေတယ်။ အပြီးသတ်ဆုံးဖြတ်ချက်တော့ ချမှတ်ရဦးမယ်။ ရွေးကောက်ပွဲ ဝင်/မဝင်ဆိုတဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို မကြာခင်ကြေညာသွားမှာပါ" လို့ပြောပါတယ်။

ဂျိုးဘိုင်ဒန်အနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ဖို့ သင့်/မသင့် ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ၎င်းရဲ့အသက်အရွယ်နဲ့ ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်နေတယ်လို့လည်း သိရပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ့် ၂ဝ၂၄ ခုနှစ်မှာ ၎င်းရဲ့အသက် အရွယ်က ၈၂ နှစ်အရွယ်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတ သမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့အဓိကပြိုင်ဘက်ဖြစ်သလို သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ လာမယ့်ရွေးကောက်ပွဲကို တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလားလာများနေတယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ဟာ မဲသမာမှုတွေကြောင့် အနိုင်ရခဲ့တာဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

Zawgyi Version;
၂ဝ၂၄ ခုႏွစ္မွာက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲကို တစ္ေက်ာ့ျပန္ယွဥ္ၿပိဳင္ဖို႔ ဂ်ိဳးဘိုင္ဒန္ ပစ္မွတ္ထားေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ၂ဝ၂၄ ခုႏွစ္မွာ က်င္းပမယ့္ အေမရိကန္သမၼတ ေ႐ြးေကာက္ ပြဲကို တစ္ေက်ာ့ျပန္ ယွဥ္ၿပိဳင္ဖို႔ ရည္႐ြယ္ထားေၾကာင္း၊ လက္ရွိအခ်ိန္မွာ သမၼတ ေ႐ြးေကာက္ ပြဲၿပိဳင္မယ့္အစီအစဥ္နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ဖို႔ ေစာလြန္းေသးေၾကာင္း ဆိုခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္သမၼတအျဖစ္ တာဝန္ယူရမယ့္ တာဝန္မ်ားကိုအျပည့္အဝထမ္း႐ြက္ႏိုင္ေရးကို အာ႐ုံစိုက္ေနေၾကာင္း ဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးအစီအစဥ္မွာ အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္သမၼတ က "ကြၽန္ေတာ္အေနနဲ႔ လာမယ့္သမၼတေ႐ြးေကာက္ပြဲကိုယွဥ္ၿပိဳင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲဝင္မယ့္ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အေသးစိတ္အေျခအေနေတြကိုထုတ္ေျပာဖို႔ ေစာေသးတယ္။ ကြၽန္ေတ့မွာ ရည္႐ြယ္ခ်က္ကေတာ့ ရွိေနတယ္။ အၿပီးသတ္ဆုံးျဖတ္ခ်က္ေတာ့ ခ်မွတ္ရဦးမယ္။ ေ႐ြးေကာက္ပြဲ ဝင္/မဝင္ဆိုတဲ့ အၿပီးသတ္ဆုံးျဖတ္ခ်က္ကို မၾကာခင္ေၾကညာသြားမွာပါ" လို႔ေျပာပါတယ္။

ဂ်ိဳးဘိုင္ဒန္အေနနဲ႔ လာမယ့္သမၼတေ႐ြးေကာက္ပြဲကို ဝင္ေရာက္ဖို႔ သင့္/မသင့္ ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး ၎ရဲ႕အသက္အ႐ြယ္နဲ႔ ႀကံ့ခိုင္မႈအေပၚ ေမးခြန္းထုတ္ေနတယ္လို႔လည္း သိရပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက်င္းပမယ့္ ၂ဝ၂၄ ခုႏွစ္မွာ ၎ရဲ႕အသက္ အ႐ြယ္က ၈၂ ႏွစ္အ႐ြယ္ရွိလာမွာျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတ သမိုင္းမွာ အသက္အႀကီးဆုံးသမၼတအျဖစ္ စံခ်ိန္တင္ထားသူလည္းျဖစ္ပါတယ္။

ဂ်ိဳးဘိုင္ဒန္ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္သလို သမၼတေဟာင္း ေဒၚနယ္ထရမ့္ကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲကို တစ္ေက်ာ့ျပန္ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အလားလာမ်ားေနတယ္လို႔ ဆိုပါတယ္။

ေဒၚနယ္ထရမ့္ နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ဟာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႀကိတ္အႏွယ္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ေဒၚနယ္ထရမ့္က ဂ်ိဳးဘိုင္ဒန္ဟာ မဲသမာမႈေတြေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။

Related news

© 2021. All rights reserved.