အမေရိကန်နဲ့ တရုတ်တို့ စစ်အေးခေတ်တိုက်ပွဲစတင်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဘေးဒုက္ခများရင်ဆိုင်ရဖွယ်ရှိနေကြောင်း တရုတ်အစိုးရသတိပေး

 650

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

တရုတ်နဲ့ အမေရိကန်နိုင်ငံကြား စစ်အေးခတ်တိုက်ပွဲစတင်မယ်ဆိုရင် နှစ်နိုင်ငံစလုံးအတွက်သာမက တစ်ကမ္ဘာလုံး ဘေးဒုက္ခများ တွေ့ကြုံရဖွယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး က "စစ်အေးခတ်တိုက်ပွဲအသစ် စတင်မယ်ဆိုရင် တရုတ်နဲ့ အမေရိကန်နိုင်ငံအပြင် အခြားကမ္ဘာ့နိုင်ငံတွေလည်း ဘေးဒုက္ခများရင်ဆိုင်ရဖွယ်ရှိနေတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့မူဝါဒတွေကို ဆင်ခြင်တုံတရားနဲ့ လက်တွေ့ကျတဲ့မူဝါမျိုးချမှတ်ဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုထားမှုအတိုင်း ထိုင်ဝမ်ကို တရုတ်ရဲ့ပိုင်နက်အဖြစ် အသိအမှတ်ပြုထားခြင်းကို လက်တွေ့လုပ်ဆောင်ရမှာဖြစ်ကြောင်း၊
ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ သွားရောက်ခဲ့ခြင်းက တရုတ် နဲ့အမေရိကန်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်စေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်အောက်လွှတ်တော်ရဲ့ ၂ဝ၂၂ခုနှစ်အတွက် ထိုင်ဝမ်အပေါ် ထားရှိတဲ့ ပေါ်လစီတွေမှာ ထိုင်ဝမ်ကို လုံခြုံရေးအကူအညီပေးနိုင်အောင် အမေရိကန်ဒေါ်လာ ဘီလျံချီ ကူညီပေးမယ့်အစီအစဉ်များ ပါဝင်နေရာ တရုတ် နဲ့ အမေရိကန်နိုင်ငံကြားဆက်ဆံရေးထိခိုက်လာဖွယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က ပြောပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံအပေါ် မှားယွင်းတဲ့ခံယူချက်များရှိနေကြောင်း၊ အမေရိကန်အစိုးရက တရုတ်နိုင်ငံဟာ ၄င်းတို့ရဲ့အဓိကပြိုင်ဘက်၊ ကာလတန်ကြာရင်ဆိုင်ရမယ့် စိန်ခေါ်သူအဖြစ် ရှုမြင်တာမျိုးတွေလည်းရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ကပြောပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ တ႐ုတ္တို႔ စစ္ေအးေခတ္တိုက္ပြဲစတင္မယ္ဆိုရင္ တစ္ကမာၻလုံး ေဘးဒုကၡမ်ားရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း တ႐ုတ္အစိုးရသတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား စစ္ေအးခတ္တိုက္ပြဲစတင္မယ္ဆိုရင္ ႏွစ္ႏိုင္ငံစလုံးအတြက္သာမက တစ္ကမာၻလုံး ေဘးဒုကၡမ်ား ေတြ႕ႀကဳံရဖြယ္ရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက သတိေပးေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟင္နရီကစ္ဆင္ဂ်ာနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး က "စစ္ေအးခတ္တိုက္ပြဲအသစ္ စတင္မယ္ဆိုရင္ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံအျပင္ အျခားကမာၻ႔ႏိုင္ငံေတြလည္း ေဘးဒုကၡမ်ားရင္ဆိုင္ရဖြယ္ရွိေနတယ္။ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံအေပၚထားရွိတဲ့မူဝါဒေတြကို ဆင္ျခင္တုံတရားနဲ႔ လက္ေတြ႕က်တဲ့မူဝါမ်ိဳးခ်မွတ္ဖို႔ လိုအပ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံတည္းမူဝါဒကို အသိအမွတ္ျပဳထားမႈအတိုင္း ထိုင္ဝမ္ကို တ႐ုတ္ရဲ႕ပိုင္နက္အျဖစ္ အသိအမွတ္ျပဳထားျခင္းကို လက္ေတြ႕လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊
ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ သြားေရာက္ခဲ့ျခင္းက တ႐ုတ္ နဲ႔အေမရိကန္ႏိုင္ငံၾကားဆက္ဆံေရးကို ထိခိုက္ေစခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ရဲ႕ ၂ဝ၂၂ခုႏွစ္အတြက္ ထိုင္ဝမ္အေပၚ ထားရွိတဲ့ ေပၚလစီေတြမွာ ထိုင္ဝမ္ကို လုံၿခဳံေရးအကူအညီေပးႏိုင္ေအာင္ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ကူညီေပးမယ့္အစီအစဥ္မ်ား ပါဝင္ေနရာ တ႐ုတ္ နဲ႔ အေမရိကန္ႏိုင္ငံၾကားဆက္ဆံေရးထိခိုက္လာဖြယ္ရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ က ေျပာပါတယ္။

အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံအေပၚ မွားယြင္းတဲ့ခံယူခ်က္မ်ားရွိေနေၾကာင္း၊ အေမရိကန္အစိုးရက တ႐ုတ္ႏိုင္ငံဟာ ၄င္းတို႔ရဲ႕အဓိကၿပိဳင္ဘက္၊ ကာလတန္ၾကာရင္ဆိုင္ရမယ့္ စိန္ေခၚသူအျဖစ္ ရႈျမင္တာမ်ိဳးေတြလည္းရွိခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ ကေျပာပါတယ္။

Related news

© 2021. All rights reserved.