ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထဲ တူရကီပါဝင်ဖို့ စီစဉ်နေခြင်းကို ဂျာမနီအစိုးရ ဒေါသဖြစ်နေ

 710

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

တရုတ်နဲ့ ရုရှားတို့ဦးဆောင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ကို တူရကီ နိုင်ငံ ပါဝင်ခြင်းနဲ့ပတ်သက်ပြီး ဂျာမနီအဓိပတိ အောလက်ဖ်ရှိုးလ်က စိတ်ဆိုးဒေါသဖြစ်နေပြီး
ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီအဓိပတိက အဆိုပါအဖွဲ့အစည်းဟာ ကမ္ဘာ့ငြိမ်းချမ်ရေးရရှိအောင်လုပ်ဆောင်နိုင်မယ့်အဖွဲ့အစည်းမျိုးမဟုတ်ကြောင်းဆိုခဲ့ပါတယ်။
ဂျာမနီအဓိပတိ က "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တိုးတက်မှုများအတွက် ကျွန်တော်အရမ်း စိတ်ဆိုးမိတယ်။ အဲဒီအဖွဲ့အစည်းဟာ ကမ္ဘာကြီးမှာ ကောင်းမွန်စွာ အတူယှဉ်တွဲနေထိုင်နေရေးဖြစ်စေဖို့ အဓိက ကူညီထောက်ပံ့ပေးနိုင်မယ့်အဖွဲ့အစည်းမျိုး မဟုတ်ဘူး" လို့ပြောပါတယ်။

ဂျာမနီအဓိပတိဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တူရကီသမ္မတ အာဒိုဂမ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များကို အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ဂျာမနီအဓိပတိက ယူကရိန်းစစ်ပွဲပဋိပက္ခများနဲ့ပတ်သက်ပြီး တူရကီသမ္မတနဲ့ သဘောတူညီမှုများရယူနိုင်ရေးက အဓိကအရေးကြီးဆုံးအရာဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဥဇဘက်ကစ္စတန်နိုင်ငံမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးကျင်းပခဲ့ရာ တူရကီနိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
တူရကီသမ္မတ က "ကျွန်တော်တို့ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်ရည်မှန်း ချက်ဖြစ်ရေးက အဓိကရည်မှန်းချက်ဖြစ်တယ်" လို့ မကြာသေးမီက ပြောခဲ့ဖူးပါတယ်။

တူရကီသမ္မတဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ တရုတ်၊ ရုရှားတို့ဦးဆောင်တဲ့အရှေ့အုပ်စုနှစ်ခုကြားမှာ ဘယ်ဘက်က ရပ်တည်မလဲဆိုတဲ့အချက်ကိုရွေးချယ်ဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။

တူရကီဟာ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ပေမယ့်လည်း ရုရှားနဲ့ရင်းနှီးမှုရှိတဲ့ နိုင်ငံဖြစ်နေရာ ယူကရိန်းစစ်ပွဲစတင်ချိန်မှာ တူရကီနိုင်ငံဟာ ရုရှားနိုင်ငံအပေါ်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version;
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ထဲ တူရကီပါဝင္ဖို႔ စီစဥ္ေနျခင္းကို ဂ်ာမနီအစိုးရ ေဒါသျဖစ္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

တ႐ုတ္နဲ႔ ႐ုရွားတို႔ဦးေဆာင္တဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) အဖြဲ႕ကို တူရကီ ႏိုင္ငံ ပါဝင္ျခင္းနဲ႔ပတ္သက္ၿပီး ဂ်ာမနီအဓိပတိ ေအာလက္ဖ္ရႈိးလ္က စိတ္ဆိုးေဒါသျဖစ္ေနၿပီး
ေဝဖန္ျပစ္တင္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ာမနီအဓိပတိက အဆိုပါအဖြဲ႕အစည္းဟာ ကမာၻ႔ၿငိမ္းခ်မ္ေရးရရွိေအာင္လုပ္ေဆာင္ႏိုင္မယ့္အဖြဲ႕အစည္းမ်ိဳးမဟုတ္ေၾကာင္းဆိုခဲ့ပါတယ္။
ဂ်ာမနီအဓိပတိ က "ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕တိုးတက္မႈမ်ားအတြက္ ကြၽန္ေတာ္အရမ္း စိတ္ဆိုးမိတယ္။ အဲဒီအဖြဲ႕အစည္းဟာ ကမာၻႀကီးမွာ ေကာင္းမြန္စြာ အတူယွဥ္တြဲေနထိုင္ေနေရးျဖစ္ေစဖို႔ အဓိက ကူညီေထာက္ပံ့ေပးႏိုင္မယ့္အဖြဲ႕အစည္းမ်ိဳး မဟုတ္ဘူး" လို႔ေျပာပါတယ္။

ဂ်ာမနီအဓိပတိဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တူရကီသမၼတ အာဒိုဂမ္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ သတင္းေထာက္မ်ားကို အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီအဓိပတိက ယူကရိန္းစစ္ပြဲပဋိပကၡမ်ားနဲ႔ပတ္သက္ၿပီး တူရကီသမၼတနဲ႔ သေဘာတူညီမႈမ်ားရယူႏိုင္ေရးက အဓိကအေရးႀကီးဆုံးအရာျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က ဥဇဘက္ကစၥတန္ႏိုင္ငံမွာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးက်င္းပခဲ့ရာ တူရကီႏိုင္ငံက အဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔ ေလွ်ာက္ထားခဲ့တယ္လို႔ သိရပါတယ္။
တူရကီသမၼတ က "ကြၽန္ေတာ္တို႔ဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ အဖြဲ႕ဝင္ရည္မွန္း ခ်က္ျဖစ္ေရးက အဓိကရည္မွန္းခ်က္ျဖစ္တယ္" လို႔ မၾကာေသးမီက ေျပာခဲ့ဖူးပါတယ္။

တူရကီသမၼတဟာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုနဲ႔ တ႐ုတ္၊ ႐ုရွားတို႔ဦးေဆာင္တဲ့အေရွ႕အုပ္စုႏွစ္ခုၾကားမွာ ဘယ္ဘက္က ရပ္တည္မလဲဆိုတဲ့အခ်က္ကိုေ႐ြးခ်ယ္ဖို႔ ဆႏၵမရွိဘူးလို႔လည္း သိရပါတယ္။

တူရကီဟာ ေနတိုးအုပ္စုဝင္ႏိုင္ငံျဖစ္ေပမယ့္လည္း ႐ုရွားနဲ႔ရင္းႏွီးမႈရွိတဲ့ ႏိုင္ငံျဖစ္ေနရာ ယူကရိန္းစစ္ပြဲစတင္ခ်ိန္မွာ တူရကီႏိုင္ငံဟာ ႐ုရွားႏိုင္ငံအေပၚျပင္းထန္တဲ့ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။

Picture

Ko Moe

21/09/2022 12:45

အစွန်းရောက်နိုင်ငံကြီးတွေဟာ လူစိတ်မရှိကြဘူး။ကုလသမဂ္ဂ ကိစ္စ အဆိုးဆုံးပါပဲ

Picture

Ko Moe

21/09/2022 15:09

နိုင်ငံ 30 ပေါင်းလို့ 1 ဘီလျံမပြည့်တဲ့ လူယုတ်မာ အဖွဲ့အစည်းဟာ တူရကီ ထွက်သွားရင် ပိုနည်းသွားမှာ ကြောက်နေရရှာ၏😂😂

Related news

© 2021. All rights reserved.