စစ်မှုထမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားနိုင်ငံသားအများအပြား ပြည်ပထွက်ပြေးမှုများရှိနေ

 751

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၃

ရုရုားသမ္မတပူတင်က ယူကရိန်းစစ်ပွဲမှာ ပါဝင်ဖို့ ရုရှားအရန်တပ်ဖွဲ့ဝင်များကိုခေါ်ယူခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပဲ ရုရှားနိုင်ငံသားတွေဟာ နိုင်ငံအတွင်းမှ ထွက်ပြေးလျက်ရှိနေတယ်လို့ သိရပါတယ်။

အာမေးနီးယားနိုင်ငံကိုထွက်ပြေးခဲ့တဲ့ ရုရှားနိုင်ငံသား ဒီမီထရီ က "ကျွန်တော် စစ်ပွဲကိုမသွားချင်ဘူး။ စစ်ပွဲမှာ မသေချင်ဘူး" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အရန်တပ်ဖွဲ့ဝင် သိန်းချီကို စစ်မှုထမ်းဖို့ခေါ်ယူတဲ့အပြင် ကန့်သတ်စစ်ပွဲ ပြင်ဆင်ခြင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီးတဲ့ သားဖြစ်သူနဲ့အတူ ထွက်ပြေး လာတဲ့ အသက် ၄၄ နှစ်အရွယ်ရှိ ဆာဂေးလ် က "ရုရှားနိုင်ငံရဲ့အခြေအနေတွေက လူတိုင်းနိုင်ငံအတွင်းက ထွက်ပြေး လိုနေတယ်" လို့ ပြောပါတယ်။

ဆာဂေးလ်ရဲ့သားဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ နီကိုလိုင်း က "စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းကို မစောင့်ဆိုင်းလိုဘူး။ ကျွန်တော် ထိတ်လန့်နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် မသေချာမရေရာမှု ပိုမိုဖြစ်ပွားလာနိုင်တယ်လို့ ခံစား မိတယ်" လို့ပြောပါတယ်။

ဒါ့အပြင် အသက် ၃၉ နှစ်အရွယ်ရှိ အလက်စီ က "၂၁ ရာစုရဲ့စစ်ပွဲတွေက မှားယွင်းတယ်" လို့ပြောပါတယ်။ ရုရှား သမ္မတပူတင်က စစ်မှုထမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ကော့ကေးဆပ်ဒေသကို ရုရှားနိုင်ငံသား ၄ဝဝဝဝ ခန့် ရောက်ရှိထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံသားများဟာ အာမေးနီးယားနိုင်ငံကို ထွက်ပြေးသလို အိမ်နီးချင်း ဂျော်ဂျီယာနိုင်ငံကိုလည်း ထွက်ပြေးခဲ့ကြောင်း၊ ဂျော်ဂျီယာနိုင်ငံကိုထွက်ပြေးခဲ့တဲ့ ရုရှားနိုင်ငံသား ၅ဝဝဝဝ ခန့် ရှိနေတယ်လို့ သိရပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံ ခါကော့ဗ်ဒေသမှာ သိမ်းယူထားတဲ့နယ်မြေအချို့ ကို စွန့်လွှတ်လိုက်ရပြီးနောက် ရုရှားသမ္မတပူတင်ဟာ စစ်ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စစ္မႈထမ္းဖို႔ အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံသားအမ်ားအျပား ျပည္ပထြက္ေျပးမႈမ်ားရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၃

႐ု႐ုားသမၼတပူတင္က ယူကရိန္းစစ္ပြဲမွာ ပါဝင္ဖို႔ ႐ုရွားအရန္တပ္ဖြဲ႕ဝင္မ်ားကိုေခၚယူခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ပဲ ႐ုရွားႏိုင္ငံသားေတြဟာ ႏိုင္ငံအတြင္းမွ ထြက္ေျပးလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အာေမးနီးယားႏိုင္ငံကိုထြက္ေျပးခဲ့တဲ့ ႐ုရွားႏိုင္ငံသား ဒီမီထရီ က "ကြၽန္ေတာ္ စစ္ပြဲကိုမသြားခ်င္ဘူး။ စစ္ပြဲမွာ မေသခ်င္ဘူး" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အရန္တပ္ဖြဲ႕ဝင္ သိန္းခ်ီကို စစ္မႈထမ္းဖို႔ေခၚယူတဲ့အျပင္ ကန႔္သတ္စစ္ပြဲ ျပင္ဆင္ျခင္းလုပ္ေဆာင္ဖို႔ အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ အ႐ြယ္ေရာက္ၿပီးတဲ့ သားျဖစ္သူနဲ႔အတူ ထြက္ေျပး လာတဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္ရွိ ဆာေဂးလ္ က "႐ုရွားႏိုင္ငံရဲ႕အေျခအေနေတြက လူတိုင္းႏိုင္ငံအတြင္းက ထြက္ေျပး လိုေနတယ္" လို႔ ေျပာပါတယ္။

ဆာေဂးလ္ရဲ႕သားျဖစ္သူ အသက္ ၁၇ ႏွစ္အ႐ြယ္ရွိ နီကိုလိုင္း က "စစ္မႈထမ္းဖို႔ ဆင့္ေခၚျခင္းကို မေစာင့္ဆိုင္းလိုဘူး။ ကြၽန္ေတာ္ ထိတ္လန႔္ေနတာမ်ိဳး မဟုတ္ဘူး။ ဒါေပမယ့္ မေသခ်ာမေရရာမႈ ပိုမိုျဖစ္ပြားလာႏိုင္တယ္လို႔ ခံစား မိတယ္" လို႔ေျပာပါတယ္။

ဒါ့အျပင္ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ အလက္စီ က "၂၁ ရာစုရဲ႕စစ္ပြဲေတြက မွားယြင္းတယ္" လို႔ေျပာပါတယ္။ ႐ုရွား သမၼတပူတင္က စစ္မႈထမ္းဖို႔ အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း ေကာ့ေကးဆပ္ေဒသကို ႐ုရွားႏိုင္ငံသား ၄ဝဝဝဝ ခန႔္ ေရာက္ရွိထြက္ေျပးလာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားႏိုင္ငံသားမ်ားဟာ အာေမးနီးယားႏိုင္ငံကို ထြက္ေျပးသလို အိမ္နီးခ်င္း ေဂ်ာ္ဂ်ီယာႏိုင္ငံကိုလည္း ထြက္ေျပးခဲ့ေၾကာင္း၊ ေဂ်ာ္ဂ်ီယာႏိုင္ငံကိုထြက္ေျပးခဲ့တဲ့ ႐ုရွားႏိုင္ငံသား ၅ဝဝဝဝ ခန႔္ ရွိေနတယ္လို႔ သိရပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ယူကရိန္းႏိုင္ငံ ခါေကာ့ဗ္ေဒသမွာ သိမ္းယူထားတဲ့နယ္ေျမအခ်ိဳ႕ ကို စြန႔္လႊတ္လိုက္ရၿပီးေနာက္ ႐ုရွားသမၼတပူတင္ဟာ စစ္ျပင္ဆင္မႈေတြ တိုးျမႇင့္လုပ္ေဆာင္လာခဲ့တယ္လို႔ သိရပါတယ္။

Picture

Ye Htun

23/09/2022 19:31

How to. .......

Related news

© 2021. All rights reserved.