အိန္ဒိယနိုင်ငံသား ၃ဝဝ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရပြီး အိန္ဒိယဝန်ကြီးချုပ် အကူအညီပေးဖို့ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ် တောင်းဆို

 771

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ် MK Stalin ဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တမီးလ်လူမျိုး ၅ဝ အပါအဝင် အိန္ဒိယနိုင်ငံသား ၃ဝဝ ကို ပြန်လည်ကယ်တင်နိုင်ရေးနဲ့ အိန္ဒိယနိုင်ငံထံ ပြန်လည်ခေါ်ဆောင်နိုင်အောင် ကြိုးပမ်းပေးစေလိုကြောင်း အိန္ဒိယဝန်ကြီး ချုပ် နာရမ်ဒရာမိုဒီ ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်ဟာ အဆိုပါအိန္ဒိယနိုင်ငံသားများ ပြန်လည်ကယ်တင်နိုင်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ စာရေးသားတောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသား ၃ဝဝ ဟာ IT လုပ်ငန်းများလုပ်ကိုင်ဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကိုင်အေဂျင်စီများမှတဆင့် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ အဲဒီ အိန္ဒိယနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကိုရောက်ရှိချိန်မှာ မြန်မာနိုင်ငံကို ထပ်မံပို့ဆောင်ခံခဲ့ရပြီး ဖမ်းဆီးခံထားရကြောင်း တမီးလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

အဆိုပါအိန္ဒိယနိုင်ငံသားများဟာ အွန်လိုင်းမှတဆင့် အလုပ်အကိုင်ရဖို့ကြိုးပမ်းရာမှာလိမ်လည်မှုတွေရင်ဆိုင်ခဲ့ရပြီး မြန်မာနိုင်ငံကို ပို့ဆောင်ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြထားပါတယ်။

တမီးလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ် က "မြန်မာနိုင်ငံမှာ ဖမ်ဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ဖမ်းဆီးခံထားရမှုနဲ့အတူ ရိုက်နှက်ခံရတယ်ဆိုတဲ့သတင်းတွေကို ရရှိထားတယ်။ပြည်နယ်အစိုးရဟာ ဖမ်းဆီးခံထားရသူတွေထဲမှာ ပါဝင်တဲ့ တမီးလ်လူမျိုးတွေနဲ့အဆက်အသွယ်ရရှိခဲ့တယ်။ ဖမ်းဆီးခံထားရသူတွေဟာ ပြန်လည်လွတ်မြောက်ဖို့ အိန္ဒိယအစိုးရရဲ့အကူအညီတွေ ရလိုနေတယ်" လို့ပြောပါတယ်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဖြစ်သူ V Muraleedharan က "မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးနဲ့ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ သံအမတ်ကြီးဟာ ဖမ်းဆီးခံထားရတဲ့အိန္ဒိယနိုင်ငံသားတွေ အမြန်ဆုံးပြန်လွတ်မြောက်စေဖို့ ကြိုးပမ်းနေတယ်။ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံရှိအိန္ဒိယ သံတမန်အသိုင်းအဝိုင်း က "လုံခြုံရေးစိန်ခေါ်မှုတွေ၊ ဥပဒေပိုင်းဆိုင်ရာ၊ အခက်အခဲတွေနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေရှိခဲ့ပေမယ့် အိန္ဒိယနိုင်ငံသား ၃ဝ ကို ပြန်လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တယ်။ ရာဇဝတ်ဂိုဏ်းတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေ ပြန်လည်လွတ်မြောက်စေဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်" လို့ပြောပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံသား ၃ဝဝ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ အကူအညီေပးဖို႔ တမီးလ္နာဒူျပည္နယ္ဝန္ႀကီးခ်ဳပ္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

တမီးလ္နာဒူျပည္နယ္ဝန္ႀကီးခ်ဳပ္ MK Stalin ဟာ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ တမီးလ္လူမ်ိဳး ၅ဝ အပါအဝင္ အိႏၵိယႏိုင္ငံသား ၃ဝဝ ကို ျပန္လည္ကယ္တင္ႏိုင္ေရးနဲ႔ အိႏၵိယႏိုင္ငံထံ ျပန္လည္ေခၚေဆာင္ႏိုင္ေအာင္ ႀကိဳးပမ္းေပးေစလိုေၾကာင္း အိႏၵိယဝန္ႀကီး ခ်ဳပ္ နာရမ္ဒရာမိုဒီ ကို တိုက္တြန္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

တမီးလ္နာဒူျပည္နယ္ ဝန္ႀကီးခ်ဳပ္ဟာ အဆိုပါအိႏၵိယႏိုင္ငံသားမ်ား ျပန္လည္ကယ္တင္ႏိုင္ဖို႔အတြက္ အိႏၵိယဝန္ႀကီးခ်ဳပ္ကို ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ စာေရးသားေတာင္းဆိုခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံသား ၃ဝဝ ဟာ IT လုပ္ငန္းမ်ားလုပ္ကိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ အလုပ္ကိုင္ေအဂ်င္စီမ်ားမွတဆင့္ ထိုင္းႏိုင္ငံကို ေရာက္ရွိခဲ့ေၾကာင္း၊ အဲဒီ အိႏၵိယႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံကိုေရာက္ရွိခ်ိန္မွာ ျမန္မာႏိုင္ငံကို ထပ္မံပို႔ေဆာင္ခံခဲ့ရၿပီး ဖမ္းဆီးခံထားရေၾကာင္း တမီးလ္နာဒူ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

အဆိုပါအိႏၵိယႏိုင္ငံသားမ်ားဟာ အြန္လိုင္းမွတဆင့္ အလုပ္အကိုင္ရဖို႔ႀကိဳးပမ္းရာမွာလိမ္လည္မႈေတြရင္ဆိုင္ခဲ့ရၿပီး ျမန္မာႏိုင္ငံကို ပို႔ေဆာင္ဖမ္းဆီးခံထားရျခင္းျဖစ္ေၾကာင္း အိႏၵိယသတင္းေတြက ေဖာ္ျပထားပါတယ္။

တမီးလ္နာဒူ ျပည္နယ္ဝန္ႀကီးခ်ဳပ္ က "ျမန္မာႏိုင္ငံမွာ ဖမ္ဆီးခံထားရတဲ့ အိႏၵိယႏိုင္ငံသားေတြဟာ ဖမ္းဆီးခံထားရမႈနဲ႔အတူ ႐ိုက္ႏွက္ခံရတယ္ဆိုတဲ့သတင္းေတြကို ရရွိထားတယ္။ျပည္နယ္အစိုးရဟာ ဖမ္းဆီးခံထားရသူေတြထဲမွာ ပါဝင္တဲ့ တမီးလ္လူမ်ိဳးေတြနဲ႔အဆက္အသြယ္ရရွိခဲ့တယ္။ ဖမ္းဆီးခံထားရသူေတြဟာ ျပန္လည္လြတ္ေျမာက္ဖို႔ အိႏၵိယအစိုးရရဲ႕အကူအညီေတြ ရလိုေနတယ္" လို႔ေျပာပါတယ္။

အိႏၵိယျပည္ပေရးရာဝန္ႀကီးျဖစ္သူ V Muraleedharan က "ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အိႏၵိယႏိုင္ငံသားေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယသံအမတ္ႀကီးနဲ႔ဆက္သြယ္ေျပာဆိုခဲ့ပါတယ္။ သံအမတ္ႀကီးဟာ ဖမ္းဆီးခံထားရတဲ့အိႏၵိယႏိုင္ငံသားေတြ အျမန္ဆုံးျပန္လြတ္ေျမာက္ေစဖို႔ ႀကိဳးပမ္းေနတယ္။ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္" လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံရွိအိႏၵိယ သံတမန္အသိုင္းအဝိုင္း က "လုံၿခဳံေရးစိန္ေခၚမႈေတြ၊ ဥပေဒပိုင္းဆိုင္ရာ၊ အခက္အခဲေတြနဲ႔ သယ္ယူပို႔ေဆာင္ေရးအခက္အခဲေတြရွိခဲ့ေပမယ့္ အိႏၵိယႏိုင္ငံသား ၃ဝ ကို ျပန္လြတ္ေျမာက္ေအာင္ ကယ္တင္ႏိုင္ခဲ့တယ္။ ရာဇဝတ္ဂိုဏ္းေတြ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အိႏၵိယႏိုင္ငံသားေတြ ျပန္လည္လြတ္ေျမာက္ေစဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ပါတယ္" လို႔ေျပာပါတယ္။

Picture

Ko Moe

22/09/2022 14:37

ဘယ်အရပ်မှာလို့လည်း မပါဘူးနော်။အိန္ဒိယဟာ အိမ်နီးချင်းပါသက်သက်မဲ့ ရန်တိုက်ခံနေရတာလည်း ဖြစ်နေပါအုံးမယ်။ဘယ်ဒေသလို့ အချက်အလက်ပါသင့်တာ

Related news

© 2021. All rights reserved.