ယူကရိန်း၏ အမြောက်နှင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအဝင် (၁၃)ဦး သေဆုံး

 716

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂ဝ

ယူကရိန်းနိုင်ငံ Donetsk မြို့တွင် ယူကရိန်းတပ်ဖွဲ့ဝင်များက အမြောက်နှင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား(၁၃) ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

Donetsk မြို့တော်အုပ်ချုပ်ရေးအကြီးအကဲ Alexey Kulemzin က "ပဏာမအချက်အလက်အရ Baku Commissars ရင်ပြင်မှာ အမြောက်နဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်" ဟု စက်တင်ဘာ(၁၉)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကို လက်ရှိအချိန်အထိ အတိအကျမသိရှိရသေး ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အမြောက်ကျည်ဆန် သည် ဘတ်စ်ကားမှတ်တိုင်ကို ထိခဲ့ကြောင်း သိရသည်။

Donetsk မြို့တော်အုပ်ချုပ်ရေးအကြီးအကဲ Alexey Kulemzin က “အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ သူ တွေထဲမှာ ကလေး(၂)ဦးလည်း ပါပါတယ်” ဟုပြောကြားခဲ့ပြီး၊ ယင်းဒေသအတွင်းတွင် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးသောသူများ သေဆုံးမှုမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ထပ်မံပြော ကြားခဲ့သည်။

Donetsk ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေကာကွယ်ရေးအဖွဲ့က ယူကရိန်းစစ်တပ်သည် Donetsk မြို့၏ လူနေ ရပ်ကွက်များကို ပစ်ခတ်ရန်အတွက် အနောက်နိုင်ငံများမှ ပံ့ပိုးပေးသော ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် များကိုအသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုပြီးနောက် မြို့တော်၏ခရိုင်တစ်ခုတွင် အခြေခံအဆောက်အအုံများနှင့် တိုက်ခန်းများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ဒေသခံများအား အိမ်ထဲတွင်နေထိုင်ရန် (သို့မဟုတ်) လိုအပ်ပါက အမိုးအကာများအောက်သို့ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်းသိရသည်။

Donetsk နယ်မြေကာကွယ်ရေးအဖွဲ့၏ပြောကြားချက်အရ စက်တင်ဘာ(၁၈)ရက်မှ (၁၉)ရက် မနက်အထိ တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူ(၆)ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္း၏ အေျမာက္ႏွင့္ပစ္ခတ္တိုက္ခိုက္မႈအတြင္း ကေလးငယ္မ်ား အပါအဝင္ (၁၃)ဦး ေသဆုံး
ၿဖိဳးခန႔္(NP News) - စက္တင္ဘာ ၂ဝ

ယူကရိန္းႏိုင္ငံ Donetsk ၿမိဳ႕တြင္ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားက အေျမာက္ႏွင့္ပစ္ခတ္တိုက္ခိုက္မႈအတြင္း အရပ္သား(၁၃) ဦး ထက္မနည္းေသဆုံးခဲ့ေၾကာင္း ေဒသတြင္းအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

Donetsk ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအႀကီးအကဲ Alexey Kulemzin က "ပဏာမအခ်က္အလက္အရ Baku Commissars ရင္ျပင္မွာ အေျမာက္နဲ႔ပစ္ခတ္တိုက္ခိုက္မႈအတြင္း အရပ္သား ၁၃ ဦး ေသဆုံးခဲ့ပါတယ္" ဟု စက္တင္ဘာ(၁၉)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

အဆိုပါတိုက္ခိုက္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိသူအေရအတြက္ကို လက္ရွိအခ်ိန္အထိ အတိအက်မသိရွိရေသး ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ မ်က္ျမင္သက္ေသမ်ား၏ ေျပာၾကားခ်က္အရ အေျမာက္က်ည္ဆန္ သည္ ဘတ္စ္ကားမွတ္တိုင္ကို ထိခဲ့ေၾကာင္း သိရသည္။

Donetsk ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအႀကီးအကဲ Alexey Kulemzin က “အဆိုပါတိုက္ခိုက္မႈအတြင္း ေသဆုံးသြားတဲ့ သူ ေတြထဲမွာ ကေလး(၂)ဦးလည္း ပါပါတယ္” ဟုေျပာၾကားခဲ့ၿပီး၊ ယင္းေဒသအတြင္းတြင္ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား၏ တိုက္ခိုက္မႈေၾကာင့္ အ႐ြယ္မေရာက္ေသးေသာသူမ်ား ေသဆုံးမႈမွာ ပထမဆုံးအႀကိမ္ မဟုတ္ေၾကာင္း ထပ္မံေျပာ ၾကားခဲ့သည္။

Donetsk ျပည္သူ႔သမၼတႏိုင္ငံ၏ နယ္ေျမကာကြယ္ေရးအဖြဲ႕က ယူကရိန္းစစ္တပ္သည္ Donetsk ၿမိဳ႕၏ လူေန ရပ္ကြက္မ်ားကို ပစ္ခတ္ရန္အတြက္ အေနာက္ႏိုင္ငံမ်ားမွ ပံ့ပိုးေပးေသာ ၁၅၅ မီလီမီတာ ေဟာင္ဝစ္ဇာ အေျမာက္ မ်ားကိုအသုံးျပဳခဲ့သည္ဟု စြပ္စြဲခဲ့ေၾကာင္းသိရသည္။ အဆိုပါတိုက္ခိုက္မႈၿပီးေနာက္ ၿမိဳ႕ေတာ္၏ခ႐ိုင္တစ္ခုတြင္ အေျခခံအေဆာက္အအုံမ်ားႏွင့္ တိုက္ခန္းမ်ား မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ၿပီး ေဒသခံမ်ားအား အိမ္ထဲတြင္ေနထိုင္ရန္ (သို႔မဟုတ္) လိုအပ္ပါက အမိုးအကာမ်ားေအာက္သို႔ေျပာင္းေ႐ႊ႕ရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။

Donetsk နယ္ေျမကာကြယ္ေရးအဖြဲ႕၏ေျပာၾကားခ်က္အရ စက္တင္ဘာ(၁၈)ရက္မွ (၁၉)ရက္ မနက္အထိ တိုက္ခိုက္မႈမ်ားေၾကာင့္ ေနာက္ထပ္ လူ(၆)ဦး ထပ္မံေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.