လက်နက်ကိုင်ပဋိပက္ခများဖြစ်နေရင်လည်း ကလေးများပညာသင်ကြားရန် စာသင်ကျောင်းများကို ဘေးကင်းလုံခြုံမှုရှိသည့်နေရာမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော

 618

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေရင်တောင် ကလေးများ ပညာသင်ကြားရန် စာသင် ကျောင်းများကို ဘေးကင်းလုံခြုံစိတ်ချရမှုရှိနေသည့်နေရာ နှင့် ပညာသင်ကြားရန်ကလေးငယ်များကို ကာကွယ်ပေးရမည့်နေရာ ဖြစ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် က ထုတ်ဖော်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ပြီးခဲ့သည့်စက်တင်ဘာ ၁၈ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦးခန့် သေဆုံးခဲ့ရသည့် စာသင်ကျောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် အဆိုပါတိုက်ခိုက်မှုများအပေါ် ပြစ်တင်ရှုတ် ချခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က "လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေရင်တောင် စာသင် ကျောင်းတွေဟာ ကလေးငယ်တွေကို လေ့လာသင်ယူမှုတွေပြုလုပ်ဖို့ ဘေးကင်းမှုတွေ၊ ကာကွယ်ပေးနိုင်မှုပြုလုပ်နိုင်တဲ့နေရာမျိုးဖြစ်ရမယ်။ စာသင်ကျောင်းများ၊ ဆေးရုံများကို တိုက်ခိုက်နေခြင်းတွေက နိုင်ငံတကာလူအခွင့်အရေးဆိုင်ရာဥပဒေများကို ဆန့်ကျင်နေတာမျိုးဖြစ်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကလေးတွေကိုထိခိုက်စေခဲ့တဲ့ မြန်မာ နိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခများကို ပြစ်တင်ရှုတ်ချပါတယ်" ဟု ပြောသည်။

နိုင်ငံတကာ လူအခွင့်အရေးဆိုင်ရာဥပဒေများတွင် လက်နက်ကိုင်အဖွဲ့များက ကလေးငယ်များအပါအဝင် အရပ်သား၊ အရပ်သားများနေထိုင်သည့်နေရာများကိုတိုက်ခိုက်ဖို့ ခွင့်ပြုထားခြင်းမရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုအားလုံးကို ကျူးလွန်ခဲ့သူများကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများရှိအောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဂူတာရက်စ်က ပြောပါသည်။ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော ကလေးငယ်များ ရန်ပုံငွေအဖွဲ့ UNICEF က "စာသင်ကျောင်းများ ဘေးကင်းမှုတွေရှိစေလိုပါတယ်။ ကလေးတွေကို တိုက်ခိုက်တာမျိုး ဘယ်တော့မှ မလုပ်ဆောင်စေလိုဘူး" ဟု ဆိုသည်။

Zawgyi Version;
လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ေနရင္လည္း ကေလးမ်ားပညာသင္ၾကားရန္ စာသင္ေက်ာင္းမ်ားကို ေဘးကင္းလုံၿခဳံမႈရွိသည့္ေနရာမ်ိဳးျဖစ္ေအာင္ လုပ္ရမည္ျဖစ္ေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနရင္ေတာင္ ကေလးမ်ား ပညာသင္ၾကားရန္ စာသင္ ေက်ာင္းမ်ားကို ေဘးကင္းလုံၿခဳံစိတ္ခ်ရမႈရွိေနသည့္ေနရာ ႏွင့္ ပညာသင္ၾကားရန္ကေလးငယ္မ်ားကို ကာကြယ္ေပးရမည့္ေနရာ ျဖစ္ရမည္ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္ က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္သည္ ၿပီးခဲ့သည့္စက္တင္ဘာ ၁၈ ရက္ေန႔က ျမန္မာႏိုင္ငံေျမာက္ပိုင္းတြင္ ကေလးငယ္ ၁၁ ဦးအပါအဝင္ ၁၃ ဦးခန႔္ ေသဆုံးခဲ့ရသည့္ စာသင္ေက်ာင္းတိုက္ခိုက္ခံရမႈႏွင့္ပတ္သက္ၿပီး ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္သည္ အဆိုပါတိုက္ခိုက္မႈမ်ားအေပၚ ျပစ္တင္ရႈတ္ ခ်ခဲ့ေၾကာင္း သိရသည္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ က "လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနရင္ေတာင္ စာသင္ ေက်ာင္းေတြဟာ ကေလးငယ္ေတြကို ေလ့လာသင္ယူမႈေတြျပဳလုပ္ဖို႔ ေဘးကင္းမႈေတြ၊ ကာကြယ္ေပးႏိုင္မႈျပဳလုပ္ႏိုင္တဲ့ေနရာမ်ိဳးျဖစ္ရမယ္။ စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံမ်ားကို တိုက္ခိုက္ေနျခင္းေတြက ႏိုင္ငံတကာလူအခြင့္အေရးဆိုင္ရာဥပေဒမ်ားကို ဆန႔္က်င္ေနတာမ်ိဳးျဖစ္ေနပါတယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ ကေလးေတြကိုထိခိုက္ေစခဲ့တဲ့ ျမန္မာ ႏိုင္ငံရဲ႕လက္နက္ကိုင္ပဋိပကၡမ်ားကို ျပစ္တင္ရႈတ္ခ်ပါတယ္" ဟု ေျပာသည္။

ႏိုင္ငံတကာ လူအခြင့္အေရးဆိုင္ရာဥပေဒမ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက ကေလးငယ္မ်ားအပါအဝင္ အရပ္သား၊ အရပ္သားမ်ားေနထိုင္သည့္ေနရာမ်ားကိုတိုက္ခိုက္ဖို႔ ခြင့္ျပဳထားျခင္းမရွိေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ က်ဴးလြန္ခဲ့သည့္ ႏိုင္ငံတကာရာဇဝတ္မႈအားလုံးကို က်ဴးလြန္ခဲ့သူမ်ားကို တာဝန္ယူျခင္း၊ တာဝန္ခံျခင္းမ်ားရွိေအာင္ လုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္း ဂူတာရက္စ္က ေျပာပါသည္။ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ UNICEF က "စာသင္ေက်ာင္းမ်ား ေဘးကင္းမႈေတြရွိေစလိုပါတယ္။ ကေလးေတြကို တိုက္ခိုက္တာမ်ိဳး ဘယ္ေတာ့မွ မလုပ္ေဆာင္ေစလိုဘူး" ဟု ဆိုသည္။

Picture

Ko Moe

21/09/2022 12:02

ခင်ဗျားနဲ့ မြန်မာပြည်ကခေါင်းဆောင်တွေနဲ့ နေရာလဲပြီး တစ်နှစ်လောက် ထိုင်ကြည့်ပါလို့ မေတ္တာရပ်ခံချင်လိုက်တာဗျာ။တိုင်းပြည်မှာ လက်နက်ကိုင်ချင်းပဲ ချနေတာလေးတောင် ဆုတ်ပြတ်နေတာ ပြည်သူကိုပါ လက်နက်ကိုင်ဖို့ အားပေးအားမြှောက်လုပ်နေတဲ့ အမေရကန်နဲ့ နေတိုးအုပ်စု အိုအိုင်စိအုပ်စုကို အပြစ်မပြောပဲ။ကြောက်နေရင်လည်း ကုလသမဂ္ဂမှာ လခစားမနေနဲ့တော့ ဘဲကြီးရေ့။နေတိုးရဲ့ ရှေ့နေ အိုအိုင်စီရဲ့ ခွေး အဆင့်က လာလာဝေဖန်မနေနဲ့ 🖕🖕🖕

Related news

© 2021. All rights reserved.