တရုတ်နိုင်ငံက နိုင်ငံခြားခရီးသွားအချို့အတွက် နယ်စပ်ဝင်ရောက်ရေး စည်းမျဉ်းများ လျှော့ပေါ့ပြဋ္ဌာန်း

 486

Htay Oung (NP News) - စက်တင်ဘာ ၂၁

နိုင်ငံခြားသားအချို့အနေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ ခရီးသွားနေရာများကို သွားရောက်လည်ပတ်ရာမှာ လွယ်ကူစေဖို့ရည်ရွယ်ပြီး ပြည်ဝင်ခွင့်စည်းမျဉ်းမူကြမ်းတစ်ရပ်ကို ပေကျင်းက ထုတ်ပြန်လိုက်တယ်လို့ Reuters က စက်တင်ဘာလ ၂ဝ ရက်ကရေးသားပါတယ်။

တရုတ်က သူ့နိုင်ငံနယ်စပ်ဒေသများရှိ ခရီးသွားအေဂျင်စီများကစီစဉ်တဲ့ ခရီးသွားအုပ်စုများအတွက် ဝင်/ထွက်ခွင့်ပြုလုပ်ရာမှာ ပြောင်းလွယ်/ပြင်လွယ်ဖြစ်စေဖို့ ရည်ရွယ်ကြောင်း ပေကျင်းယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက တနင်္လာနေ့ (စက် တင်ဘာလ ၁၉ ရက်)မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ နယ်စပ် ဘယ်နေရာနဲ့ ဘယ်နေ့မှာ စတင်မယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

၂ဝ၂ဝ ပြည့်နှစ် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ် စတင်ဖြစ်ပွားချိန်ကတည်းက ပေကျင်းဟာ နိုင်ငံရပ်ခြားခရီးသွားများအတွက် သူ့ရဲ့နယ်စပ်ဒေသများကို ပိတ်ထားခဲ့ပါတယ်။ အလုပ်ဗီဇာ ကိုင်ဆောင်ထားသူတွေလို နိုင်ငံခြားသားအုပ်စုအချို့ကိုသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားခဲ့ပါတယ်။

မကြာသေးမီလများအတွင်း တရုတ်နဲပြည်ပနိုင်ငံအချို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ပြန်လည်စတင်ခြင်းမှအစ တရားဝင်နေထိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားကျောင်းသားများကို ဝင်ရောက်ခွင့်ပြုခြင်းအထိ စည်းမျဉ်းတွေကို တဖြည်းဖြည်း ဖြေ လျော့ပေါ့ပေးခဲ့ပါတယ်။ ပြည်ပမှ ဆိုက်ရောက်လာသူများအတွက်လည်း “ကွာရန်တင်း “ အစီအစဉ်တွေကို လျှော့ချထားကြောင်း တွေ့ရှိရပါတယ်။

တရုတ်နိုင်ငံဟာ ရုရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့အပါအဝင် တိုင်းပြည်ပေါင်း ၁ဝ ခု နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နိုင်ငံခြားသားများနဲ့ တရုတ်နိုင်ငံသားတို့ရဲ့ ကုန်းလမ်းဖြတ်ကျော်ဝင်ရောက်မှုများနဲ့ ဆက်စပ်ပြီး COVID-19 ရောဂါ ပိုး ပြည်တွင်းရောက်ရှိလာတာမျိုးဟာ နယ်စပ်တလျှောက် တရုတ်မြို့ကြီးများတွေမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

“ဘယ်တော့ရယ်လို့ ကြိုတင်မခန့်မှန်းနိုင်ပေမယ့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမယ် ထင်ပါတယ်”လို့တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီမှ နိုင်ငံတကာ ခရီးသွားဌာနအကြီးအကဲက မှတ်ချက်ပေးပါတယ်။ "ခရီးသွားဌာနက မဆုံးဖြတ်နိုင်တဲ့ COVID ရောဂါကူးစက်ပျံ့ပွားမှု အခြေအနေနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံတွေရဲ့ သက်ရောက်မှုတွေအပေါ် မူတည်ပါတယ်"လို့ ဆိုပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံက ႏိုင္ငံျခားခရီးသြားအခ်ိဳ႕အတြက္ နယ္စပ္ဝင္ေရာက္ေရး စည္းမ်ဥ္းမ်ား ေလွ်ာ့ေပါ့ျပ႒ာန္း
Htay Oung (NP News) - စက္တင္ဘာ ၂၁

ႏိုင္ငံျခားသားအခ်ိဳ႕အေနနဲ႔ တ႐ုတ္နယ္စပ္မွာရွိတဲ့ ခရီးသြားေနရာမ်ားကို သြားေရာက္လည္ပတ္ရာမွာ လြယ္ကူေစဖို႔ရည္႐ြယ္ၿပီး ျပည္ဝင္ခြင့္စည္းမ်ဥ္းမူၾကမ္းတစ္ရပ္ကို ေပက်င္းက ထုတ္ျပန္လိုက္တယ္လို႔ Reuters က စက္တင္ဘာလ ၂ဝ ရက္ကေရးသားပါတယ္။

တ႐ုတ္က သူ႔ႏိုင္ငံနယ္စပ္ေဒသမ်ားရွိ ခရီးသြားေအဂ်င္စီမ်ားကစီစဥ္တဲ့ ခရီးသြားအုပ္စုမ်ားအတြက္ ဝင္/ထြက္ခြင့္ျပဳလုပ္ရာမွာ ေျပာင္းလြယ္/ျပင္လြယ္ျဖစ္ေစဖို႔ ရည္႐ြယ္ေၾကာင္း ေပက်င္းယဥ္ေက်းမႈနဲ႔ ခရီးသြားလာေရး ဝန္ႀကီးဌာနက တနလၤာေန႔ (စက္ တင္ဘာလ ၁၉ ရက္)မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။ ဒါေပမဲ့ နယ္စပ္ ဘယ္ေနရာနဲ႔ ဘယ္ေန႔မွာ စတင္မယ္ဆိုတာကိုေတာ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားျခင္း မရွိပါဘူး။

၂ဝ၂ဝ ျပည့္ႏွစ္ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈအသစ္ စတင္ျဖစ္ပြားခ်ိန္ကတည္းက ေပက်င္းဟာ ႏိုင္ငံရပ္ျခားခရီးသြားမ်ားအတြက္ သူ႔ရဲ႕နယ္စပ္ေဒသမ်ားကို ပိတ္ထားခဲ့ပါတယ္။ အလုပ္ဗီဇာ ကိုင္ေဆာင္ထားသူေတြလို ႏိုင္ငံျခားသားအုပ္စုအခ်ိဳ႕ကိုသာ ျပည္တြင္းဝင္ေရာက္ခြင့္ျပဳထားခဲ့ပါတယ္။

မၾကာေသးမီလမ်ားအတြင္း တ႐ုတ္နဲျပည္ပႏိုင္ငံအခ်ိဳ႕အၾကား တိုက္႐ိုက္ေလေၾကာင္းခရီးစဥ္မ်ားကို ျပန္လည္စတင္ျခင္းမွအစ တရားဝင္ေနထိုင္ခြင့္ရွိတဲ့ ႏိုင္ငံျခားသားေက်ာင္းသားမ်ားကို ဝင္ေရာက္ခြင့္ျပဳျခင္းအထိ စည္းမ်ဥ္းေတြကို တျဖည္းျဖည္း ေျဖ ေလ်ာ့ေပါ့ေပးခဲ့ပါတယ္။ ျပည္ပမွ ဆိုက္ေရာက္လာသူမ်ားအတြက္လည္း “ကြာရန္တင္း “ အစီအစဥ္ေတြကို ေလွ်ာ့ခ်ထားေၾကာင္း ေတြ႕ရွိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ႐ုရွား၊ မြန္ဂိုလီးယား၊ ျမန္မာ၊ လာအိုနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔အပါအဝင္ တိုင္းျပည္ေပါင္း ၁ဝ ခု နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ႏိုင္ငံျခားသားမ်ားနဲ႔ တ႐ုတ္ႏိုင္ငံသားတို႔ရဲ႕ ကုန္းလမ္းျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ားနဲ႔ ဆက္စပ္ၿပီး COVID-19 ေရာဂါ ပိုး ျပည္တြင္းေရာက္ရွိလာတာမ်ိဳးဟာ နယ္စပ္တေလွ်ာက္ တ႐ုတ္ၿမိဳ႕ႀကီးမ်ားေတြမွာ မၾကာခဏ ျဖစ္ပြားေလ့ရွိပါတယ္။

“ဘယ္ေတာ့ရယ္လို႔ ႀကိဳတင္မခန႔္မွန္းႏိုင္ေပမယ့္ နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားလုပ္ငန္း ျပန္လည္ေကာင္းမြန္လာမယ္ ထင္ပါတယ္”လို႔တ႐ုတ္ခရီးသြားလုပ္ငန္း အကယ္ဒမီမွ ႏိုင္ငံတကာ ခရီးသြားဌာနအႀကီးအကဲက မွတ္ခ်က္ေပးပါတယ္။ "ခရီးသြားဌာနက မဆုံးျဖတ္ႏိုင္တဲ့ COVID ေရာဂါကူးစက္ပ်ံ႕ပြားမႈ အေျခအေနနဲ႔ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး အစီအမံေတြရဲ႕ သက္ေရာက္မႈေတြအေပၚ မူတည္ပါတယ္"လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.