မြန်မာနိုင်ငံ၌ MSME လုပ်ငန်း (၄ဝဝဝဝ)ကျော်ရှိပြီး လုပ်ငန်းလက်တွေ့အကောင်အထည် ဖော်မည်ဆိုပါက ငွေထုတ်ချေးရန် အသင့်ရှိဟု နစကဥက္ကဋ္ဌပြော

 697

မျိုးကြီး (NP News) - စက်တင်ဘာ ၂၄

မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) လေးသောင်းကျော်ရှိပြီး လုပ်ငန်းလက်တွေ့အကောင်အထည်ဖော်မည်ဆိုပါက ငွေထုတ်ချေးရန် အဆင် သင့်ရှိဟု နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်တွင် နေပြည် တော်၌ ပြုလုပ်သောအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး ၎င်းလုပ်ငန်းများအောင် မြင်ရန်နှင့် ဝန်ဆောင်မှု၊ ရောင်းဝယ်မှုများဆောင်ရွက်နိုင်ရေးအတွက် ထုတ်ကုန်များ ဈေးကွက်ရရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် နိုင်ငံ၏ MSME လုပ်ငန်းများကို အာဆီယံ၏အညွှန်းကိန်းများနှင့်သုံးသပ်ခဲ့မှုများရှိပြီး ရလဒ်များတွင် မြန်မာနိုင်ငံသည် အချို့နေရာများ၌ အာဆီယံညွန်ကိန်း၏ အနိမ့်ပိုင်းနှင့် အလယ်အလတ်ပိုင်းတို့တွင် ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများတွင် အထူးသဖြင့် ထုတ်လုပ်မှုကို အခြေခံဖြစ်ပေါ် လာသော ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းမှာ ၂၅ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းရှိပြီး ထုတ်လုပ်မှုမှာ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းထက် ဈေးရောင်းချသူများ များပြားပြီး ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည်ဟုလည်း သုံးသပ်ထား သည်။

ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ကို မှန်မှန်ကန်ကန်ဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက စည်းမျဉ်းစည်းကမ်းများရေးဆွဲ၍ ငွေကြေးများ ချေးငှားပေးရန်အဆင်သင့်ရှိကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်း အသိပေးခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံ၌ MSME လုပ္ငန္း (၄ဝဝဝဝ)ေက်ာ္ရွိၿပီး လုပ္ငန္းလက္ေတြ႕အေကာင္အထည္ ေဖာ္မည္ဆိုပါက ေငြထုတ္ေခ်းရန္ အသင့္ရွိဟု နစကဥကၠ႒ေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၄

ျမန္မာႏိုင္ငံ၌ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္း(MSME) ေလးေသာင္းေက်ာ္ရွိၿပီး လုပ္ငန္းလက္ေတြ႕အေကာင္အထည္ေဖာ္မည္ဆိုပါက ေငြထုတ္ေခ်းရန္ အဆင္ သင့္ရွိဟု နစကဥကၠ႒က ေျပာသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စက္တင္ဘာလ ၂၃ ရက္တြင္ ေနျပည္ ေတာ္၌ ျပဳလုပ္ေသာအစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ သည္။

ျမန္မာႏိုင္ငံတြင္ MSME လုပ္ငန္းေပါင္း ေလးေသာင္းေက်ာ္ရွိၿပီး ၎လုပ္ငန္းမ်ားေအာင္ ျမင္ရန္ႏွင့္ ဝန္ေဆာင္မႈ၊ ေရာင္းဝယ္မႈမ်ားေဆာင္႐ြက္ႏိုင္ေရးအတြက္ ထုတ္ကုန္မ်ား ေဈးကြက္ရရွိရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ထို႔ျပင္ ႏိုင္ငံ၏ MSME လုပ္ငန္းမ်ားကို အာဆီယံ၏အၫႊန္းကိန္းမ်ားႏွင့္သုံးသပ္ခဲ့မႈမ်ားရွိၿပီး ရလဒ္မ်ားတြင္ ျမန္မာႏိုင္ငံသည္ အခ်ိဳ႕ေနရာမ်ား၌ အာဆီယံၫြန္ကိန္း၏ အနိမ့္ပိုင္းႏွင့္ အလယ္အလတ္ပိုင္းတို႔တြင္ ေရာက္ရွိေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ MSME လုပ္ငန္းမ်ားတြင္ အထူးသျဖင့္ ထုတ္လုပ္မႈကို အေျခခံျဖစ္ေပၚ လာေသာ ေရာင္းဝယ္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမွာ ၂၅ ရာခိုင္ႏႈန္းႏွင့္ ၁၆ ရာခိုင္ႏႈန္းရွိၿပီး ထုတ္လုပ္မႈမွာ ၃၉ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမန္မာႏိုင္ငံတြင္ ထုတ္လုပ္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္းထက္ ေဈးေရာင္းခ်သူမ်ား မ်ားျပားၿပီး ထုတ္လုပ္မႈမ်ားကို ပိုမိုေဆာင္႐ြက္ႏိုင္မည္ဆိုပါက ႏိုင္ငံအတြက္ ပိုမိုအက်ိဳးရွိေစမည္ဟုလည္း သုံးသပ္ထား သည္။

ထို႔ျပင္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား(MSME)ကို မွန္မွန္ကန္ကန္ျဖင့္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ဆိုပါက စည္းမ်ဥ္းစည္းကမ္းမ်ားေရးဆြဲ၍ ေငြေၾကးမ်ား ေခ်းငွားေပးရန္အဆင္သင့္ရွိေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္း အသိေပးခဲ့သည္။

Related news

© 2021. All rights reserved.