၂ဝ၂၃ ခုနှစ်မှာ ယူကရိန်းစစ်ပွဲအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလျံပေးအပ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

 482

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ် က ၂ဝ၂၃ ခုနှစ်၊ ယူကရိန်းစစ်ပွဲအတွက် ပေါင် ၂ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၂ ဒသမ ၆၃ ဘီလျံ) သို့မဟုတ် ဒီထက်ပိုတဲ့ပမာဏနဲ့ ကတိပြုထားတဲ့အတိုင်း ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ထရက်စ် ဟာ နယူးယောက်စီးတီးရှိ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) မှာ မိန့်ခွန်းပြောကြားဖို့စီစဉ်ထားတဲ့ အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ်မှာ ကိယက်ဗ်သို့ အတော်အတန်များပြားသော စစ်ရေးအကူအညီများ ပေးဆောင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ယူကေဟာ မင်းရဲ့ခြေလှမ်းတိုင်းရဲ့နောက်မှာ ဆက်လက်ရှိနေမှာပါ" လို့ ထရက်စ် က စက်တင်ဘာလ ၂ဝ ရက်၊ အင်္ဂါနေ့မှာ အမေရိကန်သို့မရောက်ရှိမီ ယူကရိန်းပြည်သူတွေကို ကတိပြုခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာလည်း လန်ဒန် ဟာ ကိယဗ်ကို ဒေါ်လာ၂ ဒသမ ၆၃ ဘီလျံထောက်ပံ့မယ်လို့ ကတိကဝတ်ပြုခဲ့ပြီး ယူကရိန်းအတွက် ဒုတိယအကြီး ဆုံး စစ်ဘက်အလှူရှင် ဖြစ်လာခဲ့ပါတယ်။

ယူကေရဲ့စစ်ရေးအကူအညီမှာ ရာနဲ့ချီသော ဒုံးပျံများ၊ သံချပ်ကာယာဉ်အစီးရေ ၁၂ဝ၊ အမြှောက်ကျည်ထောင်ပေါင်း များစွာ၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ငါးခုနဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၂၇ဝဝဝ ခန့်တို့ ပါဝင်တယ်လို့ သိရပါတယ်။

ယူကရိန်းတပ်များဟာ မကြာသေးမီက ရုရှားတပ်များ စွန့်ပစ်ထားတဲ့ အရှေ့ဘက်နယ်မြေအတွင်းသို့ ချီတက်ခဲ့ပြီး ဒွန်ဘတ်စ်ဒေသရှိ မော်စကို သိမ်းပိုက်ရေးတပ်များကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး က စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့နှောင်းပိုင်းက ပြောကြားခဲ့တဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သိမ်းပိုက်ထားသူတွေ ထိတ်လန့်နေကြတာဟာ ရှင်းရှင်းလင်းလင်းဖြစ်နေပြီး ယခုလွတ်မြောက်နယ်မြေတွေအတွက် အာရုံစိုက်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်ဟာ လက်နက်များနဲ့ အကူအညီများ ပေးပို့မှုများ အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက် နိုင်ငံ တကာကိုတောင်းဆိုနေပြီး ယူကရိန်းရဲ့ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ သံတမန်ရေးရာ လိုအပ်ချက် အဆင့် အားလုံးကိုဖြည့်ဆည်းပေးဖို့ အရာအားလုံး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္မွာ ယူကရိန္းစစ္ပြဲအတြက္ အနည္းဆုံး အေမရိကန္ေဒၚလာ ၂ ဒသမ ၆၃ ဘီလ်ံေပးအပ္မယ္လို႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ကတိျပဳ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ လစ္ဇ္ထရက္စ္ က ၂ဝ၂၃ ခုႏွစ္၊ ယူကရိန္းစစ္ပြဲအတြက္ ေပါင္ ၂ ဒသမ ၃ ဘီလ်ံ (ေဒၚလာ ၂ ဒသမ ၆၃ ဘီလ်ံ) သို႔မဟုတ္ ဒီထက္ပိုတဲ့ပမာဏနဲ႔ ကတိျပဳထားတဲ့အတိုင္း ပံ့ပိုးကူညီသြားမယ္လို႔ ဆိုပါတယ္။

ထရက္စ္ ဟာ နယူးေယာက္စီးတီးရွိ ကုလသမဂၢအေထြေထြညီလာခံ (UNGA) မွာ မိန႔္ခြန္းေျပာၾကားဖို႔စီစဥ္ထားတဲ့ အေမရိကန္သို႔ အလည္အပတ္ေရာက္ရွိစဥ္မွာ ကိယက္ဗ္သို႔ အေတာ္အတန္မ်ားျပားေသာ စစ္ေရးအကူအညီမ်ား ေပးေဆာင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"ယူေကဟာ မင္းရဲ႕ေျခလွမ္းတိုင္းရဲ႕ေနာက္မွာ ဆက္လက္ရွိေနမွာပါ" လို႔ ထရက္စ္ က စက္တင္ဘာလ ၂ဝ ရက္၊ အဂၤါေန႔မွာ အေမရိကန္သို႔မေရာက္ရွိမီ ယူကရိန္းျပည္သူေတြကို ကတိျပဳခဲ့ပါတယ္။ ၂ဝ၂၂ ခုႏွစ္မွာလည္း လန္ဒန္ ဟာ ကိယဗ္ကို ေဒၚလာ၂ ဒသမ ၆၃ ဘီလ်ံေထာက္ပံ့မယ္လို႔ ကတိကဝတ္ျပဳခဲ့ၿပီး ယူကရိန္းအတြက္ ဒုတိယအႀကီး ဆုံး စစ္ဘက္အလႉရွင္ ျဖစ္လာခဲ့ပါတယ္။

ယူေကရဲ႕စစ္ေရးအကူအညီမွာ ရာနဲ႔ခ်ီေသာ ဒုံးပ်ံမ်ား၊ သံခ်ပ္ကာယာဥ္အစီးေရ ၁၂ဝ၊ အေျမႇာက္က်ည္ေထာင္ေပါင္း မ်ားစြာ၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ငါးခုနဲ႔ ယူကရိန္းတပ္ဖြဲ႕ဝင္ ၂၇ဝဝဝ ခန႔္တို႔ ပါဝင္တယ္လို႔ သိရပါတယ္။

ယူကရိန္းတပ္မ်ားဟာ မၾကာေသးမီက ႐ုရွားတပ္မ်ား စြန႔္ပစ္ထားတဲ့ အေရွ႕ဘက္နယ္ေျမအတြင္းသို႔ ခ်ီတက္ခဲ့ၿပီး ဒြန္ဘတ္စ္ေဒသရွိ ေမာ္စကို သိမ္းပိုက္ေရးတပ္မ်ားကို ေခ်မႈန္းႏိုင္ခဲ့ပါတယ္။ ယူကရိန္းသမၼတ ဇီလန္စကီး က စက္တင္ဘာလ ၁၉ ရက္၊ တနလၤာေန႔ေႏွာင္းပိုင္းက ေျပာၾကားခဲ့တဲ့ ႐ုပ္ျမင္သံၾကားမိန႔္ခြန္းမွာ သိမ္းပိုက္ထားသူေတြ ထိတ္လန႔္ေနၾကတာဟာ ရွင္းရွင္းလင္းလင္းျဖစ္ေနၿပီး ယခုလြတ္ေျမာက္နယ္ေျမေတြအတြက္ အာ႐ုံစိုက္ထား ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းေခါင္းေဆာင္ဟာ လက္နက္မ်ားနဲ႔ အကူအညီမ်ား ေပးပို႔မႈမ်ား အရွိန္ျမႇင့္ေဆာင္႐ြက္ဖို႔အတြက္ ႏိုင္ငံ တကာကိုေတာင္းဆိုေနၿပီး ယူကရိန္းရဲ႕ကာကြယ္ေရး၊ ဘ႑ာေရး၊ စီးပြားေရး၊ သံတမန္ေရးရာ လိုအပ္ခ်က္ အဆင့္ အားလုံးကိုျဖည့္ဆည္းေပးဖို႔ အရာအားလုံး လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Picture

Ko Moe

21/09/2022 11:16

အင်္ဂလန်အနေနဲ့ ရုရှားနဲ့ ချပါ အလှူငွေ ယူကရိန်းက ပြန်ပေးပါ့မယ်တဲ့။လစ်ထရက် ကတော့ ညစ်ပတ်ပြီ။

Related news

© 2021. All rights reserved.