အမေရိကန်ရဲ့ဖိအားများကြောင့် တူရကီအကြီးဆုံးဘဏ်နှစ်ခု Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုခြင်းကို ရပ်တန့်ဆိုင်းငံ့
 680
ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁
တူရကီ အကြီးဆုံးဘဏ်ကြီးနှစ်ခုဟာ အမေရိကန်အစိုးရရဲ့သတိပေးမှုများကြောင့် ရုရှားနိုင်ငံသုံး Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုခြင်းတွေကိုလက်ခံဖို့ ဆိုင်းငံလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရက Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုခြင်းတွေနဲ့ပတ်သက်ပြီး တူရကီဘဏ်များကိုသတိပေးခဲ့ကာ ပိတ်ဆို့မှုတွေချမှတ်မယ်လို့ အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။
ရုရှားခရီးသွားများအတွက် ပြည်ပသွားရောက်ချိန်မှာ Visa နဲ့ Mastercard အသုံးပြုခွင့်များရပ်တန့်ထားခဲ့ပြီးနောက် Mir ငွေကြေးပေးချေမှုစနစ်က ရုရှားခရီးသွားများအတွက် အဓိက သုံးစွဲတဲ့ငွေကြေးစနစ်ဖြစ်စေခဲ့ပါတယ်။
တူရကီရဲ့အကြီးဆုံးဘဏ်တွေဖြစ်တဲ့ IsBank ဘဏ် နဲ့ Denizbank ဘဏ်တို့ဟာ ရုရှားနိုင်ငံရဲ့ငွေကြေးပေးချေမှုစနစ်ဖြစ်တဲ့ Mir အသုံးပြုခြင်းကိုဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံပြင်ပရှိဘဏ်များကို ပြီးခဲ့တဲ့သီတင်း ပတ်က သတင်းထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံသုံး Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုခြင်းနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ Mir အသုံးပြုခြင်းတွေက ရုရှားအပေါ်ချမှတ်ထားတဲ့ အနောက်အုပ်စုနိုင်ငံများရဲ့စီးပွားရေးပိတ်ဆို့မှုများ ရှောင်ရှားနိုင်အောင် ရုရှားကို ထောက်ခံအားပေးနေခြင်းဖြစ်ကြောင်း၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။
တူရကီနိုင်ငံအတွင်းရှိ အခြားဘဏ်သုံးခုမှာတော့ ရုရှားနိုင်ငံရဲ့ငွေကြေးပေးချေမှုစနစ်ကို
အသုံးပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရုရှားနဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ၈ နိုင်ငံဟာ Mir ငွေကြေးပေးချေမှုစနစ်ကို လက်ခံကျင့်သုံးနေတယ်လို့ သိရပါတယ်။ ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံ ဟောင်းမဟုတ်တဲ့ ဗီယက်နမ် နဲ့ တူရကီနိုင်ငံတို့ဟာ လက်ရှိအချိန်မှာ Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုခြင်းတွေကို လက်ခံကျင့်သုံးနေတယ်လို့ သိရပါတယ။်
ရုရှားဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေဟာ ပိတ်ဆို့ခံရမှာ စိုးရိမ်နေတဲ့အတွက် Mir ငွေကြေးပေးချေမှုစနစ်အသုံးပြုဖို့ တွန့်ဆုတ်နေတယ်လို့ ဆိုခဲ့ပါတယ်။
Zawgyi Version;
Picture
Ko Moe
21/09/2022 12:06
တွေ့တယ်နော် ငါနဲ့မတူ ငါ့ရန်သူလုပ်နေတာ ကမ္ဘာစစ်ကို စတင်ချင်နေတာက အမေရိကန်နော်။ရုရှားခြံဘေးကို သေးပါချီးပေါက်လုပ်မယ် တရုတ်အိမ်ရှေ့သွား ဖင်လှံ လီးလှံလုပ်မယ်။အိန္ဒိယကို ချော့ပြီး တရုတ်နဲ့အချခိုင်းမယ် ထိုင်ဝမ်မြန်မာကို တရုတ်နဲ့ အတွယ်ခိုင်းမယ် ရုရှားနဲ့ သူ့ပတ်ဝန်းကျင်ကို မီးမွှေးမယ်။ဒါက သူ့အလုပ်ဖြစ်နေပြီ။ဝဋ်မလည်ပါစေနဲ့ကွာ
Related news
© 2021. All rights reserved.