ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း နမ်မာဒိုဝင်ရောက်တိုက်ခတ်မှုကြောင့် လူ(၄)ဦး သေဆုံး

 546

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂ဝ

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုင်ဖွန်းမုန်တိုင်း နမ်မာဒို ဝင်ရောက်တိုက်ခတ်ပြီးနောက် လူနှစ်ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် အခြားနှစ်ဦးကို သေဆုံးလျက်ထပ်မံ တွေ့ရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ (၂) ရက်တွင် ပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း နမ်မာဒိုသည် အနောက်ဖက် ကမ်းရိုးတန်းတစ်လျှောက်သို့ မရွေ့လျားမီ စက်တင်ဘာ(၁၈)ရက်နေ့၊ ညတွင် အနောက်တောင်ပိုင်း ကာဂိုရှီးမားမြို့ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် Kyushu ဒေသတစ်လျှောက်တွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ကြောင်းသိရသည်။

အဆိုပါမုန်တိုင်းသည် စက်တင်ဘာ(၂ဝ)ရက်နေ့၊ နံနက်ပိုင်းတွင် အရှေ့မြောက်ဘက်ကမ်းရိုး တန်းသို့ဖြတ်ကျော်ဝင်ရောက်ကာ ပင်လယ်ပြင်သို့ ဦးတည်သွားသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် တဖြည်းဖြည်းအားပျော့သွားခဲ့ကြောင်းသိရသည်။ မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုထားသော မီယာဇာကီစီရင်စုတွင် (၂၄)နာရီကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း၊ အနည်းဆုံးလူ(၁၁၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ (၁၄)ဦးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

Kyushuဒေသတွင် စက်တင်ဘာ(၂ဝ)ရက်နေ့ အစောပိုင်းအထိ နေအိမ်ပေါင်း(၁၄ဝဝဝဝ) သည် လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်းသိရသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအများစုသည် စက်တင်ဘာ(၂ဝ)ရက်နေ့ နံနက်ပိုင်းတွင် ပုံမှန်အတိုင်းပြန်လည် လည်ပတ်ခဲ့ပြီး ခရီးဝေးအလုပ်ဆင်းသူများသည် ပိတ်ရက်သုံးရက်ပြီးနောက် ပြန်လည်အလုပ် ဆင်းခဲ့ကြောင်းသိရသည်။

ကျည်ဆန်ရထားနှင့် မြေပြင်သယ်ယူပို့ဆောင်ရေးအများစုကို ပြန်လည်လည်ပတ်ခဲ့သော် လည်း ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ရပ်နားထားခဲ့ရကြောင်းသိရသည်။

ဂျပန်နိုင်ငံသည် လက်ရှိအချိန်တွင် တိုင်ဖွန်းမုန်တိုင်းရာသီထဲသို့ရောက်ရှိနေပြီး တစ်နှစ်လျှင် မုန်တိုင်းပေါင်း ၂ဝ ခန့် ကြုံတွေ့နေရကြောင်းသိရသည်။ သိပ္ပံပညာရှင်များက ရာသီဥတုပြောင်းလဲမှုသည် မုန်တိုင်းများတိုက်ခတ်မှုကို ပိုမိုပြင်းထန်လာစေပြီး အပူလှိုင်းများ၊ မိုးခေါင်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းကဲ့သို့သော ပြင်းထန်သောရာသီဥတုများကို မကြာခဏဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံတြင္ တိုင္ဖြန္းမုန္တိုင္း နမ္မာဒိုဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ လူ(၄)ဦး ေသဆုံး
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂ဝ

ဂ်ပန္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက တိုင္ဖြန္းမုန္တိုင္း နမ္မာဒို ဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ လူႏွစ္ဦးေသဆုံးေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ အျခားႏွစ္ဦးကို ေသဆုံးလ်က္ထပ္မံ ေတြ႕ရွိခဲ့ေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက စက္တင္ဘာ (၂) ရက္တြင္ ေျပာၾကားခဲ့သည္။

တိုင္ဖြန္းမုန္တိုင္း နမ္မာဒိုသည္ အေနာက္ဖက္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္သို႔ မေ႐ြ႕လ်ားမီ စက္တင္ဘာ(၁၈)ရက္ေန႔၊ ညတြင္ အေနာက္ေတာင္ပိုင္း ကာဂိုရွီးမားၿမိဳ႕ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္ခဲ့ၿပီး အဆိုပါမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ Kyushu ေဒသတစ္ေလွ်ာက္တြင္ မိုးသည္း ထန္စြာ႐ြာသြန္းခဲ့ေၾကာင္းသိရသည္။

အဆိုပါမုန္တိုင္းသည္ စက္တင္ဘာ(၂ဝ)ရက္ေန႔၊ နံနက္ပိုင္းတြင္ အေရွ႕ေျမာက္ဘက္ကမ္း႐ိုး တန္းသို႔ျဖတ္ေက်ာ္ဝင္ေရာက္ကာ ပင္လယ္ျပင္သို႔ ဦးတည္သြားေသာ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္းအျဖစ္ တျဖည္းျဖည္းအားေပ်ာ့သြားခဲ့ေၾကာင္းသိရသည္။ မုန္တိုင္းတိုက္ခတ္ျခင္းေၾကာင့္ လူႏွစ္ဦးေသဆုံးခဲ့သည္ဟု အတည္ျပဳထားေသာ မီယာဇာကီစီရင္စုတြင္ (၂၄)နာရီၾကာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သစ္ပင္မ်ားလဲက်ခဲ့ၿပီး ေနအိမ္မ်ားပ်က္စီးခဲ့ေၾကာင္း၊ အနည္းဆုံးလူ(၁၁၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ထဲမွ (၁၄)ဦးသည္ ျပင္းထန္ေသာ ဒဏ္ရာမ်ား ရရွိထားေၾကာင္း သိရသည္။

Kyushuေဒသတြင္ စက္တင္ဘာ(၂ဝ)ရက္ေန႔ အေစာပိုင္းအထိ ေနအိမ္ေပါင္း(၁၄ဝဝဝဝ) သည္ လွ်ပ္စစ္ဓာတ္အားမ်ား ျပန္လည္ရရွိျခင္း မရွိေသးေၾကာင္းသိရသည္။ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအမ်ားစုသည္ စက္တင္ဘာ(၂ဝ)ရက္ေန႔ နံနက္ပိုင္းတြင္ ပုံမွန္အတိုင္းျပန္လည္ လည္ပတ္ခဲ့ၿပီး ခရီးေဝးအလုပ္ဆင္းသူမ်ားသည္ ပိတ္ရက္သုံးရက္ၿပီးေနာက္ ျပန္လည္အလုပ္ ဆင္းခဲ့ေၾကာင္းသိရသည္။

က်ည္ဆန္ရထားႏွင့္ ေျမျပင္သယ္ယူပို႔ေဆာင္ေရးအမ်ားစုကို ျပန္လည္လည္ပတ္ခဲ့ေသာ္ လည္း ဂ်ပန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ ေလေၾကာင္းခရီးစဥ္ ဒါဇင္ေပါင္းမ်ားစြာကို ရပ္နားထားခဲ့ရေၾကာင္းသိရသည္။

ဂ်ပန္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ တိုင္ဖြန္းမုန္တိုင္းရာသီထဲသို႔ေရာက္ရွိေနၿပီး တစ္ႏွစ္လွ်င္ မုန္တိုင္းေပါင္း ၂ဝ ခန႔္ ႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ သိပၸံပညာရွင္မ်ားက ရာသီဥတုေျပာင္းလဲမႈသည္ မုန္တိုင္းမ်ားတိုက္ခတ္မႈကို ပိုမိုျပင္းထန္လာေစၿပီး အပူလႈိင္းမ်ား၊ မိုးေခါင္ျခင္းႏွင့္ ႐ုတ္တရက္ေရႀကီးျခင္းကဲ့သို႔ေသာ ျပင္းထန္ေသာရာသီဥတုမ်ားကို မၾကာခဏျဖစ္ေပၚေစႏိုင္ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.